Wednesday, April 24, 2024

သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ် ၃ဦးတိုး

Must read

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး ထပ်မံတွေ့ရှိကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက (အောက်တိုဘာ ၁၇)ရက် ည ၅နာရီ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၆ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှု များတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြု လူနာ (၁၁၃၈) ဦးအရ သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်း တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိလူနာ ၃ ဦးမှာ သျှမ်းပြည်မြောက်ပိုင်း နမ္မတူ (၁) ဦး၊ သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ၁ ဦး နှင့် ပင်းတယမြို့နယ် ၁ ဦးတို့ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ (၁၆) ရက်ထိ သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၆၆) ဦးရှိပြီး (၁) ဦး သေဆုံး ၊ (၃၅) ဦး ဆေးရုံ ဆင်းသွားပြီ ဖြစ်ကြောင်း၊ Rapid Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၇) ဦး ရှိကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၇ ညနေပိုင်း (၈) နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁,၃၈၇) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၈၉၃) ဦး နှင့် သေဆုံးသူ (၃၉ ) ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ စုစုပေါင်း (၃၄,၈၇၅) ဦး ၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၁၆,၃၇၀) ဦး နှင့် သေဆုံးလူနာ (၈၃၈ ) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article