Thursday, January 29, 2026

မူဆယ်(၁၀၅)မိုင် ကားသမားတဦးထံ ကိုဗစ်-၁၉ ပိုးတွေ့၊ မန္တလေးထပ်မံ စစ်ဆေးထား

သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တွင် ကားသမားတဦးထံ ကိုဗစ်-၁၉ တွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကားသမား၏ ဓာတ်ခွဲနမူနာကို မူဆယ်ဆေးရုံတွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (positive) တွေ့ရှိပြီး၊ မန္တလေး သို့ဓာတ်ခွဲနမူနာထပ်မံစစ်ဆေးရန် ပို့ထားကြောင်း မူဆယ်မြို့ ဂရုဏာလူမှုရေး အသင်းမှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အသက် ၃၁နှစ် အရွယ်အဆိုပါ ကားသမားသည် ကျောက်မဲမြို့တွင် နေထိုင်ပြီး၊ ယမန်နေ့(စက်တင်ဘာ ၂၈)ရက်တွင် အနံ့မရခြင်း၊ ခေါင်းနှောက်ခြင်း၊ မောခြင်း စသည့် ဝေဒနာခံစားရသဖြင့် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive တွေ့ရကြောင်း ဦးသောင်းထွန်း က ပြောသည်။

“သူကိုယ်တိုင် အနံ့မရဘူး။ ခေါင်းနှောက်တယ်။ မောတာနဲ့ အဲ့ဒါ စစ်ခံချင်တာနဲ့ မနေ့ည က စစ်လိုက်တာ ၉ ခွဲ ၁၀ နာရီလောက်မှာ အဖြေသိလိုက်ရတယ်။ မူဆယ်ဆေးရုံမှာ စစ်လိုက်တယ်။ မူဆယ်ဆေးရုံမှာ ထားပြီး ကုသနေပါတယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

ထိုကားသမားထံတွင် ကိုဗစ်-၁၉ ဖြစ်ကြောင်းကို မူဆယ်ဆေးရုံ မှဆရာဝန်ကြီး ကိုယ်တိုင် ပြောကြားခြင်းဖြစ်ကြောင်း၊သို့သော် သေချာရန် အတွက် မန္တလေးကို ထပ်မံပို့ဆောင်စစ်ဆေးဉီးမည်ဖြစ်ကြောင်း လည်း သိရသည်။

“ မန္တလေးကို ပို့တာက သေချာအောင်လို့ပါ။ ဒီနေ့ ည အဖြေပါချင်ပါမယ်။ ဒါပေမယ့် မူဆယ် ဆေးရုံကတော့ Positive ဆိုတာ အတည်ပြုတယ်” ဟု ဦးသောင်းထွန်း ကဆိုသည်။

ထို ကာသမားနှင့်ထိတွေ့ခဲ့သည့် ကား (၄) စီး မှာ ကားသမား ၆ ဦးရှိပြီး ၎င်းတို့ကိုလည်း ဓါတ်ခွဲနမူနာ စစ်ဆေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“သူနဲ့ ထိတွေ့ ဆက်စပ်သူက အားလုံး ကား (၄) စီးမှာ သူအပါအဝင်ဆို ၇ ဦးပါ။ ကျန်တဲ့သူတွေကိုလည်း ဆေးစစ်ဖို့ ဆောင်ရွက်နေပါတယ်။ ၁၀၅ မိုင်မှာပဲ ကားတန်းရှိနေတုန်းပဲ ရှိသေးတယ် ” ဟု ဦးသောင်းထွန်း ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မူဆယ်ဆေးရုံမှ ကိုဗစ်-၁၉ ကာကွယ်၊တားဆီးရေး မှ ဆရာဝန်များကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

မူဆယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၄) ဦး ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မှာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မှ တရုတ်ပြည်သို့ဝင်ရန် စောင့်ဆိုင်းနေသည့် ကားသည် ရာချီရပ်စောင့်ထားကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးဇုန်တခုဖြစ်ပါသည်။

ကိုဗစ်ကူးစက်မှုကြောင့် တရုတ်မြန်မာနယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားသည်မှာ နှစ်၀က်ခန့်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်သို့ဝင်မည့် ကုန်ကားများကိုလည်း တရုတ် ယာဉ်မောင်းများက အစားထိုးမောင်းနှင်ပို့ဆောင်ပေးနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...