Thursday, May 2, 2024

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ သေဆုံးသူ(၇) ဦးထိရှိလာ

Must read

ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ်( ၁၀၂၃) သည် ယမန်(စက်တင်ဘာ ၃)ရက် ည ၁၀နာရီခွဲ တွင် သေဆုံးသွားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ လူနာ အမှတ်(၁၀၂၃)သည် အသက် (၄၆) နှစ် အရွယ် အမျိုးသမီးဖြစ်ပြီး ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသခံနေသူ တဦးဖြစ်သည်။

ထိုသူတွင် အရေးပြား လေဖက်နာရောဂါ အခံရှိပြီး ယမန် ည ၁၀နာရီခွဲတွင် နှလုံးစည်းချက် မမှန်ဖြစ်ကာ နှလုံး အမောဖောက်ခြင်းကြောင့်သေဆုံးသွားခြင်းဖြစ်ကြောင်း ယနေ့(စက်တင်ဘာ ၄)ရက် မနက် ၈နာရီ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လူနာအမှတ်(၁၀၂၃)သည် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိ၊ ပြည်ပသို့ ခရီးသွားရာဇာဝင် မရှိသည့် လူနာတဦးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်တွင် နေထိုင်သည့် သူဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ (၇)ဦးထိရှိလာပြီး၊ ယနေ့မနက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၁၃၃ ) ဦးထိ မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article