၂၁ ပင်လုံ တွင် “ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ” ကိစ္စ ဆွေးနွေးမှု မပြီးခဲ့

(၂၁) ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတုတ္တအကြိမ် အစည်းအဝေးတွင် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စ နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမရခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် အဖွဲ့မှ “ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” ဟု သုံးနှုှန်းထားသော်လည်း အစိုးရ ဘက်မှ “ ပြည်နယ် အခြေခံ ဥပဒေ ” ဟု သုံးနှုန်းထားကြောင်း သိရသည်။

ထိုဝေါဟာရ အသုံးအနှှုန်းနှင့် ပတ်သက်ပြိး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) နှင့် အစိုးရ အဖွဲ့ကြား ညှိနှိုင်း မရသေးကြောင်း RCSS/SSA အတွင်းရေးမှူး (၂) လည်းဖြစ် NCA-S-EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဗိုလ်မှူးကြီး စိုင်ငင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့ EAO ဘက်က ဖွဲ့စည်းပုံ ပါမှ ရမယ်။ အစိုးရဘက်ကတော့မဟုတ်ဘူး။ ပြည်နယ် အခြေခံ ဥပဒေ အဲ့မှာတင် ဘယ်လို ပဲ ညှိနှိုင်းနှိုင်း ဒီကိစ္စက မရဘူး” ဟု ဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

ထိုဝေါဟာရ အသုံးအနှှုန်း ကွဲလွဲမှုကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ ပင်လုံ စတုတ္ထအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခြင်း မရှိတော့ဘဲ လာမည့် ညီလာခံတွင် ဆက်လက်ဆွေးနွေးသွားရမည့် အနေအထားရှိကြောင်း ဗိုလ်မှူးကြီး စိုင်ငင်း က ပြောသည်။

“ဒီကိစ္စ နဲ့ ပတ်သက်ပြီး လက်မှတ်မထိုးရသေးတဲ့ ညီနောင်တွေဆီက သဘောထားလေးတွေ ဘယ်လို မြင်သလဲ ဆိုတာ နားထောင်ဖို့ လိုတယ်။ အချိန်ယူဖို့ လိုတယ်။ တဖက်ကလည်း နိုင်ငံရေးပါတီတွေ ရှိသေးတယ် နိုင်ငံရေး ပါတီတွေရဲ့ အသံတွေ ဘယ်လို မြင်ပါသလဲ ဆိုတာ ပေါ့” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ထို့ကြောင် အချိန်ယူရန် အတွက် (၄)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆက်လက်မဆွေးနွေးခဲ့ကြောင်း၊ နောက်တကြိမ်တွင် ဆက်လက်ဆွေးနွေးရမည့် အနေအထားဖြင့် နှစ်ဘက် သဘောတူခဲ့ရကြောင်း ဗိုလ်မှူးကြီး စိုင်ငင်း ကပြောသည်။

သြဂုတ် ၁၉ မှ ၂၁ ရက်ထိ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္တအစည်းအဝေးမှ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ခဲ့သည့်အပေါ် ပြည်ထာင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်ဆိုင်း က ညီလာခံမှာ ရလဒ်ကောင်းတွေ ရခဲ့ကြောင်း ပြောသည်။

“ဖက်ဒရယ် စနစ်နဲ့ အညီ အာဏာ ခွဲဝေပေးရမယ်။ သဘာဝ သယံဇာတတွေ ခွဲဝေပေးရမယ်။ ဘတ်ဂျတ်ခွဲဝေမှုတွေ ပါလာတယ်။ အဲ့ဒါတွေပါ ဆွေးနွေးလာတော့ ဗိုလ်ချုပ်ကြီး ယွက်စစ် ကတော့ ကျနော်တို့ဟာ ဖက်ဒရယ် လမ်းကြောင်းပေါ် သွားဖို့အတွက် ဖက်ဒရယ် တံခါးဖွင့်ဖို့ သော့လေးတော့ ရခဲ့ပြီလို့ ပြောတယ်” ဟု ဦးခွန်ဆိုင်း ကပြောသည်။

အဆိုပါ သဘောတူညီချက် အစိတ်အပိုင်း (၃) တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် တို့ဖြစ်သည်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ နှင့် အစိတ်အပိုင်း ၁ ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယ နှင့် ဒုတိယ အစည်းအဝေးတို့တွင် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...