Wednesday, January 28, 2026

သျှမ်းပြည်တဝှမ်း ညမထွက်ရ အမိန့် ချိုးဖောက်သူ (၈၀) ကျော် ရှိ

သျှမ်းပြည်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် ညမထွက်ရ အမိန့်ကို ချိုးဖောက်သူများ ဖမ်းဆီးအရေးယူနေကြောင်း စုံစမ်းသိရသည်။

https://www.facebook.com/thaung.tun.9822924

လက်ရှိ ထို ညမထွက်ရ အမိန့် ဥပဒေကို ချိုးဖောက်သူ(၈၀)ကျော်သည် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့၊ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ နှင့် သျှမ်းပြည် တောင်ပိုင်း တာင်ကြီးမြို့ တို့မှ ဖြစ်ကြောင်းသိရသည်။

ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ရန်အတွက် ဒေသန္တရ ည မထွက်ရ အမိန့်ကို ည ၁၂နာရီမှ မနက် ၄ နာရီ အထိ ကန့်သတ်ထားပြီး၊ ထို အမိန့်ကို ချိုးဖောက်ပါက ဖမ်းဆီးအရေးယူသွားမည် ဟု သက်ဆိုင်ရာ က မေလလယ်ပိုင်းမှ စတင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် စက်တင်ဘာ ၂ရက်မှ စတင်ကာ သျှမ်းပြည် မြောက်ပိုင်း မူဆယ်တွင် စတင်ဖမ်းဆီး အရေးယူခဲ့ကြောင်း ဂရုဏာ လူမှု ကူညီရေး အသင်း မှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကျနော်တို့ မနေ့က ဖမ်းဆီးမိရသူတွေထဲမှာတော့ မူယစ်ဆေးဝါးသုံးစွဲ ထားသူလည်းပါတယ်။ ကား၊ဆိုင်ကယ်တွေကောအများကြီး ပါတယ်။ ကျနော်တို့ ကဖမ်းဆီးရပြီး ရဲစခန်းမှူးကိုဘဲ အပ်လိုက်တာပါ” ဟု ဦးသောင်းထွန်းက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူ တချို့တွင် ကျန်းမာရေး အထောက်အထားများ ပါရှိသဖြင့် ခွင့်ပြုပေးခဲ့ပြီး၊ ကျန်းမာရေး အထောက်အထားမရှိသူများကို ဖမ်းဆီး ပြီး အရေးယူခဲ့ကြောင်း ဦးသောင်းထွန်း က ပြောသည်။

“ဖမ်းဆီးခံရသူ ၃၀ ကျော်လောက်ရှိတယ်။ အသက်မပြည့်သူတွေလည်းပါတယ်” ဟု ဦးသောင်းထွန်း ကဆိုသည်။

https://www.facebook.com/thaung.tun.9822924

ထိုဖမ်းဆီးခံရသည့် အယောက် (၃၀) ထဲမှ ၁၅ဦးကို ရဲစခန်းမှူး လက်ထဲ အပြီး ညမထွက်ရ ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ ထောင်ဒဏ် တလ ချသွားမည် ဖြစ်ကြောင်း ဦးသောင်းထွန်း က ထပ်လောင်းပြောသည်။

“ဖမ်းဆီးရမိသူကိုတော့ လာရှိုးအကျဉ်းထောင်ကို ပို့ဖို့စီစဉ်နေတယ်။ ဘယ်နယောက် အမိန့်ချလဲတော့မသိသေးဘူး။ အဖြေကိုတော့ ညမှသိရမှာပါ” ဟု ဦးသောင်းထွန်း က ဖြည့်စွက်ပြောသည်။

ထိုနည်းတူ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်တွင်လည်း ညမထွက်ရ အမိန့်ချိုးဖောက်သူ (၂၂) ဦး ကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တာချီလိတ်မှာတော့ (၂၂)ဦး ဖမ်းဆီးရတယ်။ တရားရုံးမှာ ပုဒ်မ(၁၈၈) နဲ့ အမှုဖွင့်ထားလိုက်ပြီ။ မနေ့ညက KTV ဆိုင် (၂) ဆိုင်ကိုလည်း ဖမ်းဆီးရမိတယ်” ဟု ဦးချမ်းမြေ့စော က ပြောသည်။

ဆက်လက်ပြီး သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း ညမထွက်ရ ဥပဒေ အမိန့်ကို ချိုးဖောက်သူ ၃၀ ကျော်ရှိကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှု ဦးဖြိုးမင်းထိုက်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မနေ့ညကတော့ ၃ ဦးထပ်မံဖမ်းဆီးရမိတယ်။ တောင်ကြီးမြို့ပေါ်မှာ စုစုပေါင်း ၃၀ ကျော် ဖမ်းဆီးရမိပြီ ” ဟုဦးဖြိုးမင်းထိုက်က ပြောသည်။

ထို ဖမ်းဆီးရမည့်သူများအားလုံးကို ဥပဒေနှင့်အညီ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းထိုက် က ဆိုသည်။

ယခုရက်ပိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့် လာသဖြင့် တားဆီး ကာကွယ်ရန်အတွက် သျှမ်းပြည်နယ်တွင် ယခင်ကထက် စည်းကမ်း ပိုမိုတင်းကြပ်လာကြောင်းသိရ သည်။

ကနေ့ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်သူ မှာ စုစုပေါင်း (၁၁၃၃) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၃၅၉) ရှိပါသည်။

သို့သော် ကူးစက်လူနာများအနက် ယမန်နေ့ စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခွဲ အချိန်က ကိုဗစ်-၁၉ လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ သေဆုံးသူ (၇) ဦး ရှိ ဖြစ်ကြောင်း ကျန်းမာရေးထုတ်ပြန်ချက် အရ သိရသည်။

(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...