တောင်ကြီး ကိုဗစ်-၁၉ လူနာ ၃ ဦးထပ်တွေ့၊ တဦးသေဆုံး

ယနေ့ည ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ထပ်တိုးလူနာ ၂၇၀ ကျော်ရှိရာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မှ ၃ ဦး ပါဝင်ကြောင်း သိရသည်။

Photo by Taunggyi/ facebook

၎င်းတို့သည် သျှမ်းပြည်တောင်ပိုင်းတွင် နေထိုင်သူ ဖြစ်ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၂ ရက် ညပိုင်းထုတ်ပြန်ချက်ပါ သျှမ်းပြည်တွင်း ပိုးတွေ့လူနာ ၃ ဦး အနက် ၁ ဦး မှာ စောင့်ကြည့်လူနာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်က သေဆုံးသွားသည့်သူဖြစ်ကြောင်း သိရသည်။

“၂၀ ရက်နေ့ Quarantine Center မှာ ဆေးရုံ တက်တာ ၂ ယောက်ရှိတယ်။ အဲ့ ၂ ယောက်မှာ တစ်ယောက်က သေဆုံးတာပေါ့နော်။ ရောက်ပြီး သိပ်မကြာဘူး သေသွားတယ်။နောက်တစ်ယောက်က သူ့သားပါ။ ဓါတ်ခွဲအဖြေက ဒီနေ့မှ သိရတာပေါ့နော်။ သူတို့ ၂ ယောက်ပေါ့ ပိုးတွေ့တာကတော့” ဟု စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျန်သည့် ပိုးတွေ့လူနာ ၁ ဦးသည်လည်း ရန်ကုန်သို့ ပြန်ရောက်လာသူဖြစ်ပြီး ပင်လောင်းမြို့နယ်က ဖြစ်ကြောင်း သိရသည်။

“ဒီည ထွက်တဲ့ ၃ ယောက်က တစ်ယောက်က ပင်လောင်းလို့ သိရတယ်။ စဝ်စံထွန်းဆေးရုံမှာတော့ မရောက်လာသေးဘူး။ ပင်လောင်းရဲ့ ကျန်းမာရေး ဌာနတစ်ခုခုမှာ ရှိနေမှာပေါ့နော်။ စဝ်စံထွန်းတော့ မရောက်လာသေးဘူး” ဒေါက်တာ ဝေဝေမွန် ကပြောသည်။

တောင်ကြီးမြို့ရှိ City Square မှ ဝန်ထမ်းတစ်ဦး စက်တင်ဘာ ၂၀ ရက်နေ့တွင် ချောင်းဆိုး၊ ဖျားနာသဖြင့် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူကာ တို့ဖတ်နမူနာ စစ်ဆေးရာ Negative ဖြစ်ကြောင်း ဒေါက်တာဝေဝေမွန် ကပြောသည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာ ၆၇၄၃ ဦး ရှိပြီး သေဆုံးသူ ၁၁၅ ဦး ရှိပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၂ ရက် ယနေ့ ည ၈ နာရီ ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...