Thursday, May 2, 2024

သျှမ်း/တောင် ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂ဦး ရှိ

Must read

သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂ဦး ရှိကြောင်း ယနေ့ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ယနေ့ (အောက်တိုဘာ ၆)ရက် ည ၈နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ကိုဗစ်-၁၉ လူနာသစ် (၁၂၅၂) ရှိပြီး ထိုထဲမှ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ လူနာ(၂)ဦးပါဝင်ကြောင်းလည်းသိရသည်။

အဆိုပါ ခိုလမ်မြို့ဆေးရုံ ရှိ ကိုဗစ်-၁၉ လူနာ (၂) ဦးသည် ရန်ကုန်မြို့ အင်စိန်ထောင် နှင့် သာယာဝတီ ထောင်မှ ပြန်လည် လွှတ်မြောက်လာပြီး အောက်တိုဘာ ၅ရက်တွင် တောင်ကြီးသို့ရောက်ရှိကာ Swab ယူပြီး ဓာတ်ခွဲနာမူနာပို့ထားသူများဖြစ်သည်။

“ သူတို့၂ဦးကို တောင်ကြီး စဝ်စံထွန်း ဆေးရုံ ကို ဒီနေ့ပဲလွှဲပေးလိုက်ပါတယ်။ သူတို့နဲ့ထိတွေ့တဲ့ မိသားစုဝင်တွေကိုတော့ Home Quarantine ဝင်ခိုင်းထားပါတယ်” ဟု ခိုလမ်မြို့ မှ ဒေသခံတဦး ကပြောသည်။

ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ထောင်မှ ပြန်လည်လွှတ်မြောက်လာသူများကို ဂရုစိုက်သည့်အနေဖြင့် ယာဉ်မောင်းများ နည်းတူ Rapid test kit စစ်ဆေးပြီးမှသာလျှင် သက်ဆိုင်ရာ မြို့နယ်သို့ပြန်လွှတ်သင့်ကြောင်းလည်း ခိုလမ်ဒေသခံများက ပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article