Sunday, February 5, 2023

မူဆယ်မြို့ ဆေးဝန်ထမ်း ၂ ဦးနှင့် ကားသမား တဦးထံ ကိုဗစ် ၁၉ ပိုးတွေ့

Must read

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တွင် အောက်တိုဘာ ၁၈ ရက် က ဆေးဝန်ထမ်း ၂ ဦးနှင့် ယာဉ်မောင်း တဦးထံ ကိုဗစ်- ၁၉ ပိုးတွေရှိကြောင်း စုံစမ်းသိရှိရသည်။

ထို ပိုးတွေ့လူနာ ၃ ဦး သည် ကျန်းမာရေးကောင်းမွန်ကြောင်း နှင့် စိုးရိမ်ဖွယ်မရှိကြောင်း ဂရုဏာ လူမှုကူညီရေးအသင်း ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူနဲ့ ထိတွေ့တဲ့ ဝန်ထမ်းတွေကိုလည်း ဆေးစစ်ပြီးပြီ အားလုံးက ဆေးစစ်ချက်ကောင်းတယ်။ ဓာတ်ခွဲခန်းက ဝန်ထမ်းဖြစ်ပေမဲ့ ပြဿနာတော့မရှိဘူး။ အပြင်ကိုတော့ မပြန့်နိုင်ဘူးလို့ ယူဆပါတယ်”ဟု ဦးသောင်းထွန်း ကပြောသည်။

ထို ပိုးတွေ့လူနာ ၃ ဦးကိုလည်း မူဆယ်ဆေးရုံတွင်ပင်ဆေးကုသပေးကြောင်း၊ လက်ရှိမူဆယ်ဆေးရုံတွင် စုစုပေါင်း ကိုဗစ် ပိုးတွေ့လူနာ ၁၂ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ယမန်နေ့ည ည ၈နာရီ ကလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သျှမ်းမြောက် နမ္မတူတွင်လည်း ကိုဗစ် – ၁၉ လူနာ ၁ ဦးထပ်တိုးပြီး ယနေ့ အောက်တိုဘာလ ၁၉ ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက်တွင်မူ ကျောက်မဲမြို့တွင် ကူးစက်လူနာစသစ် ၁ ဉီးထပ်တိုးသည်ဟု ဆိုပါသည်။

ထို့ကြောင့်လက်ရှိသျှမ်းပြည်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရလူနာစုစုပေါင်း ၇၇ ဉီးရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၃၆၀၂၅) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၁၇၀၇၆) ဦးရှိကြောင်းနှင့် သေဆုံးသူ (၈၈၀) ဦးရှိကြောင်း အောက်တိုဘာ ၁၈ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article