Tuesday, January 27, 2026

သျှမ်းပြည်ဝင်မည့် ကားသမားများ ကို test kits ၃၀၀၀ စတင် စစ်ဆေးသွားမည်

သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ် နှင့် ယာဉ်နောက်လိုက်များကို test kit အခုရေ (၃၀၀၀) အသုံးပြုပြီး မနက်ဖန်(အောက်တိုဘာ ၃)ရက် တွင် စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo by -Eagle White/ facebook

ယနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ကုန်တင်ယာဉ်မောင်းများ ပိတ်မိနေသည့် သျှမ်းမြောက် နှင့် သျှမ်းတောင်များကို အောက်တိုဘာ ၃ ရက် မှ စတင်ကာ test kits နှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလမ်းပေါ် ပိတ်မိနေတဲ့ ယာဉ်တွေက ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေကို စစ်ပေးမယ်။ Negative ဆိုရင် ခရီးသွားထောက်ခံချက်ထုတ်ပေးပြီးတော့ ဆက်သွားလို့ရမယ်။ နက်ဖန်လောက်စစ်နိုင်မယ်။ စစ်ဆေးဖို့အတွက် စီစဉ်နေတယ်။ ပစ္စည်းက ဒီနေ့ညနေ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။” ဟု သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး သျှမ်းပြည်အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်ပါက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က (၂) ပတ်အတွင်း ထုန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း (Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

“နောင်ချိုမှာ ကုန်ကားသမား အချို့ ပိတ်မိတယ်လို့ ကြားတယ်။” မူဆယ် ကားဆရာ တစ်ဦး ကပြောသည်။

သျှမ်းပြည်တောင်ပိုင်းအတွက် test kits (၇၅၀) ရရှိထားပြီး သျှမ်းပြည်မြောက်ပိုင်းအတွက် test kit (၂၂၅၀) ခု ရရှိထားကြောင်း သိရသည်။

“ခု လောလောလတ်လတ်ပိတ်မိနေတာကတော့ သျှမ်းတောင် လမ်းကြောင်းရှိတယ်။ သျှမ်းမြောက်လမ်းကြောင်းရှိတယ်။ သျှမ်းမြောက်လမ်းကြောင်းမှာ အဓိက ပိတ်မိနေတာက ချင်းရွှေဟော် မှာ ပိတ်နေမယ်။ မူဆယ်ဘက်မှာလည်း ပိတ်နေနိုင်တာပေါ့။ ဆိုတဲ့ခါကျတော့ အဲ့ဒီလမ်းပေါ်မှာ ပိတ်မိနေတဲ့ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေကို ပထမ ဦးဆုံး စစ်ပေးမှာ။” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာမှာ ယနေ့ စက်တင်ဘာ (၂) ရက်နေ့တွင် မိတ္တီလာ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်တွင် ဝင်လာမည့် ကုန်တင်ကား ၁၀၀ ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ ပြည်နယ်ကို ဒီရောဂါကြီး အုံလိုက်ကျင်းလိုက်မဖြစ်အောင် ကျနော်တို့လည်း ဝိုင်းထိန်းနေကြတယ်။ ကုန်ကားတွေကို လုပ်တယ်ဆိုတာကလည်း ကုန်စည်စီးဆင်းမှုကို ကန့်သတ်တာမဟုတ်ဘူး။ အဓိက ကျန်းမာရေး ရှုတောင့်ကနေလုပ်နေတာ။ ကုန်တင်ကားသမားတွေ ယာဉ်နောက်လိုက်တွေ နားလည်ပေးဖို့လည်း လိုပါတယ်။” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

Rapid test kits သည် ကိုဗစ် -၁၉ ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စတင်အသုံးပြု ဆောင်ရွက်နေပြီဖြစ်ပြီး နာရီဝက်အတွင်း အဖြေရရှိနိုင်သည်ဟု သိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကား သမားတစ်ဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...