မှတ်ပုံတင် မရှိသည့် မဲဆန္ဒရှင်များ မဲပေးနိုင်ရန် သက်သေခံလက်မှတ် ထုတ်ပေးမည်

0

သျှမ်းပြည် အတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသည့် မဲဆန္ဒရှင်များ မဲပေးနိုင်ရန် သက်သေခံလက်မှတ် ထုတ်ပေးမည် ဟု ရှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထင်ကျော် က ပြောသည်။

ရှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထင်ကျော်

သျှမ်းပြည်တွင် နိုင်ငံသား စီစစ်ရေးကတ်ပြား မှတ်ပုံတင် နိုင် ကဒ်အမှတ် နေရာတွင် ကွက်လပ် ဖြစ်နေသော လူဦးရေ( ၇) သိန်းကျော်ရှိ ပြီး သက်ဆိုင်ရာ လ.ဝ.က ဌာနမှ စီမံ ချက်ဖြင့် ထုတ်ပေးနိုင်ရန် တွန်းအားပေးထားကြောင်း ဦးထင်ကျော်က ပြောသည်။

“ ရွေးကောက်ပွဲ အမှီ အချိန်မှီလုပ်မပေးနိုင်ရင် အခြားတစ်နည်း ကျနော်တို့ စီစဉ်ထားတယ် ။ လောလောဆယ် မှတ်ပုံတင်ကတ် မရှိဘူးဆိုရင် ကျောင်းသားကတ်ရှိ ရင်သော်လည်းကောင်း ၊ ကြက်ခြေနီကတ် ၊ အရံမီးသတ်ကတ် ရှိမယ် ၊ ဝန်ထမ်းကတ် ရှိမယ်ဆိုရင် စသဖြင့် အထောက်အထားတစ်ခုခုပေါ့ ယာဉ်မောင်းလိုင်စင် ကတ် တစ်ခုခု ရှိမယ်ဆိုရင် ရတဲ့ အထောက်အထားနဲ့ ကျွန်တော်တို့ မဲပေးပိုင်ခွင့် ရဖို့ စီစဉ်နေတယ် ” ဟု ဦးထင်ကျော်ကပြောသည် ။

အထက်ပါ အထောက်အထားများမရှိလျှင်လည်း ရွေးကောက်ပွဲကာလတွင် မဲပေးနိုင် ရေး အတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ဝေရန်စီစဉ် ထားကြောင်း အဆိုပါသက်သေခံလက်မှတ် သည် မဲပေးရုံသက် သက်မျှသာ ဖြစ် ပြီး မဲပေးပြီးလျှင် မဲဆန္ဒရှင် သက်သေခံလက်မှတ်သည် ပျက်ပြယ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည် ။

Leave a Comments

SHARE