တောင်ကြီး တွင် SNLDလူငယ်အမျိုးသမီး ၃ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ၌ ကိုယ်စားလှယ်လောင်း လူငယ် အမျိုးသမီး (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ နန်းမြဦး/ Facebook

တောင်ကြီးမြို့နယ် တွင် SNLD ကိုယ်စားလှယ်လောင်း ၅ ဦးထဲ၌ လူငယ် အမျိုးသမီး (၃) ဦးပါဝင်ကြောင်း သိရသည်။

“ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် ၅ ဦး စလုံးကို ကြည့်မယ်ဆိုလို့ရှိရင် အသက်အရွယ်အားဖြင့် လူငယ်လို့ ပြောရမှာပါ။ အဲ့ဒီ လူငယ်တွေဟာ ဘာသာစကားအားဖြင့်လဲ ၂ ခု ၃ ခုလောက်ပြောနိုင်တယ်။ ဥပဒေ ပညာရှင်လည်း အဲ့ထဲမှာ ပါတယ်။ နိုင်ငံခြားက ဘွဲ့ရလာတဲ့သူတွေလည်း ပါတယ်။ သူတို့ရဲ့ အရည်ချင်းကို ကြည့်ခြင်းအားဖြင့် ဒါဟာ (၁၀) ရာခိုင်နှုန်း အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ နန်းမြဦး ကပြောသည်။

SNLD အနေဖြင့် တောင်ကြီးမြို့နယ် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နေရာများမှာ ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီး ၊ အမျိုးသား လွှတ်တော် ၊ ပြည်သူ့ လွှတ်တော် နှင့် ပြည်နယ် လွှတ်တော် (၂) နေရာ တို့ဖြစ်ကြောင်းသိရသည်။

“လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ကတော့ နိုင်မယ်လို့ မျှော်လင့်တာပေ့ါ ဒါတောင်ကြီး အနေနဲ့ပဲ တွက်တာပါ။ အဲ့လောက်ထိ နိုင်မယ်ဆိုလို့ရှိရင် အဲ့ထက် မကလဲ နိုင်ခြေ နိုင်ပါတယ်။ အဲ့မှကိုယ့်ရဲ့ သမိုင်းမှာ မပေါ်ဖူးတဲ့အရာမျိုး တခါမှ မဖြစ်ဖူးတဲ့ အရာမျိုးလည်း ဖြစ်နိုင်တယ်။” ဟု နန်းမြဦး က ဆိုသည်။

SNLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလ မှာ တောင်ကြီးခရိုင်မှာ အနိုင်ရခြင်း မရှိခဲ့ပေ။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ( SNLD) ပါတီအနေဖြင့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ရာခိုင်နှုန်း ပါဝင်ထားကြောင်း သိရသည်။

SNLD ပါတီသည် (၄၅) မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုင်းရင်းသား မဲဆန္ဒနယ် (၃) ဦး၊ အမျိုးသား လွှတ်တော် နေရာ (၁၂) ဦး၊ ပြည်သူ့ လွှတ်တော်နေရာ (၃၈) ဦး နှင့် ပြည်နယ် လွှတ်တော် နေရာ (၇၉ ) ဦး စုစုပေါင်း (၁၃၂) ဦး ဝင်ရောက်ယှဉ် ပြိုင် သွားမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် (SNLD) အနေဖြင့် ၁၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာမှ လွှတ်တော်အတွင်း ၄၀ နေရာ အနိုင်ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ...