မိုင်းလားမြို့မှ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော် တောင်ကြီးရောက်

အထူးဒေသ(၄) မိုင်းလားတွင် သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား (၆၀)သည် ယနေ့ မွန်းလွှဲပိုင်း ၂နာရီခန့်တောင်ကြီးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ထို ရွှေ့ပြောင်းအလုပ်သမားများသည် မိုင်းလား မှပြန်လာပြီး တောင်ကြီးသို့ ခေတ္တ ခဏနားကာ သက်ဆိုင်ရာ မြို့သို့ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်သက်နှောင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုင်းလာကနေတစ်ဆင့် ပြန်လာမဲ့သူတွေဖြစ်ပါတယ်။ ဒီတစ်ခေါက် ကတော့ (၆၀) ကျော်ထက်ဝင်လာတယ်။ ကျတော်တို့ က ဒီကနေတစ်ဆင့် ကားကို ပြန်စီစဉ်ပေးပြီး သင်ဆိုင်ရာမြို့နယ်ကို ပြန်ပို့ပေးတာပါ” ဟု ဒုတိယဦးစီးမှူ ဦးခွန်သက်နှောင်း က ပြောသည်။

အဆိုပါဝင်လာသူများကို သက်ဆိုင်ရာမြို့သို့ ပြန်ပို့ရာတွင် ကားခများကို တစ်ချို့ကိုသာ အစိုးရ ဘက်မှ ထောက်ပံ့ပေးကြောင်း သိရသည်။

“ဒီကိုရောက်လာတဲ့ သူတွေကတော့ တစ်ချို့က ကားခကို တက်နိုင်ကြတယ်။ လုံး၀ ငွေကြေး အခက်ခဲရှိတဲ့သူ တွေကိုတော့ ကျတော်တို့ဖက်နေ ပြီးထောက်ပံ့ပေးတယ်” ဟု ဦးခွန်သက်နှောင်းက ပြောသည်။

သျှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့ထဲ သို့ ရွှေပြောင်း အလုပ်သမား များကို မိမိနေထိုင်ရာသို့ ပြန်ပို့ဆောင်ပေးရာတွင် ဧပြီလ မှ စတင်လက်ခံပြီး အခုချိနိထိ (၅၀၀၀) ကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ထဲသို့ မြဝတီမှ တရားဝင်ဖြင့် ဝင်ရောက်လာသူများကို Quarantine ထားရာတွင် အစိုးရဖက်မှ စားစရိတ်များကို ထောက်ပံ့ပေး့ပြီး ကိုယ့်မြို့နယ် ကိုယ်အစီနဲလာသူများကို တစ်ရက်ကို (၄၀၀၀) နှုန်းဖြင့် Quarantine ဝင်ရသည် ဟု ဦးခွန်သက်နှောင်း က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ (၅၈၀၅) ဦးရှိပြီး သေဆုံးသူစုစုပေါင်း (၉၇) ဦး ရှိပြီး ဖြစ်ကြောင်း ကျန်မားရေးဝန်ကြီး ဌာနထုတ်ပြန်ချက် အရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ တစ်ရက်ထက်တစ်ရက် ပိုးတိုးလာပြီး သေဆုံးသူ (၂) ဆရှိလာကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...