သျှမ်းပြည်မှ နေပြည်တော် သို့ ပြေးဆွဲမည့်ကားများ ယာယီရပ်နားထားရ

ယခုရက်ပိုင်း ကိုဗစ်-၁၉ မြင့်တက်မှုလာပြီး နေပြည်တော် အဝင် စည်းကမ်း တည်းကြပ်လာသဖြင့် တောင်ကြီး- နေပြည်တော် ပြေးဆွဲသည့် ကားများ ယာယီပိတ်မည် ဟု စုံစမ်းသိရသည်။

နေပြည်တော်သို့ လာရောက်သူများသည် ခရီးသည် နေရပ်လိပ်စာ၊ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပြီး၊ တခြားဒေသများမှ လာသည့် သူများသည် Quarantine နေထိုင်ရမည် ဖြစ်ကြောင်း စက်တင်ဘာ (၁)ရက်နေ့တွင် သက်ဆိုင်ရာက အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

https://www.mohs.gov.mm/page/9511

ထို့ကြောင့် နေပြည်တော်သွားမည် သူများအတွက် အခက်အခဲများစွာ ရှိသဖြင့် လိုင်းကားကို ယာယီ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း တောင်ကြီး- နေပြည်တော် ပြေးဆွဲနေသည့် ကားသမားများ က ပြောသည်။

“ကျမဂိတ် နေပြည်တော် ကိုမသွားတော့ဘူး။ နေပြည်တော်သွားမဲ့ ကားကိုပိတ်ထားတယ်။ သူတို့ကလည်း ပိတ်ထားတယ်” ဟု တောင်ကြီး- နေပြည်တော် ပြေးဆွဲနေသည့် ဒိုညီနောင်ကားဂိတ်မှ တာဝန်ကျ ဝန်ထမ်းတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တချို့ ယာဉ်လိုင်းများသည် ယာယီ ရပ်နားထားပြီး၊ တချို့ယာဉ်လိုင်းများမှ နေပြည်တော်သို့သွားမည့် ခရီးသည် များကို မိတ္ထီလာအနီးတွင်သာ ပို့ဆောင်ခဲ့ပြီး ဆိုင်ကယ်ကယ်ရီ ဖြင့် နေပြည်တော် သို့ ဝင်နိုင်ရန် ချိတ်ဆက်ပေးကြောင်း သိရသည်။

“ Quarantine ကလည်း ၁၄ရက်ဝင်ရမယ်။ ကားသမားတွေက စဝင်ရမယ်။ နောက် ဓာတ်ခွဲခန်း အဖြေစစ်ဖို့ကလည်းလုပ်ရမယ်ဆိုတော့ မသွားတော့ဘူး။ ဒီချိန်က ဘယ်ခရီးမှ မသွားတာ အကောင်းဆုံးပဲ” ဟု တောင်ကြီး ဒေသခံ စိုင်းအာကာ က ပြောသည်။

လက်ရှိမှာ သျှမ်းပြည် လားရှိုးမှ နေပြည်တော်သို့ ပြေးဆွဲသည့် လိုင်းကားများလည်း အဆိုပါ စည်းကမ်း တင်းကြပ်မှုကြောင့် ယာယီရပ်နား ရကြောင်း သိရသည်။

“ လိုင်းကားတွေ မပြေးဆွဲရဘူး လို့ မထုတ်ပြန်ထားဘူး။ သွားရင်တော့ Quarantine နေရမယ် ဆိုလို့ ကိုယ့် သဘောနဲ့ကိုယ်ရပ်နားလိုက်တာပါ” ဟု လားရှိုး ကားသမား တဦး ကပြောသည်။

လက်ရှိမှာ မြန်မာတဝှမ်း တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများလာပြီး နေပြည်တော် တွင်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ တိုးလာသဖြင့် ကြိုတင် ကာကွယ်သည့်အနေဖြင့် စည်းကမ်း တင်းကြပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


“ကျနော်တို့ နေပြည်ထဲကို ဘာကြောင်းနဲမှ ဝင်လာလို့မရတော့ဘူး။ ဝင်လာရင်လည်း ၁ ပတ်လောက် Quarantine ဝင်ပြီး မှ လာလို့ရမှာပါ။ အခု ကျနော်တို့ ကားငှားဝန်ဆောင်မှုတွေလည်း နားထားရတယ်” ဟု နေပြည်တော် ကားငှားဝန်ဆောင်မှု လုပ်ဆောင်နေသူ ဦးကျော်လှ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၂၁၆) ဦး ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၇ ဦး ရှိကြောင်း သိရသည်။

( အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...