ကိုဗစ်ကာလ သျှမ်းမြောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မြင့်တက် HST-NSS ထောက်ပြ

ကိုဗစ်-၁၉ ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခများကြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာ ရှိနေကြောင်း စုံစမ်းရှိရသည်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )

ယခုနှစ် ဖေဖော်ဝါရီ လမှ သြဂုတ်လအထိ ကိုဗစ်-၁၉ ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် မြေမြုပ်မိုင်းနင့်မိ သေဆုံးသူ (၂၃)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၀)ဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူ (၂၅)ဦး နှင့် ဒဏ်ရာရရှိသူ (၆)ဦး တို့ ရှိကြောင်း သျှမ်းပြည် မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ HST-NSS က ယနေ့ စက်တင်ဘာ ၂၁ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။


ထိုထုတ်ပြန်ချက်တွင် ပြည်တွင်း နေရပ်စွန့်ခွာသူ ၁၂၈၀ ကျော်၊ ကလေးစစ်သား စုဆောင်းခံရမှု ၂ ဦး၊ ရိုက်နှက်နှိပ်စက်ခံရသူ ၇ ဦး နှင့် ဖမ်းဆီးခံရသူ ၁၀ ဦးထိကြောင်း ရေးသားထားသည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရသူ များသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ် ၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံ၊ နမ့်ခမ်း နှင့် မူဆယ်မြို့နယ် တို့ဖြစ်ကြောင်း (HST-NSS) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကိုဗစ် ကာလအတွင်းမှာ ဖြစ်တဲ့ ကိစ္စပါ။ တော်တော်များတယ်။တယောက်တယောက် ဆိုရင်လူတွေက သိပ်ပြီး အာရုံမထားကြဘူး။ တကယ်တော့ အားလုံး ပြန်ပေါင်းကြည့်လိုက်ရင် တလကို ၁၃ ယောက်လောက် ရှိတယ် လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ ” ဟု ဦးဟောင်းဒေါင် က ပြောသည်။


သျှမ်းပြည်မြောက်ပိုင်း တွင် နေထိုင်သည့် ပြည်သူများသည် လက်နက်ကိုင် ပဋိပက္ခကြားတွင် နေထိုင်နေရသဖြင့် စိုးရိမ်မှုရှိနေကြောင်း၊ လက်ရှိမှာ သျှမ်းမြောက်သည် လုံခြုံရေး ကင်းမဲ့နေကြောင်း လည်း ဦးဟောင်းဒေါင် က ပြောသည်။

“လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ကျနော်တို့သိပ်မျှော်လင့်ချက် မရှိနေဘူး။ အဲ့ဒါကြောင့် ငြိမ်းချမ်းရေး ပတ်သက်တဲ့ ကိစ္စ အောက်ခြေ ဖြစ်ပျက်နေတာ တွေ ပြောင်းလဲတာတွေ သိပ်မတွေ့ရဘူး” ဟု ဦးဟောင်းဒေါင် က ဆိုသည်။


ဆက်လက်ပြီး ကိုဗစ်ကာလအတွင်း သျှမ်းမြောက်တွင် နေထိုင်သည့် စစ်ဘေးရှောင်စခန်း (IDP)တွင်နေထိုင်သည့် ပြည်သူများအတွက် အခက်အခဲ စိန်ခေါ်မှုများရှိနေကြောင်း လည်း HST-NSS ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


“ အခု အချိန်က ဒုက္ခသည်စခန်းမှာနေတဲ့သူက အရမ်းခက်ခဲတယ်။ ဒုက္ခသည် စခန်းမှာ စားဝတ်နေရေးကလည်း ဖူလုံမှု မရှိဘူး။ လွတ်လပ်သွားလာတဲ့ချိန်တောင် ထောက်ပံ့မှုအရမ်းနည်းတယ် လုံလောက်မှု မရှိဘူး။ အစိုးရကိုယ်တိုင်က ထောက်ပံ့မှု မရှိဘူး။ ကိုဗစ်ကာလမှာပိုပြီး ဆိုးရွာတယ်လို့ ပြောလို့ရတယ်” ဟု HST-NSS မှ ပြောခွင့်ရ လွေးလှားရိုန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။


ယခင် ကိုဗစ်-၁၉ ကာလမတိုင်ခင်က ဒုက္ခသည် စခန်း တွင်နေထိုင်သူများသည် နေ့စားအဖြစ် အလုပ်လုပ်ကိုင်ကြပြီး ဝမ်းရေး ဖြေရှင်းကြကြောင်း၊ လက်ရှိမှာ Lockdown ပြုလုပ်ခံထားရသဖြင့် စားဝတ်နေရေး ခက်ခဲမှုများရှိနေကြောင်း လွေးလှားရိုန်း က ပြောသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အစဉ်တစိုက်ပြုလုပ်ကြသော်လည်း အောက်ခြေ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို လျစ်လျူရှူထားကြကြောင်း လွေးလှားရိုန်း က ထောက်ပြပြောဆိုလိုက်သည်။


“ ငြိမ်းချမ်းရေးစကားဘယ်လောက်ပြောပြောကျမတို့ တိုင်းရင်းသားဒေသမှာ လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်နေသရွေ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးက အရမ်းဝေးနေသေးတယ်” ဟု လွေးလှားရိုန်း က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တရက်ထက် တရက်မြင့်တက်လာချိန်တွင် သျှမ်းပြည်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း မြင့်တက်လာကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်တားဆီးချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်စေချင်ကြောင်းလည်း ဦးဟောင်းဒေါင် က ထောက်ပြပြောသည်။

“ ကိုဗစ်ကာလမှာ လူ့အခွင့်အရေး ချိုးဖောက်မှုက မဖြစ်သင့်တဲ့ အနေအထားပါ။ ဒါပေမယ့်အများကြီးဖြစ်နေတာကို ကျနော်တို့ စိတ်မကောင်းဘူး။ လက်နက်ကိုင် ပဋိပက္ခ ကိစ္စက ကိုဗစ် ကာလမှာ တောက်လျှောက်ခံစားနေရတာ” ဟု ဦးဟောင်းဒေါင် က ဆိုသည်။

ကိုဗစ်-၁၉ ကာလအတွင်း သျှမ်းပြည် မြောက်ပိုင်း ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ မဖြစ်ပွားရန် အတွက်နှင့် အရပ်သားပြည်သူများကို လူ့အခွင့်အရေးမချိုးဖောက်ရန် သျှမ်းမြောက်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ က တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...