ကိုဗစ် ၁၉ ကာလအတွင်း တောင်ကြီး ဈေးသည်များအခက်ခဲကြုံတွေ့နေရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ (မြို့မဈေး)တွင် ဈေးရောင်းနေသူများ မှာကိုဗစ် ၁၉ ကာလအတွင်း ဈေးရောင်းပါးပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမြင့်လာသော်လည်း တောင်ကြီးမြို့ရှိ အခြေခံလူတန်းစား ဈေးသည်များသည် ကျန်းမာရေးထက် ဝမ်းရေးကို ပိုဦးစားပေးနေရသည်။

“ဈေးရောင်းတာလည်း မကောင်းဘူး။ တချို့ရက်တွေဆိုတောင် မရောင်းရဘူး။ ရောဂါ ကိုကြောက်ရပေမယ့် ဒါမှမလုပ်ရင် စားစရာ ကမရှိဘူး။ ကျမဆို အခုအိမ်ငှားနေရတယ်။ ကျန်းမာရေးထက် စားဝတ်နေရေးအတွက် ပိုပြီးစဉ်စားရတယ်လေ” ဟု တောင်ကြီးမြို့ (မြို့မဈေး) မှ သစ်သီးသည် မဇင် ကပြောသည်။

ဈေးသည်အများစုသည် တခြားမြို့နယ် မှ တောင်ကြီးသို့လာရောက်ကာ စီးပွားရှာစားကြသူများဖြစ်ပြီး၊ ထိုသူများသည် အိမ်ငှားနေထိုင်ရသည်သူများဖြစ်ကြောင်း မဇင် က ပြောသည်။

“ကိုဗစ်ကာလ မှာဈေးရောင်းရတာ အဆင်မပြေဘူး။ ကုန်ပစ္စည်းတွေကို တဆင့်ယူရောင်းထားတာလေ။ ရောင်းရသမျှက စားဖို့ဘဲပြန်ဖြစ်နေတယ်။ ကျန်းမာရေးထက် စားဖို့က ပိုအရေးကြီးနေတာကို” ဟု အမှတ်(၅) ဈေးတွင် ကုန်စိမ်းရောင်းနေသည့် မဥမ္မာ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဈေးသည်များသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုကို သိသော်လည်း ဝမ်းရေး အတွက် ရုန်းကန်နေရသူများဖြစ်ပြီး၊ တဖက်တွင် ဈေးရောင်းရန် အတွက် ချေးငွေ များယူထားကြသဖြင့် ဝင်ငွေ မရှိပါက ချေးငွေပြန်ဆပ်ရန် အခက်အခဲများရှိလာနိုင်ကြောင်း မဥမ္မာ ပြောသည်။

“ ဈေးရောင်းတာ ချေးငွေနဲ့ ယူထားတာလဲရှိတယ်။ ချေးငွေတွေကလည်း မရပ်နားပေးဘူး။ ကောက်နေသေးတယ်။ တောင်းပန်ရင်လည်း ရက်ဘဲဆိုင်းပေးတယ်။ လျှော့ပေးတယ်လို့တော့ မရှိဘူး။ အခုက အကြွေးကတစ်ဖက် စားဖို့ကတစ်ဖက် ဖြစ်သွားတာပေါ့” ဟု မဥမ္မာ ကဆိုသည်။

တောင်ကြီးမြို့မဈေးတွင် လုပ်ကိုင်စားသောက်နေသူများသည် အစိုးရ မှ ထောက်ပံ့သည့် ငွေကြေးတစုံတရာ မှ မရရှိကြပေ။

“အန်တီတို့က အစိုးရကနေ ထောက်ပံ့ကြေးငွေမရဘူး။ စီးပွားရေးကလည်း ရှိတယ်ဆိုတော့။ ကိုယ်ထက်မရှိတဲ့လူကိုပေးတာတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် အခုက ကုန်တွေကို ပြန်ဖြည့်တင်ဖို့က လုံးဝမရှိတော့ဘူး။ ရောင်းရတာက စားဖို့ထဲပါသွားတာ” ဟု ထိုဈေးသည်က ထပ်လောင်းပြောသည်။

ကိုဗစ် ၁၉ သည် ရေရှည်ဖြစ်နေပါက အခြေခံအလုပ်သမားဈေးသည်များက ပိုပြီးအခက်ခဲရှိလာနိုင်ကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးကပြောသည်။

“ကိုဗစ် ၁၉ ဖြစ်လို့ အိမ်မှာဘဲ နေလို့မရဘူး။ အိမ်နေရင် ဘယ်သူမှလာမကျွေးနိုင်တာ။ ကိုဗစ် ၁၉ကိုတော့ လက်ခနခနဆေးတယ်။ Mask တပ်တယ်။ အဲလိုဘဲကာကွယ်ပြီးဈေးရောင်းရတယ် ဟု ကုန်ခြောက်ဈေးသည် နန်းသူဇာ ကပြောသည်။

တောင်ကြီးမြို့တွင် ယနေ့(စက်တင်ဘာ ၁၅) ရက်မှစတင်ကာ Mask (နှာခေါင်းစည်း) မတပ်ဘဲ သွားလာနေသူများကို သက်ဆိုင်ရာ ပညာပေးစနစ်ဖြင့် စတင်လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၃၂၉၉) ဦး ရှိကြောင်း ပြန်လည်သက်သာလာသူ (၇၉၀) ဦးရှိပြီး သေဆုံးသူ (၃၂) ထိရှိလာပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှ သိရသည်။


သျှမ်းပြည် တဝှမ်းတွင် ဆေးကုသခံနေသည့် ကိုဗစ် ၁၉ လူနာ စုစုပေါင်း (၈) ဦး ရှိကြောင်းသိရသည်။

(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...