မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ စံချိန်တင် ပိုးတွေ့ရှိ၊ တောင်ကြီး ဒေသခံ တဦးပါ

၂၄ နာရီ အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ (၁၀၀) တွေ့ရှိခဲ့ရာ ထိုထဲတွင် တောင်ကြီးဒေသခံ တစ်ဦး ပါဝင်နေကြောင်း သိရသည်။

Photo by Taunggyi/ facebook

ထို ကိုဗစ်-၁၉ လူနာ ၁၀၀ ဦးထဲတွင် အများစုမှာ ရခိုင်ပြည် မှ ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် သြဂုတ် (၂၅) ရက် ည ၈း၀၀ နာရီတွင် ကိုဗစ် ကူးစက်သူ (၃၀) ဦးရှိပြီး ယနေ့ သြဂုတ် (၂၆) မနက် ၈း၀၀ နာရီတွင် ကူးစက်သူ (၇၀) ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

အဆိုပါ တောင်ကြီးဒေသခံ တစ်ဦးသည် ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသလို ထိတွေ့လူနာ နှင့်လည်း မရှိခဲ့ကြောင်း သိရသည်။

“လူနာအမှတ် (၄၇၇) က တောင်ကြီး ကနေ ရန်ကုန် ကို ဒီလ ၂ ရက်နေ့တည်းက သွားနေတာပါ။ လက္ခဏာရှိလို့ ၂၂ ရက်နေ့က ရန်ကုန်ဆေးရုံကို တက်ပြီး စစ်လိုက်တာပါဗျ” ဟု သျှမ်းပြည် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို ကပြောသည်။

Covid-19 ပိုးတွေ့လူနာ အမှတ် (၄၇၇) သည် တောင်ကြီးမြို့မှ ဖြစ်ပြီး ၎င်းသည် ရန်ကုန်သို့ ရောက်ရှိသည်မှာ တစ်လခန့်ကြာမြင့်နေကြောင်း ဒေါက်တာ ဇဝနကို က ပြောသည်။

တောင်ကြီး စေတနာ့ဝန်ထမ်း ပိုးသတ်ဆေးဖျန်းသည့် အဖွဲ့ကို ဦးဆောင်သည့် ကိုဝင်းနိုင်စိုး မှ “ပိုးသတ်ဆေးတွေလည်း အကုန်လုံး ကျနော်တို့ ပြန်လည်ပြင်ဆင်ထားပြီ။ စေတနာ့ ဝန်ထမ်းတွေလည်း ပြန်လည်စုနေပါပြီ။ လိုအပ်တဲ့ ပစ္စည်းတွေလည်း ဝယ်ဖို့ ရှိပါတယ်။ ကာကွယ်ရေး နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ စလုပ်နေပါပြီ။” ဟု ပြောသည်။

တခြားမြို့မှာ ဖြစ်သော်လည်း နိုင်ငံသား အချင်းချင်းဖြစ်သည့်တွက် စိုးရိမ်မှုရှိပြီး ပြည်သူတစ်ယောက် အနေဖြင့်လည်း စိုးရိမ်ကြောင်း ကိုဝင်းနိုင်စိုး က ပြောသည်။

“ဒီနေ့ဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေး ဥက္ကဋ္ဌ တွေ ရပ်ကျေး အဖွဲ့ဝင်တွေ မြို့အနှံ့မှာ mask တွေ တပ်ကြဖို့ နှိုးဆော်နေပါပြီ။ ဒီနေ့ဆိုရင် ပြည်သူတွေ Mask တွေ တော်တော်များများ ပြန်တပ်လာတာကို တွေ့နေရပါတယ်။” ဟု ကိုဝင်းနိုင်စိုး က ဆိုသည်။

အဆိုပါ လူနာ အမှတ်(၄၇၇) သည် တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ပြည်ပသို့ ခရီးသွား ရာဇဝင် နှင့် ရောဂါအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိဖြစ်ကာ သြဂုတ် ၂၂ ရက်တွင် သျှမ်းပြည်နယ်မှ ရန်ကုန်သို့ ရောက်ရှိနေသူဖြစ်ကြောင်း ၎င်း၏ ခရီးသွားရာဇဝင် ဇယားကို လူမှုကွန်ရက် စာမျက်နှာ ( facebook) တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

ယနေ့ သြဂုတ် (၂၆) မနက် ၈ နာရီမှာ ကိုဗစ် အတည်ပြု လူနာသစ် ၇၀ ဦးတွေ့ရှိပြီး တစ်ရက်တည်း စံချိန်တင် အများဆုံး တွေ့ရှိမှု ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာ (၅၇၄) ဦး ၊ သေဆုံးသူ (၆) ဦး နှင့် ပြန်လည် သက်သာ လာသူ (၃၄၁) ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် (၁၆) ရက်မှ (၂၆ ) ရက်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၂၀၀ နီးပါး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...