Tuesday, January 27, 2026

တာကော် တံတားတွင် ကျပ်သိန်း( ၃၂) ဘီလီယံရှိ ICE သိမ်းဆည်းရမိ

သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ တာကော် တံတား တွင် ကျပ်သိန်း (၃၂) ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက် အရသိရသည်။

ယမန် (သြဂုတ် ၂၇)ရက် နေ့လည် ၁ နာရီ တွင် ကာလိမြို့ တာကော် တံတား စစ်ဆေးရေးဂိတ် တွင် ယာဉ်မောင်း စိုင်းသက်ထွန်း မောင်းနှင်းလာပြီး၊ ကျန်းမိန်မှေး(ခ) ဝင်နိုင် လိုက်ပါလာသည့် ဆီဘောက်ဆာ ယာဉ်ကို မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။

ထို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေး ဂိတ်သို့ မရောက်မီ ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်း ဖြစ်သူသည် လျှို အတွင်းမှ တဆင့် သံလွင်မြစ်အတွင်းသို့ ခုန်ချ ထွက်ပြေးသွားကြောင်းသိရသည်။

ထို ဆီဘောက်ဆာ ၏ အလယ်အကန့်တွင် အံဝှက်ပြုလုပ်ထားပြီး ICE (မက်အဖက်တမင်း) ၁၆၀၀ ကီလို နှင့် လက်ကိုင်ဖုန်းကို သိမ်းဆည်းရမိသည်။

ထို့ကြောင့် ယာဉ်နောက်လိုက်ဖြစ်သည့် ကျန်းမိန်မှေး(ခ) ဝင်းနိုင်ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားမည် ဖြစ်ပြီး၊ ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...