လူမှုကွန်ရက်စာမျက်နှာမှာ ရွေးကောက်ပွဲ ကမ်ပိန်း စတင်

ယနေ့ စက်တင်ဘာ (၈) ရက်မှ စတင်ကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ အသီးသီးက မဲဆွယ်စည်းရုံးရေး စတင် လှုပ်ရှားသည့် ပထမရက် ဖြစ်ပါတယ်။

ဒါ့ကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မိမိ ထောက်ခံရာ ပါတီ အသီးသီးရဲ့ လိုဂိုတွေ စည်းရုံးရေးဆောင်ပုဒ်တွေပါတဲ့ Profile Frame တွေကိုထည့်သွင်း ပြီးတင်ကြပါတယ်။

တချို့ လူမှုကွန်ရက်စာမျက်နှာ Profile မှာတော့ “ဖက်ဒရယ်မှသည် ငြိမ်းချမ်းရေးဆီသို့ ( SNLD) ကို မဲပေးစို့ ” ဆိုတဲ့ ဆောင်ပုဒ် ပြောင်းလဲ ကြသလို့ တချု့ိ ကတော့ “ ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး ( အောင်လံခိုင်ဖို့ မဲပေးစို့)” ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းလဲသလို့၊ တချို့ ကျတော့ “ ပိုမိုတောက်ပတဲ့ အနာဂတ်သစ်တွေ ပိုင်ဆိုင်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့ ( USDP)” ဆောင်ပုဒ်ကို ပြောင်းကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်တဲ့ရက်မှာပဲ မြန်မာနိုင်ငံ တဝှမ်း ကိုဗစ်-၁၉ အတည်ပြု လူနာ(၉၂)ဦး ထပ်မံတိုးလာတဲ့အတွက် တဖက်မှာလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သျှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေ က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ယနေ့ (မနက် ၈)နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ကူးစက်ခံရ လူနာ (၁၆၁၀)ဦးထိရှိလာပြီး၊ သေဆုံးသူ(၈)ဦးရှိပြီဖြစ်ကြောင်း သိရပါတယ်။

“ ကိုဗစ်-၁၉ ကတော့ ကျနော်တို့ အခက်အခဲတွေ ပိုဖြစ်ပါတယ်။ လူတိုင်းက ဒီရောဂါဖြစ်လို့ အပြင်မထွက်ရဲဘူး။ စိုးရိမ်တယ်။ ၂၀၁၅ ထက်တော့ ပိုခက်ခဲမယ်” လို့ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( ပအမဖ) ကော်မတီဝင် ခွန်ရဲထွေး က ပြောပါတယ်။

လက်ရှိမှာ တော့ တအိမ်တက် တအိမ်ဆင်း လက်ကမ်းစာစောင်ဝေရန် ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလ အဓိက အခက်အခဲက သွားရေး လာရေး လူအများ စည်းရုံးရန် ခက်ခဲကြောင်း ခွန်ရဲထွေး က ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တရက်ထက် တရက်မြင့်တက်လာ တဲ့အတွက် တဖက်မှာ ကျန်းမာရေး အတွက် စိုးရိမ်မှု ရှိပေမယ့် တဖက်မှာတော့ ရွေးကောက်ပွဲ စည်းရုံးရေးကလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေကြောင်းလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတွေက ပြောပါတယ်။

ဒီနေ့မှာ ရွေးကောက်ပွဲစည်းရုံးရေး အတွက် တရားဝင် စတင်တဲ့နေ့ဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်ရှိ (NLD) ယာယီ ရုံးချုပ်မှာ အောင်နိုင်ရေး အလံ လွှင့်ထူခဲ့ပါတယ်။

သိုပေမယ့် တိုင်းရင်းသားဒေသ ရှိ တိုင်းရင်းသားပါတီတွေကတော့ ယနေ့ တရားဝင် စည်းရုံးရေးနေ့ မှာ စည်းရုံးရေး မစတင်နိုင်သေးပါဘူး။

“ဒီနေ့အတွက်က စည်းရုံးဖို့ အစီစဉ်မရှိသေးဘူး။ လာမယ့်နေ့တွေမှာဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ကွင်းဆင်းဖို့တော့ ရှိတယ်” လို့ ခွန်ရဲထွေး ကပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( SNLD) ပါတီ ကတော့ ယနေ့မှာ နယ်မြေ ကွင်းဆင်း ပြီး မဲဆွယ် စည်းရုံးရေး မပြုလုပ်ပေမယ့်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် SNLD မဲပေးစို့ ဆိုတဲ့ Profile ကမ်ပိန်း စတင်တာကိုတော့ တွေ့မြင်ရပါတယ်။

“ဒီနေ့ ကျမ တို့ အစီစဉ်က ကျမ တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ Master Plan ချနေတုန်းပဲ ရှိသေးတယ်။ အသေးစိတ် Strategy က မချရသေးတော့ အဲ့ strategy ဆွေးနွေးတုန်းပဲ ရှိနေပါသေးတယ်” တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းယမင်း ကပြောပါတယ်။

အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သည့်အတိုင်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရာမှာ လူဦးရေ (၅၀) ထက် မစုဝေး သင့်ကြောင်း တစ်ဦး နှင့် တစ်ဦး ၆ ပေအကွာမှာ နေရခြင်း Mask တပ်ရခြင်း စသည်တို့ ကျန်းမာရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ပါတယ်။

“ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်းပဲ ၆ ပေကွာတို့ လက်ဆေးတာတို့ နှာခေါင်းစည်း တပ်တာတို့ ဒါတွေတော့ ပုံမှန်လုပ်သွားပါတယ်ရှင့်။ အဲ့ဒါက အခက်ခဲတော့ မဟုတ်ဘူးပေါ့နော်။ ခန်းမ တွေ မရှိတဲ့ နေရာမှာတော့ ကျမတို့အတွက် အဆင်မပြေဘူးပေါ့နော်။ အဲ့အပိုင်းတွေတော့ ရှိတယ်။” ဟု နန်းယမင်း ကပြောပါတယ်။

ရွေးကောက်ပွဲ ဆိုသည်မှာ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ကြောင်း ၈၈ မျိုးဆက် ဦးညီမိုး ကပြောပါတယ်။

“အခုက election campaign နဲ့ ပတ်သက်လို့ရှိရင်တော့ ပုံစံ ၂ မျိုး သွားပြီးမှ တွေ့မြင်ရတယ်လို့ မြင်တယ်။” ဦးညီမိုး ကပြောပါတယ်။

ပုံမှန် ရွေးကောက်ပွဲ အနေအထားမှာ စည်းရုံးရေး ပုံစံ တစ်မျိုးတည်း အနေဖြင့် ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ကိုဗစ်ကာလမှာ ရွေးကောက်ပွဲ ကျင်းပသည့်အတွက် Election Campaign နှင့် ပတ်သက်ပြီး ကျန်းမာရေး ထုတ်ပြန်ချက်များ ရှိသည့်အတွက် ပုံစံ (၂) မျိုးဖြင့် တွေ့မြင်နိုင်ကြောင်း ဦးညီမိုး ကပြောပါတယ်။

“ကိုဗစ် ကာလမှာ ဒီစည်းရုံးရေး ကိစ္စကို လူထု နဲ့ တိုက်ရိုက်ထိတွေ့တာ စည်းရုံးတဲ့ ကိစ္စမှာ ကြီးကြီးကျယ်ကျယ် လုပ်လို့မရဘူး။ အဲ့တော့ ပုံသဏ္ဍန်က ဘယ်လိုပြောင်းလာလဲဆိုတော့ အွန်လိုင်းကနေ ဆိုရှယ်မီဒီယာ ကို အသုံးချပြီးတော့မှ ရွေးကောက်ပွဲ စည်းရုံးရေး ကိစ္စတို့ ပိုပြီးတော့ များလာနိုင်တယ်။ အွန်လိုင်းကိုအခြေခံ ပြီးတော့မှ မဲဆွယ် စည်းရုံးရေး လုပ်တဲ့ စနစ်တွေ ပိုပြီးတော့ များလာနိုင်တယ်။” ဟု ဦးညီမိုး ကပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့်အတိုင်း ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာမှာ မဲဆွယ် စည်းရုံးရေး ကာလ ၂ လ သတ်မှတ်ထားပြီး စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ မဲဆွယ် စည်းရုံး ခွင့်ပြုထားကြောင်း ထုတ်ပြန်ကြောညာခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကနေထုတ်ပြန်တဲ့ မဲဆွယ်စည်းရုံးရေးခွင့်ပြုချက်နဲ့ ပတ်သက်ပြီး တိကျ ပြတ်သားမှု မရှိကြောင်းလည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရာမှာ (၅၀) ဦးထက် ပိုမို မစုဝေးသင့်ကြောင်း နဲ့ ၆ ပေအကွာ ခြားရမှာဖြစ်ကြောင်း နှာခေါင်းစည်းများ တပ်ထားရမှာဖြစ်ကြောင်း သိရပါတယ်။

ယနေ့လူမှု ကွန်ရက်စာမျက်နှမှာ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင် Profile အသီးသီးဖြင့် ကမ်းပိန်းများနဲ့ သက်ဝင်လှုပ်ရှားနေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...