Tuesday, April 23, 2024

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များလာသည့်အတွက် အထက်တန်းကျောင်းများ ပြန်ပိတ်ရ

Must read

ယခုရက်ပိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက် လာသည့် အတွက် သျှမ်းပြည် အတွင်းရှိ အခြေခံ အထက်တန်းကျောင်းများယာယီ ပြန်လည် ပိတ်ရမည် ဖြစ်ကြောင်း အခြေခံ ပညာရေး ဦးစီးဌာနက ညွှန်ကြားထားသည်။

အခြေခံ အထက်တန်းကျောင်းများကို သြဂုတ် ၂၇ ရက် မှ စတင်ပြီး ပြန်လည် ပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ နက်ဖန် စပြီး ပိတ်ပါမယ်။ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှု မရှိအောင် ကြိုတင်ပြီး ကာကွယ် တာပါ။” ဟု သျှမ်းပြည် ပညာရေးမှူး ဦးဝင်မောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံ ပညာကျောင်း တရားဝင် ဖွင့်ထားသည့် ကျောင်း (၂၆၄) ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း (၄၅) ကျောင်း ရှိကြောင်း သျှမ်းပြည် ပညာရေးမှူး ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွန်ခဲ့ ဇူလိုင် ၂၁ရက်တွင် မြန်မာတဝှမ်း ရှိ အထက်တန်းကျောင်းများ ဖွင့်လှစ်ခဲ့သည်။

ယခုမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် ပြန်လည် ပိတ်သွားမည် ဖြစ်ကာ Home Learning နည်းလမ်းဖြင့် သင်ကြားနိုင်ရန်လည်း ပြုလုပ်နေကြောင်း သိရသည်။

၂၄နာရီ အတွင်း မြန်မာနိုင်ငံတွင် စံချိန်တင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၁၀၀)ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article