ယခုနှစ်အပူပိုင်းရာသီ ယခင်နှစ်များထက် အင်းလေးကန် ရေကျန်ရှိနေ

သျှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးကန်ဒေသတွင် အပူပိုင်းရာသီ ဖြစ်သော ဧပြီ၊ မေလတို့တွင် နှစ်စဉ်ရေခမ်းခြောက်မှုများဖြစ်ပွားလေ့ရှိရာ ယခုနှစ်အင်း လေးကန် ရေ သည်ယခင်နှစ်များထက်ရေပိုမိုကျန်ရှိနေသေးကြောင်း အင်းလေး ဒေသခံများထံမှသိရသည် ။

ယခင်နှစ်က အင်းလေးကန်ရေခမ်းခြောက်ပုံ

“ အင်းရေကတော့နှစ်တိုင်းထက်စာရင် မကျတော့ဘူး ၊ ရေရှိလာတယ် ။ အင်းထဲမှာ တာတွေရိုက် ၊ လက်လုပ်ဆည်တွေရိုက် ထားလို့ ရေတွေ ကျန်နေတာပေါ့ ။ ခါတိုင်း နှစ်ဆိုဒီချိန်မြေတွေကွဲအက်တဲ့အထိ ဖြစ်ပြီး သွားလာရတာခက်ခဲ့ တာပေါ့ ” ဟု အင်းလေးဖော်တော်ဦးဘုရားကော်ပက ဥက္ကဌ ဦးထွန်းအောင်ကပြောသည် ။

အင်းလေးကန် နှစ်စဉ်ရေခန်းခြောက်သည့်လမှာ တပေါင်း ၊ တန်ခူး၊ ကဆုန် လ တို့ဖြစ်ပြီး ၊ အင်းရေများသည် လွိုင်ကော် လောပီတ အထိစီးဆင်းလေ့ရှိ သောကြောင့် ရေများတောင့်ခံနိုင်ရန် ဆည်များများဆောက်ခြင်း ပြုလုပ်သင့် ကြောင်း ၄င်းကဆက်ပြောသည် ။

“အဓိကကျနော်တို့အင်းလေးရေခန်းခြောက်ရတဲ့ပြဿနာက တောင်ပေါ်မှာ မြေက တုံးတွေဖြစ်နေတော့ မိုးခေါင်လာတာပေ့ါ ၊ ဒီနှစ်မိုးကောင်း ကောင်းမ ရွာသေးဘူး ၊ လှေကားထစ် စိုက်ပျိုးနည်းကို လည်းမသုံးကြ တော့ဘူး၊ ဟိုတယ်ဇုန်လုပ်နေတဲ့ နေရာက နှုန်းမြေတွေအင်း ထဲကိုဝင်ရောက်လာတယ် ဟိုတယ် ဇုန်လုပ်ငန်း က တစ်ဘက်ကတိုးတက်ပြီး တစ်ဘက်မှာ ဆုတ်ယုတ် တယ် ဒါတွေကအဓိကပြဿနာ ဖြစ်တယ်” ဟု တာလေးရွာနေ ဒေသခံ ကိုထွန်းရွှေက ရှင်းပြသည် ။

ယခုနှစ် ဖောင်တော်ဦးဘုရားအဝင်လမ်း ရေများရှိနေဆဲ

ယခုနှစ်ပိုင်းများတွင် အင်းလေးကန်ဒေသနေရာတစ်ချို့၌ ရေခမ်းခြောက်မှု ကာကွယ်နိုင်ရန် ဆည်များ၊ တာများ လက် လုပ်ဆည်များ ဆောက်ထား သည်ဟုသိရသည် ။

အင်းလေးဒေသတွင် စပါး ၊ ခရမ်းချဉ်သီး ၊ငရုပ်သီး၊ ဘူးသီး ခရမ်းသီး၊ မုန်လာထုတ် စသည့်သီးနှံများစိုက်ပျိုး လျှက်ရှိပြီး တိုက်နယ် ပေါင်း (၄၃)ခုရှိကာကျေးရွာပေါင်း (၄၄၄) ရွာရှိသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...