Thursday, April 25, 2024

တောင်ကြီး ကိုဗစ်-၁၉ လူနာ ၃ ဦးထပ်တွေ့၊ တဦးသေဆုံး

Must read

ယနေ့ည ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ထပ်တိုးလူနာ ၂၇၀ ကျော်ရှိရာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မှ ၃ ဦး ပါဝင်ကြောင်း သိရသည်။

Photo by Taunggyi/ facebook

၎င်းတို့သည် သျှမ်းပြည်တောင်ပိုင်းတွင် နေထိုင်သူ ဖြစ်ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၂ ရက် ညပိုင်းထုတ်ပြန်ချက်ပါ သျှမ်းပြည်တွင်း ပိုးတွေ့လူနာ ၃ ဦး အနက် ၁ ဦး မှာ စောင့်ကြည့်လူနာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်က သေဆုံးသွားသည့်သူဖြစ်ကြောင်း သိရသည်။

“၂၀ ရက်နေ့ Quarantine Center မှာ ဆေးရုံ တက်တာ ၂ ယောက်ရှိတယ်။ အဲ့ ၂ ယောက်မှာ တစ်ယောက်က သေဆုံးတာပေါ့နော်။ ရောက်ပြီး သိပ်မကြာဘူး သေသွားတယ်။နောက်တစ်ယောက်က သူ့သားပါ။ ဓါတ်ခွဲအဖြေက ဒီနေ့မှ သိရတာပေါ့နော်။ သူတို့ ၂ ယောက်ပေါ့ ပိုးတွေ့တာကတော့” ဟု စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျန်သည့် ပိုးတွေ့လူနာ ၁ ဦးသည်လည်း ရန်ကုန်သို့ ပြန်ရောက်လာသူဖြစ်ပြီး ပင်လောင်းမြို့နယ်က ဖြစ်ကြောင်း သိရသည်။

“ဒီည ထွက်တဲ့ ၃ ယောက်က တစ်ယောက်က ပင်လောင်းလို့ သိရတယ်။ စဝ်စံထွန်းဆေးရုံမှာတော့ မရောက်လာသေးဘူး။ ပင်လောင်းရဲ့ ကျန်းမာရေး ဌာနတစ်ခုခုမှာ ရှိနေမှာပေါ့နော်။ စဝ်စံထွန်းတော့ မရောက်လာသေးဘူး” ဒေါက်တာ ဝေဝေမွန် ကပြောသည်။

တောင်ကြီးမြို့ရှိ City Square မှ ဝန်ထမ်းတစ်ဦး စက်တင်ဘာ ၂၀ ရက်နေ့တွင် ချောင်းဆိုး၊ ဖျားနာသဖြင့် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူကာ တို့ဖတ်နမူနာ စစ်ဆေးရာ Negative ဖြစ်ကြောင်း ဒေါက်တာဝေဝေမွန် ကပြောသည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာ ၆၇၄၃ ဦး ရှိပြီး သေဆုံးသူ ၁၁၅ ဦး ရှိပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၂ ရက် ယနေ့ ည ၈ နာရီ ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article