Saturday, April 20, 2024

တောင်ကြီး City Square ဝန်ထမ်းတွင် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးထားဆဲ

Must read

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ရှိ City Square မှ ဝန်ထမ်းတဦး ကိုဗစ် ပိုးရှိ၊ မရှိ စစ်ဆေးထားကြောင်း စုံစမ်းသိရသည်။

Photo by SHAN

အဆိုပါ ဝန်ထမ်းသည် စက်တင်ဘာ ၂၀ရက်တွင် ချောင်းဆိုး၊ ဖျားနာပြီး စဝ်စံထွန်းဆေးရုံသို့လာရောက် ဆေးကုသခံယူရာမှ ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ စစ်ဆေးထားကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က“ခုတော့ သူ့ရဲ့ ကျန်းမာရေး အခြေနေကတော့ ကောင်းတယ်လို့ သိရတယ်။သူ့ရဲ့တို့ဖတ်နမူနာ စစ်ထားပြီးပြီ အဖြေမသိရသေးဘူး။” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြု လူနာ ( ၆၄၇၁) ဦး ရှိပြီး သေဆုံးသူ (၁၁၃) ဦး ရှိသော်လည်း တောင်ကြီးဒေသခံ တချိုု့မှာ ယခုချိန်အထိ Mask( နှာခေါင်းစည်း) မတပ်ဆင်ဘဲ သွားလာနေသေးကြောင်း သိရသည်။

နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသည့် သူများကို သက်ဆိုင်ရာက ပညာပေး ပြစ်ဒဏ်ပေးမှုပြုလုပ်ရာ တရက်လျှင် အယောက် ၁၅၀ ကျော် ရှိကြောင်း တောင်ကြီး စေတနာ့ဝန်ထမ်းများထံစုံစမ်းသိရသည်။

လက်တလော ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေသည့် ရန်ကုန်မြို့သို့ တောင်ကြီးမြို့ မှ ကျန်းမာရေး စေတနာ့ဝန်ထမ်းများ သွားရောက် ကူညီရန်လည်း ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article