Tuesday, January 27, 2026

နယ်စပ်ကုန်စည်ဒိုင်များ တရုတ်အစိုးရဖိအားပေးမှု ကြုံတွေ့နေရ

မြန်မာ-တရုတ် နယ်စပ် ရှိ မြန်မာကုန်စည်ဒိုင်များကို တရုတ်အစိုးရက တင်းကြပ်သည့်ဥပဒေ ထုတ်ပြန်လိုက်ပြီးနောက် မူဆယ်မြို့ အတွင်း ကုန်စည်ဒိုင်နေရာ များ အမြန်ဖန်တီးပေးရန် လိုအပ်ကြောင်း ကုန်သည်များ အသိုင်းအဝိုင်းက တောင်းဆိုလိုက်သည်။

Photo by Zaw Min Muse / Facebook

သြဂုတ် ၂၅ ရက်က တရုတ်နိုင်ငံ အစိုးရက – ယခုမှစ၍ တရုတ်နိုင်ငံ ကျယ်ဂေါင် အတွင်း ကုန်စည်ဒိုင် လာရောက်ဖွင့်လှစ်မည်ဆိုပါက တရုတ် နိုင်ငံသား ရှယ်ယာ (သို့မဟုတ်) တရုတ် မှတ်ပုံတင်မှသာ လိုင်စင်လျှောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထားရန်အတွက် တရုတ်ယွမ်ငွေ ၅ သိန်း (မြန်မာကျပ်ငွေသိန်း ၁၀၀ နီးပါး) ဂရန် (အာမခံ) ငွေပေးဆောင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်ဟု ကုန်စည်ဒိုင် များက ပြောသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ဖွင့်လှစ်ထားသည့် မြန်မာ ကုန်စည်ဒိုင် သမားများအနေဖြင့် တရုတ်နိုင်ငံက ထုတ်သည့် စည်းမျဉ်း ဥပဒေ ပြစ်ဒဏ်များကို လက်ခံနိုင်ကြောင်း သို့သော် တရုတ်နိုင်ငံသား နှင့် လိုင်စင်လျှောက်ပါက တရုတ်ယွမ် ၅ အာမခံအတွက်ပေးထားရမည့် ကိစ္စကို လက်မခံနိုင်ကြောင်း ချယ်ရီမြေ ကုန်စည်ဒိုင် မှ ကိုဇော်မင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကိုဇော်မင်း က “ တဖက်က တရုတ်နိုင်ငံသား မှတ်ပုံတင် ယွမ် ၅ သိန်း စပေါ်ငွေ က မတရားလုပ်ခံရတာပေါ့။ဒီဟာတွေ ဖြေလျော့ဖို့အကောင်းဆုံးကတော့ ကိုယ့်နိုင်ငံဘက် ခြမ်းမှာပဲ ကုန်စည်ဒိုင်တွေ ကုန်ဂိတ်တွေကို အမြန်ဆုံးလုပ်ပေးရင် ဒီလို ပြဿနာတွေ ပေါ်ပေါက်လာမှာ မဟုတ်တော့ဘူး။ အခု က နေရာကို အမြန်ဆုံး စီစဉ်ပေးဖို့ပါ” ဟု ပြောဆိုလိုက်သည်။

ဆက်လက်ပြီး လုပ်ငန်းခွင် လိုင်စင် လျှောက်ရန် အတွက်လည်း ၁၀ရက်သာ အချိန်ပေးသည့်အပေါ် ဖြေလျော့ရန် နှင့် အလုပ်သမား (၅) ဦး ကိုကျန်းမာရေး ထောက်ခံချက်နှင့် အညီ ဝင်၊ထွက် ခွင့်ပေးရန် နှင့် ဂိတ်ပိုင်၊ ဂိတ်မှူးများကို ဝင်ခွင့်ပြုရန် ကုန်စည်ဒိုင်များက တောင်းဆိုထားကြောင်း ကိုဇော်မင်း က ထပ်လောင်းပြောသည်။

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင် ကို လွတ်လပ်သည့် ကုန်သွယ်ရေး ဇုံ (Free Trade Zone) ဟု သတ်မှတ်ထားသော်လည်း လက်ရှိ မှာ တရုတ်ပြည်ဘက်မှ စည်းကမ်း တင်းကြပ်သည့် အပေါ် မလိုလားကြောင်း လည်း ကုန်စည်ဒိုင် အသိုင်းအဝိုင်းက ပြောဆိုသည်။

“ ကျနော်တို့ အတွက် အကောင်းဆုံးက မူဆယ်ဘက် မှာ နေရာ ဖန်တီးပေးဖို့ပါပဲ။ ကုန်စည်ဒိုင် အမြန်လုပ်ပေးဖို့လည်း အစိုးရကို တောင်းဆိုချင်တယ်” ဟု ကုန်စည်ဒိုင် ဂိတ်မှူး တဦး က ပြောသည်။

မူဆယ်ဘက်ခြမ်းသို့ ကုန်စည်ဒိုင်များ ဖွင့်လှစ်နိုင်ပါက မူဆယ်ဒေသခံများအတွက် အဖက်ဖက်မှကောင်းမွန်သကဲ့သို့ ကုန်စည်ဒိုင်များ အလုပ်သမားများအတွက်လည်း အဆင်ပြေကြောင်း ၎င်း ဂိတ်မှူး က ဆိုသည်။

“ မြန်မာဘက် ကုန်စည်ဒိုင်တွေ ရွှေ့လာမယ်ဆိုရင် ဒေသခံတွေ အတွက် အများကြီး ကောင်းမယ်။ အလုပ်သမားတွေလည်း တရုတ်ပြည်ကို ဝင်၊ထွက်ရမခက်တော့ဘူး။ တရုတ်ဖမ်းဆီးမှုလည်း မခံရတော့ဘူး” ဟု ကိုဇော်မင်း က ပြောသည်။

တရုတ်ပြည်ကျယ်ဂေါင်-ရွှေလီ အတွင်းရှိ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ၊ ကုန်စည်ပို့ဆောင်ရေး ဂိတ်များ၊ အမြန်ချောပို့ ဂိတ်များ နှင့်အခြားလုပ်ငန်းရှင်များ အားလုံးသည် တရုတ်ပြည်မှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်များ မရှိပါက သြဂုတ် ၂၅ရက်မှ စက်တင်ဘာ ၃ရက် အတွင်း လုပ်ငန်းနှင့် ပတ်သက်သည့် အရာများအား အမြန်ဆုံး သိမ်းဆည်းပြီး တရုတ်ပြည်ကျယ်ဂေါင်-ရွှေလီမှ ထွက်ခွာပေးရမည် ဟု တရုတ်နိုင်ငံ အစိုးရ က ကြေညာချက်ထုတ်ထားသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှသက်ဆိုင်သော ဥပဒေ စည်းမျဉ်းစည်းကမ်းများအရ မြန်မာနိုင်ငံ သားများသည် လုပ်ငန်းလိုင်စင် ရှိပါသော်လည်း လုပ်ငန်းဆက်လက်ဆောင်ရွက်ခြ င်းမပြုရဘဲ တရုတ်ပြည်အတွင်းရှိ တရုတ်နိုင်ငံသားများနှင့်ဖက်စပ် လုပ်ကိုင်သည့် မှက်ပုံတင်ပြီး မှ သာ လုပ်ငန်းဆက်လက် လည်ပတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များကို ကျူးလွန်ပါက ဒဏ်ကြေးငွေ ယွမ် ၅၀၀၀ မှ ယွမ် ၁၀၀၀၀၀ အထိ ဆောင်ရမည့်အပြင် လုပ်ငန်းလိုင်စင်များပါ ဖျက်သိမ်းခြင်း၊ လုပ်ငန်းများ ချိတ်ပိတ် ကာ ဖမ်းဆီးခြင်းပါ ခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”

0
သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို...

တရုတ်က ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သေဆုံးဟု စစ်ကောင်စီ ထုတ်ပြန်

0
ကျားဖြန့် ခေါ် အွန်လိုင်း လိမ်လည်မှု သံသယ နဲ့ တရုတ်အစိုးရက အလိုရှိနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးမြီရှောက်ချန်း ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ...

နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်း ထွက်ကြံများဝယ်ယူမည်မဟုတ်ကြောင်း တရုတ် ဖိအားပေး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်းသို့ တရုတ်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံများက သ‌ဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြောဆိုလာကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာထဲသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ နယ်မြေကျော်လာပြီး...

တရုတ်ပြည်သို့ မြန်မာကုန်တင်ယာဉ် တရက် အစီး ( ၁၅၀ )သာ ဝင်နိုင်

0
ကိုဗစ်-၁၉ ကာလမှာ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ် တစ်ရက်လျှင် ကားအစီးရေ (၁၅၀) ဝန်းကျင် သာ ပို့ဆောင်နိုင်ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် မှ စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ် နယ်စပ်မှာ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့ သည့်ကုန်တင်ယာဉ် တစ်ရက်လျှင်...