Tuesday, January 27, 2026

ယခုနှစ်အပူပိုင်းရာသီ ယခင်နှစ်များထက် အင်းလေးကန် ရေကျန်ရှိနေ

သျှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်ဒေသတွင် အပူပိုင်းရာသီ ဖြစ်သော ဧပြီ၊ မေလတို့တွင် နှစ်စဉ်ရေခမ်းခြောက်မှုများဖြစ်ပွားလေ့ရှိရာ ယခုနှစ်အင်း လေးကန် ရေ သည်ယခင်နှစ်များထက်ရေပိုမိုကျန်ရှိနေသေးကြောင်း အင်းလေး ဒေသခံများထံမှသိရသည် ။

ယခင်နှစ်က အင်းလေးကန်ရေခမ်းခြောက်ပုံ

“ အင်းရေကတော့နှစ်တိုင်းထက်စာရင် မကျတော့ဘူး ၊ ရေရှိလာတယ် ။ အင်းထဲမှာ တာတွေရိုက် ၊ လက်လုပ်ဆည်တွေရိုက် ထားလို့ ရေတွေ ကျန်နေတာပေါ့ ။ ခါတိုင်း နှစ်ဆိုဒီချိန်မြေတွေကွဲအက်တဲ့အထိ ဖြစ်ပြီး သွားလာရတာခက်ခဲ့ တာပေါ့ ” ဟု အင်းလေးဖော်တော်ဦးဘုရားကော်ပက ဥက္ကဌ ဦးထွန်းအောင်ကပြောသည် ။

အင်းလေးကန် နှစ်စဉ်ရေခန်းခြောက်သည့်လမှာ တပေါင်း ၊ တန်ခူး၊ ကဆုန် လ တို့ဖြစ်ပြီး ၊ အင်းရေများသည် လွိုင်ကော် လောပီတ အထိစီးဆင်းလေ့ရှိ သောကြောင့် ရေများတောင့်ခံနိုင်ရန် ဆည်များများဆောက်ခြင်း ပြုလုပ်သင့် ကြောင်း ၄င်းကဆက်ပြောသည် ။

“အဓိကကျနော်တို့အင်းလေးရေခန်းခြောက်ရတဲ့ပြဿနာက တောင်ပေါ်မှာ မြေက တုံးတွေဖြစ်နေတော့ မိုးခေါင်လာတာပေ့ါ ၊ ဒီနှစ်မိုးကောင်း ကောင်းမ ရွာသေးဘူး ၊ လှေကားထစ် စိုက်ပျိုးနည်းကို လည်းမသုံးကြ တော့ဘူး၊ ဟိုတယ်ဇုန်လုပ်နေတဲ့ နေရာက နှုန်းမြေတွေအင်း ထဲကိုဝင်ရောက်လာတယ် ဟိုတယ် ဇုန်လုပ်ငန်း က တစ်ဘက်ကတိုးတက်ပြီး တစ်ဘက်မှာ ဆုတ်ယုတ် တယ် ဒါတွေကအဓိကပြဿနာ ဖြစ်တယ်” ဟု တာလေးရွာနေ ဒေသခံ ကိုထွန်းရွှေက ရှင်းပြသည် ။

ယခုနှစ် ဖောင်တော်ဦးဘုရားအဝင်လမ်း ရေများရှိနေဆဲ

ယခုနှစ်ပိုင်းများတွင် အင်းလေးကန်ဒေသနေရာတစ်ချို့၌ ရေခမ်းခြောက်မှု ကာကွယ်နိုင်ရန် ဆည်များ၊ တာများ လက် လုပ်ဆည်များ ဆောက်ထား သည်ဟုသိရသည် ။

အင်းလေးဒေသတွင် စပါး ၊ ခရမ်းချဉ်သီး ၊ငရုပ်သီး၊ ဘူးသီး ခရမ်းသီး၊ မုန်လာထုတ် စသည့်သီးနှံများစိုက်ပျိုး လျှက်ရှိပြီး တိုက်နယ် ပေါင်း (၄၃)ခုရှိကာကျေးရွာပေါင်း (၄၄၄) ရွာရှိသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။