၂ရက်အတွင်း သျှမ်းပြည် အတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ထောင်ချီ ဖမ်းဆီးရမိ

0

သျှမ်းပြည် အတွင်း ၂ရက်သာအတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ထောင်ချီ ထိ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် သျှမ်းပြည်မြောက်ပိုင်း မူဆယ် ခရိုင်နှင့် သျှမ်းတောင် ဟိုပုံမြို့နယ် အတွင်းသို့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ (စက်တင်ဘာ ၂၆)ညနေ ၄ နာရီ တွင် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက်နေ ရင်ကွယ်ရှိုင်း ၃၃နှစ် ငှားရမ်းနေထိုင်သည့် ဂိုထောင်အားဝင်ရောက် ရှာဖွေရာတွင် မူယစ်ဆေးဝါ နှင့် မူူယစ်ဆေးဝါထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆပ်စက်ပစ္စည်းများကို တန်းဖိုးသိန် ၅၀၀၀ ကျော် ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

အလားတူ ထိုနေ့တွင်လည်း နေ့လည်းပိုင်း ၃ နာရီကျော်အချိန်တွင် နမ့်ခမ်းမြို့အဝင် ကျန်းကွေရင်း(ခ) အားရင်(ခ) အောင်နိင် ၃၃ နှစ်မောင်းနှင်လာသည် NISSAN UD အမျိုးစား မော်တော်ယာဉ် အားရပ်တန့် စစ်ဆေးရှာဖွေရာတွင် ကျပ်ငွေ သိန်း (၁၄၀၀) ကျော် ဖမ်းဆီရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ ( ၂၇ ) ရက်တွင်လည်း သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဟိုပုံး- လွိုင်လင်သွားကားလမ်းတွင် အသက် ၂၁ နှစ် အရွယ် ဇော်မျိုးအောင် မောင်းနှင်လာသည့် NlSSAN Light Truck မော်တော်ယာဉ်နှင့် အတူ စိုင်းလှိုင်း ၃၀နှစ် နှင့် စိုင်းနော်ထွန်း(ခ) အိုက်လျှန်း ၂၂နှစ် ရပ်တန့် စစ်ဆေးရှာဖွေရာတွင် မူးယစ်ဆေးဝါး တန်းဖိုးငွေ ကျပ်သိန်းငွေ ၄၅၀၀ ကျော် ဖမ်းဆီးရမိကြောင်းသိရသည်။

ထို ၂ ရက်အတွင်းတွင် သျှမ်းပြည် မူယစ်းဆေးဝါ စုစုပေါင်း ကျပ်ငွေ သိန်းသောင်း ကျော်ထိဖမ်းဆီရမိကြောင်းသိရသည်။

အဆိုပါ သူများကို သက်ဆိုင်ရာ ရဲစခန်းမှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

SHARE