Wednesday, January 28, 2026

ဖက်ဒရယ်တိုင်းပြည်လက်တွဲတည်ဆောက်ရေး ၂၁ ပင်လုံ စတုတ္ထ ညီလာခံတွင် သဘောတူ

၃ ရက်တာကာလအတွင်းကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္တအစည်းအဝေးမှ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃)ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန- (၂) ( MICC -2 ) တွင် (၂၁) ရာစု ပင်လုံ စတုတ္တအစည်းအဝေးကို ၂၀၂၀ သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ဆွေးနွေးပြီး စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက် အစိတ်အပိုင်း (၃) တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် တို့ ဖြစ်သည်။

ညီလာခံတက်ရောက်သည့် RCSS/SSA ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် စိုင်းလျန်းက – “အခုညီလာခံကနေ သဘောတူညီချက်တွေရရှိကြလို့ ကျနော်တို့ ကြိုးစားခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းစပွင့်လာပြီ။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၃ ရက်သာ ညီလာခံ ကာလသည် တိုတောင်း သော်လည်း ယနေ့(သြဂုတ် ၂၁)ရက်တွင် ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း (၃)ကို လွယ်ကူစွာရရှိခဲ့ခြင်းမဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ညီလာခံ တွင် ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တွေ့ကြုံရင်ဆိုင်ရမြဲဖြစ်တဲ့ အနိမ့်အမြင့် အတက်အကျတွေ တဖက် နဲ့ တဖက် ကျေကျေလည်လည်ဖြစ်အောင် အချိန်ယူရတာတွေ ကိုဗစ် -၁၉ ကပ်ရောဂါ ကာကွယ်ထိန်း ချုပ်ရသည့် ကာလ ဖြစ်နေတာတွေကြား က ခက်ခက်ခဲခဲ အချိန်ယူ ကြိုးပမ်းပြီးတဲ့နောက် ရရှိလာခဲ့တဲ့ သဘောတူ စာချုပ်ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကထပ်လောင်းပြောသည်။

ယနေ့ ချုပ်ဆိုသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ ဦးတည်ချက်သည် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ရေး အတွက် အရေးကြီးသည့် အစပျိုး မှု တခု ဖြစ်ကြောင်း NCA-S-EAO ကိုယ်စား မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ဟံသာ က ညီလာခံတွင် ပြောဆိုခဲ့သည်။

“ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စ နဲ့ လွှတ်တော်ပိုင်း ဆိုင်ရာ ကဏ္ဍများကိုလည်း ကျနော်တို့ အချင်းချင်း ရင်းနှီး ပွင့်လင်းစွာ ဆက်လက် အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ဟံသာ မိန့်ခွန်းတွင် ထည့်ပြောဆိုခဲ့သည်။

ထို့ပြင် NCA သဘောတူညီချက် (၁၅)ချက် ထဲမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအား မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ရှေးရှုပြီး လွတ်လပ်မှု တန်းတူ ညီမျှမှု နှင့် တရားမျှတ မှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝ ရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြခံ သည့် ပြည်ထောင်စု တို့ကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်သွားရန် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) တပ်မတော်သားကိုယ်စားလှယ် က ညီလာခံမှာ အဆိုပြုခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စု နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဖက်ဒရယ်စနစ်နှင့် အညီ အာဏာ ခွဲဝေမှု သယံဇာတ ခွဲဝေမှု အခွန်အကောက်ခွဲဝေမှု နှင့် ဘဏ္ဍရေး ခွဲဝေမှု ရှိရမည် ဟု နိုင်ငံရေး ပါတီ အစုအဖွဲ့ ညီလာခံ ကိုယ်စားလှယ် UPDJC အတွင်းရေးမှူးများ အဖွဲ့ဝင် စိုင်းကျော်ညွှန့် က ညီလာခံတွင် အဆိုပြုတင်သွင်းခဲ့သည်။

နိုင်ငံတော် အချုပ်အခြာအာဏာဖြစ်သည့် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများသို့ ခွဲဝေ အပ်နှင်းမည့် ပြည်ထောင်စု တိုင်းဒေသကြီး၊ ပြည်နယ် များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအကြား ဥပဒေပြုရေး ဆိုင်ရာ အာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွဲဝေ အပ်နှင်းပေးရမည် ဟုလည်း စိုင်းကျော်ညွှန့် ၏ အဆိုပြုလွှာတွင် ရေးသားဖော်ပြထားသည်။

အထက်ပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပိုဒ် ၂၀(င) အရ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္တအစည်းအဝေးတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များ နှင့် အသိသက်သေများက လက်မှတ်ရေးထိုးကြသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်ချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ လွှတ်တော် တပ်မတော် နိုင်ငံရေး ပါတီများ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတုတ္တအကြိမ်တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ လက်မှတ် ရေးထိုး နိုင်ရန်အတွက် သြဂုတ် (၁၄-၁၈) ထိ UPDJC အဖွဲ့မှ ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြမည့် ပုံစံကို ပြန်လည် ရေးဆွဲပြီး ယနေ့ ၂၁ ရက်နေ့မှာ စာချုပ်ကို အတည်ပြု ချုပ်ဆိုနိုင်ခဲ့သည်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ နှင့် အစိတ်အပိုင်း ၁ ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယ နှင့် ဒုတိယအစည်းအဝေး တို့တွင် သဘောတူညီမှုရရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...

NCA ၁၀ နှစ်ပြည့်အခမ်းအနား ပူးတွဲကျင်းပရေး 7 EAO Alliance ဆွေးနွေး၊ လာမည့်ရွေးကောက်ပွဲ ကြားနေမည်ဟုဆို

0
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့မှ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် အောက်တိုဘာလ (၁၅) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA...