Tuesday, January 27, 2026

ပေါ့ဆလို့ မရသည့် ကိုဗစ် အန္တရာယ်

မြန်မာနိုင်ငံတွင် ခရီးသွား ရာဇာဝင်မရှိ၊ ပိုးရှိသူ နှင့် ထိတွေ့မှု မရှိဘဲ အလိုအလျောက် ကူးစက်လာသည့် လူနာ (၂၅) ဦးခန့် ရှိလာသည်။

တောင်ကြီးမြို့လယ်ခေါင်တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ဘဲ သွားလာနေသူ နှင့် ဈေးရောင်းနေသူများ( Photo by SHAN)

ထိုနေရာများမှာ ရန်ကုန် ၊ ကချင်ပြည်နယ်၊ သျှမ်းပြည် ၊ ရခိုင်၊ မန္တလေး နှင့် နေပြည်တော် စသည်တို့ နေရာသည် အလိုအလျောက် ကူးစက်လာသည့် လူနာ ၂၅ နီးပါး ရှိလာကြောင်း သိရသည်။

ကိုဗစ် ကူးစက်မှု ၃-၄ လအတွင်း သျှမ်းပြည်သူ လူထု နည်းတူ တခြား ပြည်နယ် နှင့် တိုင်းဒေသက ပြည်သူများက နေထိုင်သွားလာမှု ပေ့ါဆလာပြီး အပြင်ထွက်သည့်အခါ Maskတပ်ခြင်း မပြုလုပ်ကြတော့ပေ။

ယခု ရက်တပတ်အတွင်း ရခိုင်ပြည် စစ်တွေမြို့တွင် ခရီးသွားရာဇာဝင်မရှိ၊ ပိုးရှိသူနှင့်ထိတွေ့မှု ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ လူနာ ၆ဦးရှိလာသည်။

“ဒေသခံတွေ စိုးရိမ်နေတာ ပြောမနေနဲ့ အရမ်းကြီးပဲ။ ဒီနေ့ဆို ၇၅ ရာခိုင်နှုန်းထိ Mask တွေ တပ်တာ တွေ့ရတယ်။” ရခိုင်ပြည် စစ်တွေမြို့၏ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဇွန် ၂ရက်ည တွင် မူဆယ် ကိုဗစ်- ၁၉ လူနာ နှင့် သူ့၏ အမျိုးသား မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသခံယူနေစဉ်ပုံ (Photo by Thaung Tun / Facebook )

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အလိုအလျောက်ကူးစက်ခံနေရသူ ယခုရက်ပိုင်းရှိလာသည့်အတွက် တခြားပြည်နယ် နှင့် အထူးသဖြင့် သျှမ်းပြည် သူများ ပေါ့ဆစွာ မနေထိုင်သင့်ကြောင်း သျှမ်းလူထု အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

ယခုလို ပြည်တွင်း ကူးစက်မှု များပြားလာသည့်အတွက် စိုးရိမ်မှုတွေ များစွာ ရှိလာကြသော်လည်း ပြည်သူလူထုအနေဖြင့် ပေါ့ဆစွာ မနေသင့်ကြောင်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးဒေသခံ စိုင်းဦး ကပြောသည်။

“ဒီလို ပြည်တွင်းကူးစက်မှု ရှိလာတော့ စိုးရိမ်မှုကတော့ ထိပ်ဆုံးက ရှိနေတာပေါ့။ ကြိုတင် ကာကွယ်မှု မလုပ်ဘူးဆိုရင် ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်။ ခုကတည်း လုပ်ထားဖို့ လိုတာပေါ့နော်” ဒေသခံ စိုင်းဦး ကပြောသည်။

ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း လူစုလူဝေး ရှောင်ရခြင်း၊ အပြင်ထွက်သည့်ခါ Mask တပ်ရခြင်း ၊ မကြာခဏ လက်ဆေးရခြင်း နှင့် တစ်ဦး နှင့်တစ်ဦး ၆ ပေ အကွာမှာ နေထိုင်ရခြင်းစသည့်အချက်များကို သျှမ်းပြည်အတွင်း လိုက်နာ ဆောင်ရွက်မှု အားနည်း သွားပြီဖြစ်ကြောင်း သျှမ်းပြည် ဒေသခံများက ပြောဆိုကြသည်။

“စိုးရိမ်ရတဲ့ အခြေအနေပါ။ တော်တော်များများက ကိုဗစ် ပြီးသွားသလို သွားလာနေထိုင်ကြတာ။ လူစုလူဝေးမှာ တစ်ယောက် ကူးစက်တာနဲ့ အကုန်ထိခိုက်နိုင်တာလေ” ဟု သျှမ်းမြောက် ဒေသခံ စိုင်းကောင်း က ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ရှိနေသေးသည့်အတွက် သွားလာသည့် နေရာတွင် သတိ နှင့် သွားလာသင့်ကြောင်း ဆေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ထားသူ စိုင်းကော်ယုမ့် က ပြောသည်။

“ဒီရောဂါ မပြီးမချင်း ကိုယ့်ဘက်က အမြဲတမ်း ဂရုစိုက်နေရမှာပါ။ လူများတဲ့နေရာမှာ သွားတာတွေရှောင်ပါ။ mask တပ်တာတို့ စဖြစ်ကတည်းက ပုံစံ နဲ့ ပြန်နေနိုင်ရင် ပိုကောင်းတယ် ။ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ဒုတိယ လှိုင်း ပြန်ဖြစ်နိုင်ပါတယ်။ လူတွေက ပေါ့သွားကြတယ်။ ဘာမှ မဖြစ်တော့ဘူးဆိုတော့ အမှန်တကယ် အဲ့လို မဖြစ်သင့်ဘူးပေါ့” ဟု စိုင်းကော်ယုမ့် က ပြောသည်။

ကိုဗစ်-၁၉ လူနာသည် ရက်ပိုင်း ၂၀ကျော် မရှိခဲ့ရာမှ ယခု နေ့တိုင်းနီးပါး ပြန်လည် ရှိလာပြီး၊ တဖက်တွင် အခြေခံအလယ်တန်းကျောင်း၊ မူလတန်းကျောင်း ပြန်လည် ဖွင့်လှစ်မည်ဖြစ်သဖြင့် ကျောင်းသားမိဘများကလည်း စိုးရိမ်မှု ရေချိန်တက်နေကြောင်းလည်း သိရသည်။

“ ကလေးတွေ ကျောင်းပြန်ဖွင့်ခါနီးမှာ ကိုဗစ်-၁၉ လူနာက နေ့တိုင်းလိုလို ပြန်ရှိလာတယ်။ အစကတော့ လျော့သွားရင် စိုးရိမ်စရာမရှိရင်ကျောင်းလွှတ်မလားလို့ စဉ်းစားနေတယ်။ အခု လိုမျိုးဆိုရင် စိတ်က ပူရပြန်ပြီ” ဟု ကျောင်းသားမိဘ တဦးဖြစ်သည့် နန်းယိင်း က ပြောသည်။

ကိုဗစ်-၁၉ လူနာ နေ့တိုင်းနီးပါးရှိလာသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်ချက်ကို လိုက်နာရန်လိုအပ်ကြောင်း၊ မပေါ့ဆသင့်ကြောင်း လည်း နန်းယိင်း က ဆိုသည်။

မြန်မာနိုင်ငံတွင် တဖက်တွင် ကိုဗစ်-၁၉ ရင်ဆိုင်နေရသကဲ့သို့ တဖက်တွင် ရာသီတုတ်ကွေး ကိုလည်း ရင်ဆိုင်နေရသည်။

“ကိုဗစ်ကိုလည်း ရင်ဆိုင်နေရ ရာသီတုတ်ကွေးလည်းဖြစ်တော့ ကျမ အနေနဲ့ အားလုံးကို လန့်နေရတယ်။ ကလေးကျန်းမာရေး၊ကိုယ့်ကျန်းမာရေးကိုပါ ဂရုစိုက်နေရတယ်” ဟု နန်းယိင်း ကထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ လူနာကို မေလ ၂၃တွင် စတင်တွေ့ရှိပြီး၊ ယနေ့ အထိ ကိုဗစ် -၁၉ ကူးစက်သူ ( ၃၉၆) ဦးရှိလာခဲ့ပြီဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည် သက်သာလာသူ (၃၃၃) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုထဲတွင် သျှမ်းပြည်တွင် ကိုဗစ်-၁၉ ကူးစက်သူ (၁၀) ဦးရှိခဲ့ပြီး ဆေးရုံမှာ အသီးသီး ဆင်းရပြီဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ သျှမ်းပြည်တွင် ကိုဗစ်-၁၉ လူနာ တဦးတယောက်မှ မရှိတော့သည့်အတွက် သျှမ်းလူထုများ ယခင်ကထက် များစွာပေ့ါဆစွာနေထိုင်ခြင်း၊ လူစုလူဝေးများပြန်လည်ပြုလုပ်ခြင်း၊ Mask(နှာခေါင်းစည်း) များ တပ်ခြင်းတို့ မပြုလုပ်တော့ပေ။

မြန်မာနိုင်ငံတွင် ပြန်လည် ဝင်ရောက်လာသည့် ပြည်ပပြန် ကူးစက်မှုသည် ၅၆ ရာခိုင်နှုန်းရှိပြီး ပြည်တွင်း ကူးစက်မှု ၄၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

မြန်မာနိုင်ငံ ဒီဂျစ်တယ် အခွင့်ရေးချိုးဖောက်မှု အဆိုးရွာဆုံးနိုင်ငံဖြစ်လာ

0
မြန်မာနိုင်ငံတွင် အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်သည် နှစ်စဉ်ကျဆင်းလာပြီး ဒီဂျစ်တယ် အခွင့်အရေး ချိုးဖောက်မှု အဆိုးရွာဆုံး နိုင်ငံဖြစ်လာကြောင်း Free Expression Myanmar အစီရင်ခံစာအရ စုံစမ်း သိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ် အခွင့်ရေး ချိုးဖောက်မှုများသည် ကမ္ဘာ့အဆိုးရွားဆုံး...