ကျောက်မဲမြို့နယ် တည်းခိုခန်း မန်နေဂျာ လင်မယား(၂)ဦးသတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ပေါင်းရွာရှိ တည်းခိုခန်း မန်နေဂျာ ဇနီးမောင်နှံ (၂) ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ ကျောက်မဲဒေသခံ တဦး

စက်တင်ဘာ ၈ ရက်ည (၁၀) နာရီ ဝန်းကျင် က တည်းခိုခန်း မန်နေဂျာ ဇနီးမောင်နှံ (၂) ဦး ဓားဒဏ်ရာ နှင့် သေဆုံးနေကြောင်း ကျောက်မဲမြို့ ဇိဝိတ လူမှုကူညီရေးအသင်းမှဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရားခံ မမိသေးတော့ အကြောင်းရင်းက ပြောလို့ခက်တယ်။ ဘာကြောင့် သတ်တယ်ဆိုတာ ပြောလို့ခက်တယ်” ဟု ဦးတင်မောင်သိန်း က ပြောသည်။

အသတ်ခံရသည့် အမျိုးသမီးသည် လက်ဝတ်ရတနာများ အမြဲဝတ်ဆင်သူတဦးဖြစ်ကြောင်း အသတ်ခံရ သေဆုံးချိန် ၄င်းတွင်၀တ်ဆင်ထားသော လက်ဝတ်ရတနာများမရှိတော့ကြောင်း ဦးတင်မောင်သိန်း က ပြောပြသည်။

“ အတွင်းသိ ဆက်ဆံရင်းနှီးတဲ့ လူတစ်ယောက် ဖြစ်ဟန်တူတယ် ” ဟု ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တည်းခိုခန်းသည် ကျောက်မဲမြို့၏ အထွက် တိုးဂိတ်တွင် ရှိပြီး လူပေါင်းစုံ အဝင်အထွက်များသည့်နေရာတခုဖြစ်သည်။

ထိုနေရာတွင် ကားသမားများ၊ ဆိုင်ကယ်သမားများ နှင့် ပစ္စည်းဖြန့်ချိသည့် အရောင်းကိုယ်စားလှယ်များ လာရောက် ဝင်တည်းသည့် နေရာလည်း ဖြစ်ကြောင်း သိရသည်။

“ပွင့်ပွင့်လင်းလင်းပြောရင် မြို့ပြင်မှာ ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး နဲ့ ဆက်နွယ်တဲ့ သူတွေ ဝင်ထွက် သွားလာနေကြတဲ့သူတွေ ပါပဲ။ ကျနော်တို့ ဒေသက လက်နက်ကိုင် ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း လာတည်းကြ ခိုကြမှာပဲ။ ဆိုလိုတာကတော့ သိပ်ပြီးစည်းကား တာမဟုတ်ပေမယ့် လူက စုံတာပေါ့” ဟု ဦးတင်မောင်သိန်း ကပြောသည်။

သေဆုံးသူ ဇနီးမောင်နှံ (၂) ဦး ဖြစ်သည့် အသက် (၅၉) နှစ်ဦးတင်မောင်အေးသည် လည်ပင်းပြတ်ရှိ ဒဏ်ရာဖြင့် သေဆုံးပြီး အသက် (၅၅) နှစ် ဒေါ်ခင်ဝင်း သည် ဝမ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ (၂)ချက်ဖြင့် သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရသိရသည်။

အဆိုပါ တည်းခိုခန်း မန်နေဂျာ လင်မယား (၂) ဦး သေဆုံးမှု နှင့် ပတ်သက်ပြီး ကျောက်မဲ မြို့နယ် ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ လူသတ်မှု နှင့် တရားခံ ကို စုံစမ်းစိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်သူ့စစ်များ၊ နှင့် အစိုးရတပ်မတော်တို့လှုပ်ရှားသည့်နေရာတခုဖြစ်ပြီး၊ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...