ယနေ့ စက်တင်ဘာ ၃ ရက် တွင် ကိုဗစ်-အတည်ပြု လူနာ (၆၃) ဦးတွေ့ရပြီး၊ ထိုထဲတွင် သျှမ်းပြည်တောင်ပိုင်း ကလောမြို့ဒေသခံ တဦး ပါဝင်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ကလောမြို့မှ ပိုးတွေ့လူနာ တွင် (*) မပြ သဖြင့် ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသလို ပိုးတွေ့လူနာ နှင့် ထိတွေ့မှု မရှိကြောင်း သိရသည်။
“ဆရာ တို့ဘက်က ၁ ရက်နေ့ ပို့ထားတာ (၁၉ ) ယောက်လုံးက Negative ပဲ။ အဲ့ဒါ ဘယ်ကလဲဆိုတာ ဆက်လက် စုံစမ်းနေပါတယ်။” ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။
ကျန်းမာရး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ယနေ့ ဓါတ်ခွဲအတည်ပြုလူနာ ၆၃ အနက် ရန်ကုန်တိုင်းဒေသကြီး က အများဆုံးဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၁၀၅၈ ဦး ရှိပြီး ရန်ကုန်တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် မှာ ပိုးတွေ့ လူနာအများဆုံး ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။











Leave a Comments