သိန္နီမြို့နယ်တွင် ရေကြီးမှုဖြစ်ကာ ဆုံးရှုံးမှုများစွာရှိ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ တွင် မိုးသည်ထန်းရွာသွန်းမှုကြာင့် နေအိမ်နှင့် လယ်ယာပျက်စီးဆုံးရှုံးမှုများကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာ ၂၆ရက် မနက်ပိုင်း ၁ နာရီအချိန်တွင် မိုးသည်ထန်းစွာရွာသွန်းပြီး တောင်ကျရေ နှင့် ပေါင်းစပ်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ နေအိမ်များရေဝင်ပြီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လယ်ယာမြေများစွာ လည်း ပျက်စီးခဲ့ကြောင်း သိန္နီပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မိုးက တစ်ညလုံးရွာပြီး တောင်ကျရေနဲ့ဆိုတော့ ရေကြီးသွားတာ။ အိမ်ခြေ ၃၆အိမ် လောက်တော့ ရေနစ်သွားတယ်။ အိမ်ပျက်စီး ဆုံးရှုံးတာက တော့ (၃) အိမ်ရှိတယ်။ ပြိုသွားတာအိမ်တွေက နဲနဲဟောင်းနေပြီး။ အိမ်ကလည်း ကြာနေပြီး” ဟု စိုင်းဦးခမ်းက ပြောသည်။

ထို့ပြင် ရေကြီးမှုကြောင့် လယ်ယာမြေ များစွာ နစ်ခဲ့ကြောင်း၊ လက်ရှိ မှာ ဆုံးရှုံးသွားသည့် လယ်ယာမြေများကို စာရင်းကောက်နေကြောင်းလည်း သိရသည်။

“ လယ်တွေကတော့ ရေနစ်သွားတယ်။ အခုတော့ စိုက်ပျိုးရေး ဘက်ကလည်း သွားပြီး စာရင်းတွေ လိုက်ကောက်နေ သေးတယ်။ စုစုပေါင်း ဘယ်လောက်ဆုံးရှုံးမှု ရှိလဲဆိုတာတော့ ပြောလို့မရသေးဘူး” ဟု စိုင်းဦးခမ်း က ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် အတွင်း ယခုကဲ့သို့ရေကြီး ရေလျှံမှုမျိုး တကြိမ်တခါမျှ မရှိခဲ့ဖူးပေ။

အဆိုပါ ရေကြီးမှု ဖြစ်ရခြင်းသည် အဓိက အားဖြင့် ရေမြောင်းထဲ အမှိုက်များ စွန့်ပစ်ခြင်း၊ သစ်ခုတ်မှုများဖြစ်ပွားခြင်းတို့ ကြောင့် ဖြစ်ကြောင်းလည်း စိုင်းဦးခမ်းက ထပ်လောင်းပြောသည်။

“ မိုးရွာက ည ၁၁ နာရီလောက်က။ ၂ နာရီမှာ ရေတွေ အိမ်ထဲဝင်တော့ အိပ်မရတော့ဘူး။ ညကြီးထွက်ပြေးရတာ။ ဘာပစ္စည်းမှ မရခဲ့ဘူး။ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ အားလုံးဆုံးရှုံးတယ်” ဟု နန်းယိင်းဆိုင် က ပြောသည်။

ရေကြီးရေလျှံမှုကြောင့် လူသေပျောက်မှု မရှိခဲ့သော်လည်း နေအိမ်ထဲသို့ရေဝင်မှုကြောင့် အိမ်သုံးပစ္စည်းများ၊ တကိုယ်ရည်သုံးပစ္စည်းများ အားလုံးဆုံးရှုံးခဲ့ကြောင်း နန်းယိင်းဆိုင် က ဆိုသည်။

“ ကျမ တို့ လယ်တွေ အားလုံး ပျက်စီးသွားပြီ။ ဘာမှ မရဘူး။ ဒီနှစ်တော့ မလှူနိုင် မဒါန်းနိုင်တော့ဘူး။ တခါမှ မဖြစ်ဖူးဘူး” ဟု စပါး ဆုံးရှုံးသည့် အသက် ၅၀ အရွယ်ရှိ အမျိုးသမီး ကပြောသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ ရှိ ရေဘေးဒုက္ခသင့်နေသည့် ပြည်သူများကို သက်ဆိုင်ရာ မှကူညီထောက်ပံ့ပြီး၊ ဆုံးရှုံးသွားသည့် ပစ္စည်းများ၊ လယ်ယာများစာရင်းကို ကောက်ပြီး ကူညီထောက်ပံ့ပေးရန်လည်း ရှိကြောင်းသိရသည်။

ထိုနည်းတူ စက်တင်ဘာ ၂၄ တွင် ရွှေသတ္တု တူးဖော်သည့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင်း နားဟိုင်းလုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အတွင်းရေဝင်ခဲ့ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...