Tuesday, January 27, 2026

ကုန်တင်ယာဉ် နှင့် ခရီးသည်ယာဉ် များ ထွက်ခွာခွင့် ၁၄ ရက် ပိတ်မည်

သျှမ်းပြည်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ ကုန်တင်ကား နှင့် ခရီးသည်တင်ယာဉ်များ ထွက်ခွာခွင့် (၁၄) ရက် ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင်းသို့ ကုန်တင်ကားနှင့် ခရီးသည်တင်ယာဉ်များ ဝင်/ထွက် သွားလာခွင့် ကို အောက်တိုဘာ ၁ မှ ၁၄ ရက်ထိ ယာယီပိတ်ထားလိုက်ကြောင်း သျှမ်းပြည်အစိုးရ အဖွဲ့ က စက်တင်ဘာ (၃၀) ရက် တွင် ပြုလုပ်သည့် သျှမ်းပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ ထောက်ခံစာရှိရင်လာလို့ရပါတယ်။ ဒါပေမယ့် အဲ့ထောက်ခံစာက ၂ပတ်အတွင်း ရောဂါ ကင်းရှင်းကြောင်းထောက်ခံချက်ဖြစ်ရမယ်” ဟု မူဆယ်  သစ်သီးပွဲရုံ ပိုင်ရှင် စိုင်းမြင့်ဘို က သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့သို့လာမည့် ကုန်တင်ကားသမားများအနေဖြင့် ကျန်းမာရေး ထောက်ခံစာပါရမည်ဖြစ်ကြောင်း၊ ထောက်ခံစာပါမှသာလျှင် ဝင်ခွင့်ပေးမည် ဖြစ်ကြောင်းသိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကားသမားတဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်လာပါက ကုန်တင် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက (၂) ပတ်အတွင်း ထုတ်ပေးထားသည့် Covid-19 ရောဂါ ကင်းရှင်းကြောင်း (Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်ထိ ခေတ္တရပ်ထားနားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၃၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့က ပိုးတွေ့ လူနာ ၂ ဦး နှင့် ပင်းတယမြို့နယ်က ပိုးတွေ့ လူနာ ၁ ဦး ပါဝင်ပြီး ညောင်ရွှေပိုးတွေ့လူနာ ၂ ဦးသည် ယာဉ်နောက်လိုက်များ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ အချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသည့်လူနာ စုစုပေါင်း (၁၃၃၇၁)ဦးရှိပြီး၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၃၁၀)ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငွေပေးဆောင်နိုင်မှသာ ရပ်စောက်မြို့နယ် စစ်ကောင်စီဂိတ်သို့ ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် သျှမ်းတောင်မှ သျှမ်းမြောက်သို့ တက်မည့် ကုန်ကားကြီးများကို ငွေကြေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (စက်တင်ဘာလ)တွင် စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားမည် ခရီးသည်လိုင်းကားများ၊ ကုန်တင်ယာဉ်များကို စတင်ပိတ်ပင်ရာ ယနေ့ (ဇန်နဝါရီလ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...