Wednesday, January 28, 2026

ကိုဗစ် ၁၉ ကူးစက်ခံရသူများလာသဖြင့် သျှမ်းပြည် အတွင်း စည်းကမ်းတင်းကြပ်

စိုင်းဆိုင်လှိုင်း

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ မြင့်တက်လာသဖြင့် သျှမ်းပြည်တဝှမ်း သွားလာမှု ယခင်ကထက် စည်းကမ်း တင်ကြပ်လာသည် ဟု စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ထိ ကိုဗစ်ကူးစက်ခံရသူ (၁၀၅၈) ဦးရှိလာပြီးဖြစ်သဖြင့် သျှမ်းပြည် တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ရှိလာမည်ကို စိုးရိမ်သည့်အတွက် ကာကွယ်သည့်အနေဖြင့် Mask (နှာခေါင်းစည်း) မတပ်ပါက ရပ်ကွက်အတွင်းသို့ ပေးမဝင်ကြောင်း မူဆယ် တောင်ရပ်ကွက် ဒေသခံ စိုင်းမြတ်အောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကိုဗစ် -၁၉ ကူးစက်မှု မြင့်တက်လာတဲ့အတွက် ကျနော်တို့မူဆယ်မြို့မှာရှိတဲ့ ရပ်ကွက် အားလုံးကို ဌာနဆိုင်ရာက အစည်းဝေး ခေါ်တယ်။ Mask မတပ်ထားရင် ရပ်ကွက်ထဲ ပေးမဝင်တော့ဘူး။ Mask မတပ်ဘဲ လာခဲ့ရင် ကျနော်တို့က Maskကို ပြန်သွားဝယ်ခိုင်း ပြီးမှ ရပ်ကွက်ထဲပေးဝင်သွားမှာပါ” ဟု စိုင်းမြတ်အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ပြုလုပ်ခြင်းသည် လက်ရှိမှာ တောင်ရပ်ကွက် တခုတည်းသာ စတင်ပြုလုပ်နေကြောင်း စိုင်းမြတ်အောင် က ပြောသည်။

“ ကျနော်တို့ သြဂုတ် လကုန် ကတည်း စလုပ်ခဲ့တာ။ ကျနော်တို့ရပ်ကွက်ပဲလုပ်သေးတယ်။ ကျန်တဲ့ရပ်ကွက်က တော့ လုပ်တာမတွေ့ရသေးဘူး” ဟု စိုင်းမြတ်အောင် ကပြောသည်။

အလားတူ ကာလိမြို့တွင်လည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် ဌာနဆိုင်ရာများမှာ အစည်းဝေး ပြုလုပ်ခဲ့ သော်လည်း လက်ရှိ အချိန်ထိ ပြည်သူများက လိုက်နာခြင်မရှိသေးကြောင်း ကာလိမြို့ နမ့်ခုံးရှမ်းပရဟိတ အသင်းမှ စိုင်းဆိုင်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့ ဒီနေ့ တော့ မြို့မအလယ် မှာ Mask တွေနဲ့လက်သန့်ဆေးရည်တွေကို ဝေပေးနေပါတယ်။ စည်းကမ်းကိုလိုက်နာပေးဖို့ ကျနော်တို့ကလည်း မနက်တိုင်း လိုက်နှိုးဆော်ပေးတယ်” ဟု နမ့်ခုံး ရှမ်းပရဟိတ အသင်း စိုင်းဆိုင်ခေးက ပြောသည်။

ဆက်လက်ပြီး လွိုင်လင်၊ပင်လုံမြို့ တို့တွင်လည်း ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်သည့် အနေဖြင့် ကျန်းမာရေး စစ်ဆေးဂိတ် များကိုဖွင့်ထားကြောင်းသိရသည်။

“ကျမတို့မြို့ထဲဖြတ်မဲ့ကား တွေအားလုံးကို စစ်ဆေးဂိတ် ကနေပြီး အဖျားတိုင်းပေးတယ်။ လက်ဆေးခိုင်းတယ်။ နယ်ဝေးကနေလာပြီး မြို့ထဲမှလာအိပ်မယ်ဆိုရင်လည်း မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊နာမည် တွေကို အရင်ကောက် ပြီးမှ ဘဲ ပေးနေမှာပါ” ဟု လွိုင်လင်ဒေသခံ နန်းမွန်းခမ်းက ပြောသည်။

ကမ္ဘာတဝှမ်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ယမန်နှစ် ဒီဇင်ဘာ လမှ စတင်ကာ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင်မေလ တွင် ကိုဗစ်-၁၉ ကို စတင်တွေ့ရှိသည့်အချိန်တွင် မြန်မာပြည်သူများစိုးရိမ်မှု အနည်းငယ်သာရှိခဲ့ပြီး၊ လက်ရှိ ဒုတိယလှိုင်းဖြစ်သည့် ပြည်တွင်းကူးစက်မှုနှုန်းများလာသည့်အချိန်တွင် ပြည်သူများ စိုးရိမ်စိတ်မြင့်တက်လာကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်ပိုးတွေလူနာ စုစုပေါင်း ၁၂ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ နှင့် ထိတွေ့ဆက်စပ်သူ များစွာ ရှိကြောင်းသိရသည်။

ယခုရက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရသည့် သူ အများဆုံးသည် ရခိုင်ပြည်နယ် မှ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...