Wednesday, January 28, 2026

မိုင်းယန်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ဦးနှင့် ထိတွေ့သူ (၁၃၈)ဦးရှိ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃) ဦး နှင့် ထိတွေ့သူ စုစုပေါင်း (၁၃၈) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo by Ah Ba

စက်တင်ဘာ (၅) ရက်က အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် ရခိုင်ပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား (၃) ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

“လက်ရှိ မနေ့ည ၈ နာရီခွဲလောက်ထိ ကျနော်တို့ လိုက်ထားသမျှက (၁၃၈) ယောက်ရှိထားပါတယ်။ အဓိကကတော့ ကျိုင်းတုံ ၊ လေယာဉ် အတူစီးတဲ့သူရယ်၊ စိုက်ခင်းထဲမှာ အလုပ် တူတူ လုပ်တဲ့သူတွေရယ်” ဟု သျှမ်းပြည်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ အချိန်ထိ ထိတွေ့သူ (၁၃၈) ဦးမှ (၇၉ ) ဦး၏ ဓါတ်ခွဲနမူနာ ကို ရန်ကုန်အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန သို့ပို့ဆောင် စစ်ဆေးထားကြောင်း သိရသည်။

“အားလုံးကို Quarantine လုပ်ထားပြီးပါပြီ။ ကျန်တဲ့ ကျိုင်းတုံက ထိတွေ့တဲ့ဟာတွေကျတော့ ဒီနေ့ ဒါမှမဟုတ် နက်ဖန်လောက်မှ ဓာတ်ခွဲနမူနာ ယူမယ်” ဟု ဒေါက်တာ ဘစိုးသက် ကပြောသည်။

Photo by Ah Ba

အဆိုပါ ကိုဗစ်-၁၉ တွေ့ရှိသူ လူနာ (၃) ဦးသည် လွန်ခဲ့သည့် သြဂုတ် ၅ ရက်နေ့တွင် ရခိုင်ပြည်မှ ရန်ကုန်သို့ ရောက်ရှိလာပြီး ထိုမှ တဆင့် ကျိုင်းတုံ ကိုလည်း လေကြောင်းလိုင်းဖြင့် လာသူများဖြစ်ကြောင်း၊ ထိုသူများသည် ဆီလူးဒေသ သြဂုတ် ၉ ရက်နေ့တွင် ရောက်ရှိပြီး ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေ သူများဖြစ်ကြောင်း ဒေါက်တာ ဘစိုးသက် ကပြောသည်။

“ကျိုင်းတုံမှာ အရင်ကလည်း ဖြစ်ဖူးသွားပြီ။ ဒါကြောင့် ကျနော်တို့လည်း အပြင်သွားတိုင်း Mask တွေတပ်တယ်။ လက်တွေ ဆေးတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းအတိုင်း လိုက်နာတယ်။ ကြောက်ပေမယ့် အရင်ဖြစ်တုန်းကလို သိပ်မစိုးရိမ်တော့ဘူး။ ကာကွယ်တဲ့ နည်းလမ်းလည်း သိပြီဆိုတော့” ကျိုင်းတုံ ဒေသခံ စိုင်းဆိုင်တွံ ကပြောသည်။

လက်ရှိ အချိန်ထိ သျှမ်းပြည် အရှေ့ပိုင်း အတွင်း သွားလာလှုပ်ရှားမှုသည် ယခင်အတိုင်းပင်ဖြစ်နေသေးကြောင်း၊ သို့သော် လူတိုင်းနီးပါး Mask (နှာခေါင်းစည်း)များ တပ်လာကြကြောင်း သျှမ်း/ အရှေ့ ပြည်သူများ ကပြောသည်။

“ အခုတော့ ပညာပေးမှုတွေလုပ်နေရတယ်။ Mask တော့ တပ်ကြတယ်။ ရခိုင်ကနေ ဒါမှ မဟုတ် ရန်ကုန်ကနေ လာရင်တော့ Quarantine ဝင်ဖို့ ပြောထားပါတယ်” ဟု မိုင်းယန်း မြို့နယ် မှ အစိုးရ ဝန်ထမ်း တဦး ကပြောသည်။

သျှမ်းပြည် အရှေ့ပိုင်းသို့ ရခိုင်ပြည် သို့မဟုတ် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများပြီး Stay at Home နေရာ မှ လာသည့်သူများ Quaratine ဝင်ရမည် ဖြစ်ကြောင်း လည်း ၎င်း အစိုးရ ဝန်ထမ်းက ပြောသည်။

သျှမ်းပြည် တွင် ယနေ့ အချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၆) ဦးရှိရာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် (၁)ဦး၊ ကလောမြို့ တွင် ရခိုင်မှပြန်လာသည့် တပ်မတော်သား (၂)ဦးနှင့် ကျိုင်းတုံဆေးရုံတွင် ရခိုင်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား (၃) ဦးတို့ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မြန်မာနိုင်ငံတဝှမ်း ကိုဗစ်-၁၉ အတည်ပြု ၁၄၆၄ ဦး ရှိပြီး သေဆုံးသူ ၈ ဦး နှင့် ရောဂါကင်းစင်သူ ၃၈၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...