မူဆယ်တွင် ကားသမား ၃ဦးထံ ကိုဗစ်-၁၉ တွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး ထပ်မံတွေ့ရှိကြောင်း စုံစမ်း သိရှိရသည်။

မူဆယ် Quarantine စင်တာတွင် ယနေ့ (အောက်တိုဘာ ၂၀ ရက်)၌ ကားသမား ၃ ဦး ထံ ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိကြောင်း ဂရုဏာ လူမှုကူညီရေးအသင်း ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပိုးတွေ့လူနာ မနေ့ကထိဆို ၁၉ ယောက် ဒီနေ့ ၃ ယောက်ထပ်တွေ့တယ်။ အားလုံး ၂၂ ယောက်။ မနေ့က စစ်လိုက်တာ ကားသမားတွေပဲ ဗျ။ သူတို့ကို Q စခန်းမှာ ထားထားတယ်။ ဆေးရုံမှာ အဆင်သင့်ဖြစ်ရင် ဆေးရုံကို ပို့မယ်ဗျ။ သူတို့နဲ့ ထိတွေ့ဆက်စပ်သူ ၅ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားပါတယ်။” ဟု ဦးသောင်းထွန်း ကပြောသည်။

ထို ပိုးတွေ့လူနာ ၃ ဦး ကိုလည်း မူဆယ်ဆေးရုံမှာ ဆေးကုသပေးမည်ဖြစ်ပြီး လက်ရှိ မူဆယ် ဆေးရုံမှာ စုစုပေါင်း ကိုဗစ် ပိုးတွေ့လူနာ ၂၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အောက်တိုဘာ ၁၉ ရက်နေ့မှာ အတည်ပြု လူနာ ၁ ဦး ရှိကြောင်း လားရှိုး ကျန်းမာရေးမှူး ဒေါက်တာလှထွန်း ကပြောသည်။

“လားရှိုးဆေးရုံကြီးမှာ ပိုးတွေ့ လူနာ ၁ ဦးပဲ ရှိပါတယ်။ အမျိုးသမီး ၂၉ နှစ်အရွယ် မူဆယ်ဘက်က ဝင်လာတယ်လို့ ကြားတယ်။ တရုတ်နိုင်ငံ ဝမ်ကျိုင်း အဲ့မှာ အလုပ်လုပ်တာ ၁ နှစ်ခွဲလောက်ရှိပါပြီ။ လားရှိုးမှာ Quarantine ဝင်နေတယ်။ အသွားအလာ ကန့်သတ်ထားတဲ့သူပါပဲ” ဟု ဒေါက်တာလှထွန်း ကပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ရှိ သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရလူနာ စုစုပေါင်း ၇၈ ဦး ရှိပြီး ၁ ဦးသေဆုံးကာ ၅၁ ဦး ဆေးရုံမှ ဆင်းခွင့် ရကြောင်း သျှမ်းပြည်အစိုးရထံ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၇၂၀၅) ဦး ရှိပြီး ပြန်လည် သက်သာလာသူ ( ၁၇၅၆၈) ဦး ရှိကြောင်း နှင့် သေဆုံးသူ (၉ ၁၄) ဦး ရှိကြောင်း အောက်တိုဘာ ၁၉ ရက် ည ၈ နာရီ အချိန်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...