Wednesday, January 28, 2026

သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ သံသယ လူနာ (၈)ဦးရှိ

သျှမ်းပြည် တဝှမ်း တွင် ကိုဗစ် – ၁၉ သံသယ လူနာ (၈) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ (၈) ဦးသည် ရန်ကုန် မှ ပြန်လာသည့် လူနာများ နှင့် ရခိုင်မှ ပြန်လာသည့် လူနာများဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ ရခိုင်ပြည်မှာ ပြန်လည်ရောက်လာပြီး နေမကောင်းဖြစ်သည့် အတွက် သီပေါဆေးရုံသို့ ဆေးကုသမှု ခံယူပြီး၊ ၎င်းတို့၏ ဓါတ်ခွဲနမူနာကို ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သီပေါမြို့ နယ်ခြားမစည်း ပရဟိတ ကိုမျိုး ကပြောသည်။

https://www.facebook.com/photo?fbid=1264482623884089&set=pcb.1264483940550624

“ရခိုင်မှာ ပြန်လာပြီး နေမကောင်းတာ ၂ ယောက်ရှိတယ်။ ကျနော်တို့ သွားရောက်ခေါ်ဆောင်ပြီး သူတို့ရဲ့ swab ကို ယူထားပါတယ်” ဟု ကိုမျိုး ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံတွင် သံသယ လူနာ (၃) ဦး နှင့် တာချီလိတ်တွင် (၃) ဦး ရှိကြောင်း သိရသည်။

“ကိုဗစ် သံသယလူနာ ၃ ဦးရှိထားပါတယ်။ ဖျားတယ်။ အနံ့မရဘူး။၂ ယောက်က ရန်ကုန်ကနေ ပြန်လာတယ်။ ၁ ယောက်တော့ ကားလိုင်းမောင်းတဲ့သူပါ။” သျှမ်းပြည်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျိုင်းတုံမြို့မ ဈေး နှင့် မြို့သစ်ဈေး ( အာခါဈေး) တို့သည် ကိုဗစ်-၁၉ သံသယ လူနာ ရှိသည့်အတွက် ဈေးများကို စက်တင်ဘာ (၂ မှ ၄) ရက်ထိ ပိတ်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံ ဒေသခံ စိုင်းဆိုင်တွံ ကပြောသည်။

“ဟုတ်ပါတယ်။ ၃ ရက်ပိတ်မယ်လို့ ကြောညာထားပါတယ်။ ကိုဗစ် သံသယ လူနာရှိလို့တဲ့” ဟု ဒေသခံ စိုင်းဆိုင်တွံ ကပြောသည်။

ဈေးပြန်လည်ဖွင့်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲအဖြေရမှာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဈေး ၃ ရက်ပိတ်ထားပါတယ်။ ဘာကြောင့် ပိတ်ရတာလဲ ဆိုတော့ သံသယ လူနာက လက္ခဏာ တော်တော် ဆင်တူ ကြတယ်။ ဓါတ်ခွဲအဖြေရမှ ဈေးဖွင့်ဖို့ မဖွင့်ဖို့ ဆုံးဖြတ်မယ်လို့ သိရပါတယ်” ဟု သျှမ်းပြည်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်မြို့တွင်လည်း ရခိုင်ပြည်မှ ပြန်လည် ဝင်ရောက်လာသူ (၃) ဦးရှိပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာ ယူထားပြီး ရန်ကုန်အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ကပြောသည်။

“လက်ရှိ မှာ ရခိုင်ပြန် (၃) ဦးရှိထားပါတယ်။ သူတို့ရဲ့ ဓါတ်ခွဲနမူနာ ပို့ထားပါတယ်။” ဟု ဦးချမ်းမြေ့စော ကပြောသည်။

သျှမ်းပြည်နယ်တွင်းရှိ တချို့ မြို့နယ် တွင်လည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့မဈေးရှိ ဆိုင်ခန်းများကို အလှည့်ကျ စနစ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ တစ်ထောင် ဝန်းကျင် ရှိပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာ (၂) ရက် ထုတ်ပြန်ချက်အရ ကိုဗစ် အတည်ပြု လူနာ ( ၉၃၈) ဦး ၊ ပြန်လည် သက်သာလာသူ ( ၃၅၇) ဦး၊ လက်ရှိလူနာ (၅၇၅) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အတည်ပြု လူနာ အများစုသည် ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ အများဆုံး တွေ့ရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ ကိုဗစ် -၁၉ အတည်ပြု လူနာ တစ်ဦး ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...