Wednesday, January 28, 2026

ပင်လုံမြို့အဝင်စစ်ဆေးရေးဂိတ်တွင် အလိုအလျောက် အဖျားတိုင်းစက်ထားရှိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တွင် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးစီမံချက်ဖြင့် မြို့ဝင်ဂိတ်တွင် အလိုအလျောက် အဖျားတိုင်းစက် ထားရှိကြောင်းစုံစမ်းသိရသည်။

စက်တင်ဘာ ၄ ရက်မှ စတင်ကာ လွိုင်လင်မြို့နယ် ပင်လုံမြို့တို့တွင် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရန်အတွက် အလိုအလျောက် အဖျားတိုင်းစက်များကိုမြို့ဝင်ဂိတ်တွင် ထားရှိခဲ့ကြကြောင်းသိရသည်။

“မြို့ဝင်ဂိတ်စောင့် တာဝန်ကျတဲ့သူတွေက ခရီးသွားလာသူတွေနဲ့တိုက်ရိုက်ထိတွေ့ရတယ်။ ဒါကို ကျနော်တို့က ပိုပြီးလုံခြုံစိတ်ချစေချင်လို့ စက်ကိုသွားပြီး တပ်ဆင်ထားလိုက်တာပါ” ဟု လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စက်ကို လွိုင်လင်မြို့ဝင်ဂိတ်တွင် ၂ လုံးနှင့် ပင်လုံမြို့၀င်ဂိတ်တွင် ၁ လုံး ထားရှိကြောင်း ဉီးသန်းလွင်က ဆိုသည်။

၄င်းစက်သည် ကိုယ်ပူချိန်တိုင်းပြီးနောက် တိုင်းတာခံရသူ၏ ကိုယ်ပူချိန်မှတ်တမ်းနှင့် ဓါတ်ပုံမှတ်တမ်း ကို ၇ ရက်ကြာ သိမ်းထားပေးကြောင်း၊ ထို့ပြင် စက်မှ Hand Gel(လက်သန့်ဆေးရည်)ကို ပါ တစ်ခါထည်းထုတ်ပေးကြောင်းသိရသည်။

အလိုအလျောက် ကိုယ်ပူချိန်တိုင်း စက်ကိရိယာတလုံးသည် တန်ဖိုး ကျပ် ၃ သိန်းခန့်ရှိကြောင်း သိရသည်။

ပြည်ပ ခရီးသွားလာမှု၊ ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့်ဒေသမှ လာသူများဖြစ်ပါက Quarantine ဝင်ရမည်ဖြစ်ပြီး၊ ယခင်က ပြည်ပမှ ပြန်လာပါက ၇ ရက်သာ Quarantine ထားရှိသော်လည်း လက်ရှိမှာ Qurantine ၁၄ ရက် ထားကြောင်း ဆေးစစ်ချက် Negative ဖြစ်မှသာလျှင် သက်ဆိုင်ရာ မြို့နယ်သို့ ပြန်လွှတ်မည်ဖြစ်ကြောင်း ဦးသန်းလွင် က ပြောသည်။

“တခြားဒေသကလာတဲ့သူတွေ လွိုင်လင်မြို့နယ်ထဲ ၀င်လာမယ်ဆိုရင် ကျန်းမာရေးထောက်ခံစာ ပါလာမှ လိုရာခရီးကို ဆက်ပေးသွားမှာပါ။ မပါလာရင် Quarantine ဝင်ခိုင်းမှာပါ။ တချို့ က နေရာမှန်ကို မပြောကြတာ အခက်ခဲရှိနေတယ် ”ဟု ဦးသန်းလွင်က ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကျန်းမာရေးထောက်ခံစာ ပါဝင်မှ မြို့ထဲသို့ ပေးဝင်သွားမည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားကြောင်းသိရသည်။

လွိုင်လင်မြိုနယ်တွင် Quarantine ဝင်ထားသူ ၄၃ ဦးရှိကြောင်း၊ လက်ရှိ မှာ နည်းပညာ ပင်လုံတက္ကသိုလ်တွင် ၂၇ ဦးနှင့် ပင်လုံကွန်ပျူတာ ၁၆ ဦးတိုံရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတဝှမ်း ယနေ့ မနက် (၈) နာရီ အချိန်ထိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၁၄၆၄) ဦးရှိပြီး သျှမ်းပြည် အတွင်း ဆေးကုသနေသူ (၆)ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ (၈) ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

( အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...