ကိုဗစ်ကာလ ရွေးကောက်ပွဲ စိန်ခေါ်မှုများသဖြင့် လူမှုအဖွဲ့အစည်းများစိုးရိမ်

၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲကို ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်သည့် ကာလအတွင်းကျင်းပသည့်အတွက် မဲရုံများကျယ်ဝန်းခြင်းနှင့် မဲရုံများများထားရှိရန် လိုအပ်ကြောင်း သျှမ်းပြည်အခြေစိုက်လူမှု အဖွဲ့အစည်း များက ပြောဆိုလိုက်သည်။

၂၀၁၇ ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် မိုင်းရှူးမြို့နယ် အတွင်း မဲပေးနေသည့် ပြည်သူများပုံ ( Photo by Nang Kham Awn)

သျှမ်းပြည်တွင်းရှိ မဲရုံ အရေအတွက် (၃၆၇၆) ခန့်ရှိပြီး အတိုးအလျော့ ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သြဂုတ် (၁၈) တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကာလသည် ကိုဗစ်-၁၉ထိန်းချုပ် ကာကွယ်သည့် ကာလဖြစ်သဖြင့် မဲရုံကျယ်ဝန်းမှု မရှိမည်ကို စိုးရိမ်ရကြောင်း၊ မဲရုံ ပရဝုဏ် တွင် တဦးနှင့် တဦး ၆ ပေ ကွာ တန်းစီခြင်း မပြုလုပ်မှာကိုစိုးရိမ်ကြောင်း သျှမ်းပြည် အခြေစိုက် မြန်မာ့ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံ မှ ကိုဝင့်ထည်ကောင်းမြတ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မဲရုံတွေ ကျယ်ပါ့မလား။ မဲရုံတွေရဲ့အပြင်မှာ လူတွေက ပြုံပြီးတော့ မဲပေးဖို့စောင့်နေတဲ့ဟာ မျိုး ဆိုလို့ရှိရင်လည်း အဆင်မပြေဘူး” ကိုဝင့်ထည်ကောင်းမြတ် က ပြောသည်။

ကျန်းမာရေး နှင့် အညီ မဲပေးခွင့် ရရန် အတွက်ကျန်းမာရေး ဌာနနှင့် ပူးပေါင်းပြီး လုပ်ထားသင့်ကြောင်းလည်း သျှမ်းပြည် လှုပ်ရှားနေသည့် လူမှု အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

လာမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်- ၁၉ ကာလလည်း ဖြစ်သ ည့်အတွက် ဘယ်လို ပုံစံဖြင့် မဲပေးရမည်ကို တိတိကျကျ မပြော နိုင်သေးကြောင်းလည်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင်ထံ မှ သိရသည်။

လူဦးရေ များပြားသည့် ကျေးရွာများတွင် မဲရုံ ကျဉ်းကြပ်ပါက စိုးရိမ်ရမည့် အနေအထားဖြစ်ပြီး မဲရုံမှ အစ ပြင်ဆင်သည့် အခါတွင် ကျေးရွာမှာ ရှိသည့် အုပ်ချုပ်ရေးမှူးမှ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းပြီး သေချာပြုလုပ်သင့်ကြောင်းလည်း သျှမ်းပြည် လူထုများကပြောသည်။

ယခုရက်ပိုင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူသည် နေ့စဉ် ရက်ဆက်မြင့်တက်လာပြီး၊ ရခိုင်ပြည် စစ်တွေတွင် ခရီးသွားရာဇာဝင်မရှိ၊ ပိုးထိတွေ့သူမရှိဘဲ အလိုအလျောက် ကူးစက်ခံရသူ (၁၀) ဦးရှိကြောင်း ယနေ့မနက် ၈နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

“ရွေးကောက်ပွဲ မဲပေးတဲ့ချိန်မှာ ကိုဗစ်ကလည်း တစ်ခေါက်ပြန်ပြီး စိုးရိမ်စရာ တစ်ခု ဖြစ်လာတယ်။ စိုးရိမ်စရာ ကိစ္စလည်း ဖြစ်လာတယ်။ တကယ့်ကို ပြည်တွင်း ကူးစက်တာ အနည်းငယ် စဖြစ်လာပြီပေါ့နော်။” ကိုဝင့်ထည်ကောင်းမြတ် ကပြောသည်။

ရွေးကောက်ပွဲနီးလာသည့်နှင့် အမျှ ကိုဗစ်-၁၉ အတည်ပြုလူနာကလည်း တိုးလာသည့်အတွက် မဲရုံတွင် သက်ဆိုင်ရာများအနေဖြင့် စနစ်တကျ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း သျှမ်းပြည်သူများက ပြောသည်။

ထိုအခြေအနေများကြောင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်မှုသည် အလွန် အရေးကြီး ကြောင်း၊ မဲပေးချိန်တွင် လူစု လူဝေးမဖြစ်ရန် အတွက် မဲရုံများများထားပေးရန် လိုအပ်ကြောင်းလည်း သျှမ်းမြောက် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ မမိုင်းမိုင် က ပြောသည်။

ရွေးကောက်ပွဲနေ့တွင် မဲလာပေးသူများ ကို Mask (နှာခေါင်းစည်း)၊Hang gel (လက်ဆေးရည်) များကို အလျင်မီအောင် လုပ်ပေးရမည် ဖြစ်ကြောင်း လည်း မိုင်းမိုင် က ပြောသည်။

“ မဲပေးချိန် လူစု၊လူဝေးဖြစ်မှာပဲလေ။ ဖြစ်တဲ့အတွက် ကြောင့်မလို့ မဲရုံတွေ များများထားရမယ် ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်ချက်ကို အပြည့်အဝ လိုက်နာရမယ်” ဟု မမိုင်းမိုင် က ဆိုသည်။

ရွေးကောက်ပွဲကာလသည် ကိုဗစ်-၁၉ ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် စိန်ခေါ်မှုများစွာ အခက်အခဲများစွာရှိကြောင်းလည်း သိရသည်။

“ မဲရုံများပြီး စောင့်ကြည့်လေ့လာတဲ့သူ မရှိရင်လည်း အဆင်မပြေဘူး။ မဲရုံများများ မခွဲရင်လည်း ကျန်းမာရေး ဘက်ကကြည့်ရင် အဆင်မပြေပြန်ဘူး။ အခက်အခဲကတော့ မျိုးစုံပဲ” ဟု လာရှိုးဒေသခံ နန်းဟွမ် ကပြောသည်။

တဖက်တွင်လည်း ကိုဗစ် ကာလကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ပြည်သူများ အနေဖြင့် ကိုဗစ်ထက် ပိုသော ကျပ်တည်းမှုများ ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက သျှမ်းသံတော်ဆင့် ကို ပြောဆိုခဲ့ဖူးသည်။

ကိုဗစ် ကာလ ကြားရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC) က လူထုကို မထိခိုက်စေမည့် စည်းရုံးရေး ကိစ္စကို လိုက်လျောညီထွေမှုပြုလုပ်သွားရန် သေချာ ညှိနှိုင်း သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က ပြောဆိုခဲ့ဖူးသည်။

ထို့ကြောင့် လာမည့် ရွေးကောက်ပွဲသည် ကိုဗစ် -၁၉ အကျပ်အတည်း ကြားတွင် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲ ဖြစ်သဖြင့် တရားမျှတသည့် ယှဉ်ပြိုင်မှု မဖြစ်မည်ကို သျှမ်းလူထုက စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

ပင်းပက်စက်ရုံကြောင့် ဒေသခံများ ရေဆိုးဒဏ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို စစ်ကော်မရှင်က ရုရှားနည်းပညာရှင်များ အကူအညီဖြင့် အမြန်ဆုံးပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဧက ၅ သောင်းကျော် ကျယ်ဝန်းသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...