သျှမ်းပြည်တွင် ကိုဗစ်-၁၉ လူနာ ၂ဦးတိုး

0

သျှမ်းပြည်တွင် ကိုဗစ်-၁၉ လူနာ ၂ဦး ထပ်မံတွေ့ရှိကြောင်း ယနေ့ (အောက်တိုဘာ ၁၆)ရက် ညနေ၅နာရီခွဲ ထုတ်ပြန်ချက်တွင် သိရသည်။

အဆိုပါ ကိုဗစ်-၁၉ လူနာများမှာ သျှမ်းမြောက် မိုင်းရယ်မြို့တွင် ၁ဦး နှင့် သျှမ်းရှေ့ မိုင်းတုံမြို့တွင် တဦး ဖြစ်ကြောင်း သိရသည်။


သျှမ်းမြောက် မိုင်းရယ်ပိုးတွေ့လူနာသည် ရန်ကုန်မြို့ မှ မိုင်းရယ်သို့ လာလည်သည့် ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း သျှမ်းမြောက် တာဝန်ခံ ဒေါက်တာ လှထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ သူက ကျောင်းဆရာမတစ်ယောက်ပါ။ မိုင်းရယ်ကို လာလည်ကြတာ။ ၂ယောက် အတူလာကြတယ်။ တစ်ယောက်က ပိုးတွေ့သွားတယ်။ မိုင်းရယ်ဆေးရုံ မှာထားထားတယ်” ဟု ဒေါက်တာ လှထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။


ထိုအပြင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံတွင် တွေ့ရှိသည် ပိုးတွေလူနာသည် ကျန်းမားရေး ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဒေါက်တာဘစိုသက်ထံ မှ သိရသည်။


“ကားသမား တစ်ယောက်ရဲ့ Positive ဓာတ်ခွဲနမူနာကိုသူက ယူပေးတာလေ။ သူကို ကျိုင်းတုံ သီးခြားကုသဆောင်မှာ ထားထားတယ်။ သူနဲထိတွေ့သူ က (၁၇)ယောက်ရှိတယ် ” ဟု ဒေါက်တာဘစိုးသက်ကပြောသည်။


၎င်းပိုးတွေ့လူနာသည် အသက် (၃၅) အမျိုးသားဖြစ်ကြောင်းသိရသည်။


ယနေ့ အောက်တိုဘာ ၁၆ ညနေပိုင်း (၈) နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် (၁၁၃၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၇၇၁) ဦးနှင့် သေဆုံးသူ (၃၄) ဦးရှိကြောင်း သိရသည်။

Leave a Comments

SHARE