Wednesday, January 28, 2026

ကိုဗစ်-၁၉ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် လူစု၊ လူဝေး ပြုလုပ်သည် ဟု တိုင်ကြားခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကိုဗစ်-၁၉ ကာလ အတွင်း ဒေသန္တရ အမိန့် ကို မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခွင့်ပြုသည်ဟုဆိုကာ ဦးထွန်းမြင့်အောင် က သြဂုတ် ၂၄ရက်စွဲဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို တိုင်ကြားထားကြောင်း သိရသည်။

သြဂုတ် ၁၉ ရက် တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းပါတီဝင်များနှင့် တွေ့ဆုံသည့်အပေါ် ထိုသို့တိုင်ကြားခြင်းခံခဲ့ရသည်။

ထိုတွေ့ဆုံမှုတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ဖြစ်သည့် လူ ၃၀ဦးဖြစ်စေ၊ ၃၀ဦး အထက်ဖြစ်စေ မစုစည်းရဟုသော အမိန့်အာဏာ ကို ဖောက်ဖျက်ကျူးလွန်ခဲ့ သည်ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၏ NLD အတွင်းရေးမှူးဟောင်းဖြစ်သည့် တိုင်ကြားသူ ဦးထွန်းမြင့်အောင် ကဆိုပါသည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်ပြီး မိတ္တူကို ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁) ရဲစခန်းသို့ ယမန်နေ့(သြဂုတ် ၂၄)ရက်တွင် ပေးပို့ခဲ့ရာ၊ ယနေ့ (သြဂုတ် ၂၅)ရက်မှာ ထိုအမှုသည် ရဲအရေးပိုင်မှု မဟုတ်ကြောင်း ရဲစခန်းက ပြန်လည် ပြောဆိုလာကြောင်း ဦးထွန်းမြင့်အောင် ကပြောသည်။

“မြို့နယ်မှူးကတော့ ရဲအရေးပိုင်မှုမဟုတ်ဘူးလို့ ပြောပါတယ်။ အမိန့်ထုတ်ထားတဲ့ ဌာနဆိုင်ရာ နဲ့ သက်ဆိုင်တယ်လို့ပြောပါတယ်” ဟု ဦးထွန်းမြင့်အောင် က ဆိုသည်။

နိုင်ငံတော် မှထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့် ကို နိုင်ငံသားတိုင်းက လိုက်နာရမည်ဖြစ်ကြောင်း အထူးသဖြင့် နိုင်ငံတော် အဆင့် တာဝန်ရှိသူများက ပိုပြီး လိုက်နာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ ကျနော်အနေနဲ့ကတော့ တရားရေးကို ဆက်ပြီးတိုင်မယ်။ တရားရေးက လက်မခံဘူးဆိုရင်တော့ တရားဝင်ခွင့်ပြုမိန့်ယူပြီး ဆန္ဒထုတ်ဖော်ပါမယ်” ဟု ဦးထွန်းမြင့်အောင်က ပြောသည်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဧပြီ ၁၆ရက်မှ စတင်ကာ လူ ၅ဦးဖြစ်စေ၊ လူ၅ဦးထပ်ပို ၍ ဖြစ်စေ စုဝေးခြင်းမပြုလုပ်ရန် ကြေညာခဲ့ရာ သြဂုတ် ၁ရက်နေ့မှ စပြီး လူ၅ဦး အစား၊ လူ ၁၅ဦး ထက်ပို၍ ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး သြဂုတ် ၁၆ရက်တွင် လူ၁၅ဦး အစား လူ၃၀ဦး ဖြစ်စေ၊ လူ ၃၀ဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်း မပြုရန် ထပ်မံပြင်ဆင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...

ကျပ်နှစ်သောင်းတန် ငွေစက္ကူ၊ ဒေါ်အောင်ဆန်းစုကြည် ကတ်နှင့် စစ်အုပ်စု၏ အလှုပ်အခတ်

0
နိဒါန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံခြင်း ဆိုင်ရာ တဖက်သက်သတင်းစကားများမှ အစပြုကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးရက်သတ္တပတ် အတွင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဖြန့်မည့်ကိစ္စ၊ တရားမဲ့ ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့မည်ဆိုသည့် သတင်းနှင့် အာဏာသိမ်းစစ်အုပ်စုတွင်း ဆောက်တည်ရာမရ ဖြစ်နေသည့်...