Friday, January 30, 2026

၂၁ ပင်လုံ တွင် “ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကိစ္စ ဆွေးနွေးမှု မပြီးခဲ့

(၂၁) ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတုတ္တအကြိမ် အစည်းအဝေးတွင် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စ နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမရခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် အဖွဲ့မှ “ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” ဟု သုံးနှုှန်းထားသော်လည်း အစိုးရ ဘက်မှ “ ပြည်နယ် အခြေခံ ဥပဒေ ” ဟု သုံးနှုန်းထားကြောင်း သိရသည်။

ထိုဝေါဟာရ အသုံးအနှှုန်းနှင့် ပတ်သက်ပြိး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) နှင့် အစိုးရ အဖွဲ့ကြား ညှိနှိုင်း မရသေးကြောင်း RCSS/SSA အတွင်းရေးမှူး (၂) လည်းဖြစ် NCA-S-EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဗိုလ်မှူးကြီး စိုင်ငင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့ EAO ဘက်က ဖွဲ့စည်းပုံ ပါမှ ရမယ်။ အစိုးရဘက်ကတော့မဟုတ်ဘူး။ ပြည်နယ် အခြေခံ ဥပဒေ အဲ့မှာတင် ဘယ်လို ပဲ ညှိနှိုင်းနှိုင်း ဒီကိစ္စက မရဘူး” ဟု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

ထိုဝေါဟာရ အသုံးအနှှုန်း ကွဲလွဲမှုကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ ပင်လုံ စတုတ္ထအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခြင်း မရှိတော့ဘဲ လာမည့် ညီလာခံတွင် ဆက်လက်ဆွေးနွေးသွားရမည့် အနေအထားရှိကြောင်း ဗိုလ်မှူးကြီး စိုင်ငင်း က ပြောသည်။

“ဒီကိစ္စ နဲ့ ပတ်သက်ပြီး လက်မှတ်မထိုးရသေးတဲ့ ညီနောင်တွေဆီက သဘောထားလေးတွေ ဘယ်လို မြင်သလဲ ဆိုတာ နားထောင်ဖို့ လိုတယ်။ အချိန်ယူဖို့ လိုတယ်။ တဖက်ကလည်း နိုင်ငံရေးပါတီတွေ ရှိသေးတယ် နိုင်ငံရေး ပါတီတွေရဲ့ အသံတွေ ဘယ်လို မြင်ပါသလဲ ဆိုတာ ပေါ့” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ထို့ကြောင် အချိန်ယူရန် အတွက် (၄)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆက်လက်မဆွေးနွေးခဲ့ကြောင်း၊ နောက်တကြိမ်တွင် ဆက်လက်ဆွေးနွေးရမည့် အနေအထားဖြင့် နှစ်ဘက် သဘောတူခဲ့ရကြောင်း ဗိုလ်မှူးကြီး စိုင်ငင်း ကပြောသည်။

သြဂုတ် ၁၉ မှ ၂၁ ရက်ထိ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္တအစည်းအဝေးမှ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ခဲ့သည့်အပေါ် ပြည်ထာင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်ဆိုင်း က ညီလာခံမှာ ရလဒ်ကောင်းတွေ ရခဲ့ကြောင်း ပြောသည်။

“ဖက်ဒရယ် စနစ်နဲ့ အညီ အာဏာ ခွဲဝေပေးရမယ်။ သဘာဝ သယံဇာတတွေ ခွဲဝေပေးရမယ်။ ဘတ်ဂျတ်ခွဲဝေမှုတွေ ပါလာတယ်။ အဲ့ဒါတွေပါ ဆွေးနွေးလာတော့ ဗိုလ်ချုပ်ကြီး ယွက်စစ် ကတော့ ကျနော်တို့ဟာ ဖက်ဒရယ် လမ်းကြောင်းပေါ် သွားဖို့အတွက် ဖက်ဒရယ် တံခါးဖွင့်ဖို့ သော့လေးတော့ ရခဲ့ပြီလို့ ပြောတယ်” ဟု ဦးခွန်ဆိုင်း ကပြောသည်။

အဆိုပါ သဘောတူညီချက် အစိတ်အပိုင်း (၃) တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် တို့ဖြစ်သည်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ နှင့် အစိတ်အပိုင်း ၁ ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယ နှင့် ဒုတိယ အစည်းအဝေးတို့တွင် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း”...
Ming_Families_Sentence_Death_in_China

ကိုးကန့်‘မြီ’မိသားစုအပါအဝင် ၁၁ ဦးကို ကျားဖြန့်မှုဖြင့် တရုတ်သေဒဏ်စီရင်ကွပ်မျက်

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ သေဒဏ်ချမှတ်ပြီးနောက် စီရင်ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မ ညှင်းပမ်းနှိပ်စက်မှု၊ လူသတ်မှုတို့ဖြင့်...

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...