ထိုင်းနိုင်ငံမှ ထိန်းသိမ်းခံရသည့် မြန်မာရွှေ့ပြောင်း (၈၀) ဝန်းကျင် တာချီလိတ်သို့ ပြန်ဝင်လာ

စိုင်းဆိုင်လှိုင်း

ထိုင်းနိုင်ငံမှ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်သို့ ယနေ့ (သြဂုတ် ၂၈) မနက် ၉ နာရီအချိန်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ ဝန်းကျင် ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

တာချီလိတ်တွင် Quarantine ဝင်ပြီး တောင်ကြီးသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း များ( ဓာတ်ပုံ ကိုဝင်းနိုင်စိုး)

ထိုသူများသည် ထိုင်းနိုင်ငံတွင် အလုပ်သွား လုပ်ရာမှ အကြောင်းအမျိုးမျိုး ကြောင့် ထိန်းသိမ်းခံရသူများဖြစ်ကြသည်။

“ဝင်ရောက်လာသည့် သူတွေကို (၇) ရက်Quarantineဝင်ထားပြီး ကျန်းမာရေးစစ်ဆေးချက်ထွက်တဲ့အထိ Negative ဖြစ်မှ ကိုယ့်မြို့နယ် ကိုပြန်လွတ်မှာပါ။ (၇၈) ယောက်လုံးကို တာချီလိတ်မှာဘဲ Quarantine ဝင်ထားခိုင်းမှာပါ” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှုက ဦးချမ်းမြေ့စော ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြည်ဝင်လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၅၆) ဦးနှင့် အမျိုးသမီး (၂၃) ဦးတို့ကို တာချီလိတ် တွင်ဖွင့်ထားသည့် Quarantine Center မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ Quarantine ဝင်နေကြရကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ ပြန်လာပြီး တာချီလိတ်တွင် Quarantine center ဝင်ပြီးထားသည့် မြန်မာရွှေ့ပြောင်းအုလပ်သမား (၁၀၀)ကျော်သည် ယနေ့ မနက်(၁၀)နာရီတွင် တောင်ကြီးကို ရောက်ရှိလာကြောင်း တောင်ကြီးမြို့ ပရဟိတ လုပ်ဆောင်နေသည့် ကိုဝင်နိုင်းစိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီနေ့ ပြည်တော်ပြန်မှ ဝင်ရောက်လာတဲ့ သူတွေအားလုံးက တာချီလိတ်မြို့မှ Quarantine ဝင်ထားကြပြီးပြီး။ အခုက သူတို့နေရာ ဒေသအလိုက် ကားဂိတ်ကနေ ပို့ဆောင်ပေးလိုက်ပါပြီး”ဟု ပရိဟိတ ကိုဝင်းနိုင်စိုက ပြောသည်။

အဆိုပါ ဝင်ရောက်လာသူများသည် တောင်ကြီးမြို့နယ်တွင် ၂၀ ကျော်ပါရှိကြောင်း သိရသည်။

ယနေ့ (သြဂုတ်လ ၂၈) မနက် ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ် -၁၉ လူနာအသစ် (၂၆) ဦးထပ်တိုးလာကြောင်း ကျန်းမားရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း (၆၂၈) ဦး ရှိပြီး ပြန်လည်သက်သာလာသူ (၃၄၉) ဦးနှင့် သေဆုံးသူ (၆) ဦး ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စောင့်ကြည်လူနာ စုစုပေါင်း ၇၃၄၃ ဦးရှိ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...