မူဆယ်မြို့နယ် တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲဖြစ် ၂၈၀ကျော် စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၈၀ ကျော် စစ်ရှောင်နေရကြောင်း စုံစမ်းသိရသည်။

နမ့်ခေါင်းကျေးရွာသို့စစ်ရှောင်လာသည့် ပြည်သူများပုံ ( ဓာတ်ပုံ ဆရာမ အက်စတာ)

ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် မုံးပေါ် ဒေသ နှင့် ၅မိုင် အကွာ မန်ကောင်းကျေးရွာ အနီးတွင် ဖြစ်ပွားသဖြင့် ကျေးရွာ ပြည်သူ ၂၈၂ဦး သည် နမ့်ခေါင်းကျေးရွာ ဘုရားကျောင်းတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံးပေါ် မှ ဆရာမ အက်စတာ က ပြောပြသည်။

KIA နှင့် အစိုးရတပ်မတော်သည် စက်တင်ဘာ ၁၁ရက်မှ တိုက်ပွဲစတင်ဖြစ်ပွားပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေကြောင်း လည်း ဆရာမ အက်စကာ က ပြောသည်။

“ စက်တင်ဘာ ၁၁ရက် နဲ့၁၂ရက်မှာ တိုက်ပွဲဖြစ်တယ်။ ဒီနေ့ညနေ နေ့လည် ၂နာရီ လောက်မှာ ပြန်ပစ်နေကြတယ်။ စစ်ရှောင်တွေကတော့ ၂၈၂ဦး စားဝတ်နေရေးနဲ့ဆေးတွေ လိုအပ်နေတယ်” ဟု ဆရာမ အက်စတာ က ဆိုသည်။

တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသဖြင့် စစ်ရှောင်များသည် လက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ စားဝတ်နေရး၊ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်နေကြောင်းလည်း ဆရာမ က ပြောသည်။

“တဖက်ကလည်း ရွေးကောက်ပွဲ နီးလာပြီဆိုတော့ တိုက်ပွဲတွေ ပြင်းထန်လာမှာ ကြောက်နေရတယ်။ တောင်ပေါ်မှာက တပ်သားတွေရှိသေးတော့ စိုးရိမ်နေရတာပေ့ါ” ဟု ဆရာမ အက်စတာက ထပ်လောင်းပြောသည်။

KIA နှင့် အစိုးရတပ်သည် သျှမ်းမြောက် မုံးပေါ် ဒေသ တွင် တိုက်ပွဲ၂ရက်ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာ စစ်ရေး တင်းမာမှု ရှိနေသေးကြောင်း KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် နိုင်ငံတော်မှ အကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည်နေရာ မှ အပ ကျန်နယ်မြေများ တွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု များကို စက်တင်ဘာ ၁ရက်မှ ၃၀ရက်ထိ တိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဟု သြဂုတ် ၂၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ ရွေးကောက်ပွဲ နီးလို့လားဆိုတာတော့ ကျနော် မသုံးသပ်နိုင်ဘူး။ ဒါပေမယ့် တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းမယ်ဆိုပြီး ကြေညာထားတယ်။ ကျနော်တို့လှုပ်ရှားတဲ့ ဒေသမှာ စစ်ရေး တွေပြုလုပ်တာက စဉ်းစားစရာပါ” ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

ထိုဒေသတွင် KIA တပ်မဟာ (၆) တပ်ရင်း ၃၆ တည်ရှိသည့်နေရာဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ စက်တင်ဘာ (၁၃) ရက်တွင် အစိုးရ တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် ( TNLA) တို့သည် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဝမ်ခုံကျေးရွာ အနီးတွင် တကြိမ်၊ လားရှိုးမြို့နယ် ပုန်းထွန်အုပ်စု မက်မန်းရွာ အနီးတွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...