Wednesday, January 28, 2026

တောင်ကြီး တွင် ကိုဗစ်-၁၉ လူနာ တဦး ပြန်လည်ထွက်ပေါ်လာ

သြဂုတ်လ ၂၉ ရက်ယနေ့မနက်ပိုင်း ကိုဗစ် -၁၉ အတည်ပြုလူနာ ၁၃ ဦး ထပ်တိုးရာ ထိုထဲမှ တဦးသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင်နေထိုင်သူဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

Photo by SHAN

တောင်ကြီးဒေသခံ ကိုဗစ် – ၁၉ အတည်ပြု လူနာ အမှတ် ၆၅၂ သည် သြဂုတ် ၂၅ ရက်ကအတည်ပြု လူနာ အမှတ် ၄၇၇ နှင့် ထိတွေ့ခဲ့ဖူးသူဖြစ်သည်။

လူနာ အမှတ် ၆၅၂ သည် ပြည်ပသို့ ခရီးသွား ရာဇဝင်သို့ မရှိခဲ့ကြောင်း လည်းသိရသည်။

ထိုလူနာသည် အသက် ၄၂ နှစ် အရွယ် အမျိုးသမီးဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူဖြစ်ကြောင်း တောင်ကြီး စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စဝ်စံထွန်း ဆေးရုံကိုတော့ ဒီမနက် ၈ နာရီ ဝန်းကျင်ကိုတော့ ပို့မယ်လို့တော့ ပြောတယ်။အသေးစိတ်တော့ မသိရသေးဘူး” စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်း က ပြောသည်။

အဆိုပါ ပိုးတွေ့ထားသူ လူနာအမှတ် (၄၇၇) နှင့် တကွ ထိတွေ့သူ (၆) ဦးတို့သည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ ဧရာဝတီလမ်းတွင် နေထိုင်ကြပြီး၊ လက်ရှိမှာ ထိုလမ်းကို အသွားအလာ ကန့်သတ်ထားမှုများ ပြုလုပ်ထားကြောင်း သိရသည်။

တောင်ကြီးဒေသခံ လူနာ အမှတ် ၄၇၇ သည် သြဂုတ် ၂ ရက်နေ့ကတည်းက ရန်ကုန်သို့ ရောက်ရှိနေကြောင်း၊ လက်ရှိတွင်လည်း ရန်ကုန်ဆေးရုံတွင်ပင်ဆေးကုသမှုခံယူနေကြောင်းလည်းသိရသည်။

ပိုးတွေ့လူနာ အမှတ်( ၆၅၂) နှင့်ပတ်သက်ပြီး ပြည်နယ် ကျန်းမာရေးရုံးသို့ အကြိမ်ကြိမ် ဆက်သွယ် ကြည့်သော်လည်း အသေးစိတ်အချက်အလက်မရရှိသေးပေ ။

သြဂုတ်လ ၂၉ ရက် ယနေ့အထိ မြန်မာနိုင်ငံတွင် ပိုးတွေ့ လူနာ ၆၅၆ ဦးရှိခဲ့ပြီး ၊ ပြန်လည်သက်သာလာသူ ( ၃၄၉ ) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယနေ့ သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံတွင် ပိုးတွေ့လူနာ တစ်ဦးရှိနေပြီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...