မြန်မာနိုင်ငံ ဒီဂျစ်တယ် အခွင့်ရေးချိုးဖောက်မှု အဆိုးရွာဆုံးနိုင်ငံဖြစ်လာ

မြန်မာနိုင်ငံတွင် အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်သည် နှစ်စဉ်ကျဆင်းလာပြီး ဒီဂျစ်တယ် အခွင့်အရေး ချိုးဖောက်မှု အဆိုးရွာဆုံး နိုင်ငံဖြစ်လာကြောင်း Free Expression Myanmar အစီရင်ခံစာအရ စုံစမ်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနည်းတူ ဒစ်ဂျစ်တယ် အခွင့်ရေး ချိုးဖောက်မှုများသည် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာနိုင်ကြောင်း Free Expression Myanmar က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့်သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်ကျဆင်းလာပြီး၊ စစ်တပ်သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အင်တာနက်မှ တဆင့် ခြေရာခံကာ အမြဲတမ်းစောင့်ကြည့် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

အင်တာနက် လွတ်လပ်မှုအခြေအနေ

“ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်တာနက်တွေ လွတ်လပ်စွာ အသုံးပြုခွင့်ကို ထိန်းချုပ်လာခဲ့တယ်။ အဓိကတော့ အွန်လိုင်းပေါ်ကနေ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာတွေ ပိုပြီးမြင့်မားလာတယ်။ ဒီအင်တာနက်ကနေလည်း ဖမ်းဆီးခံရပြီးတော့ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ်တွေ ချမှတ်ခံရတာတွေလည်း ရှိလာခဲ့တယ်” ဟု Free Expression Myanmar ဒါရိုက်တာ ဒေါ်ယဉ်ရတနာသိန်းက ပြောသည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုရာမှာ လုံခြုံမှုလုံးဝ မရှိတော့ကြောင်း ဒေါ်ယဉ်ရတနာသိန်းက ဆိုသည်။

ထိုအပြင် အင်တာနက် အသုံးပြုရာတွင်လည်း သတိထား အသုံးပြုရကြောင်း နိုင်ငံရေးဆိုင်ရာတွင်လည်း မရှဲရဲတော့ကြောင်း တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒီတိုင်းပဲ ကြည့်တာပေါ့။ သတင်းတွေလည်း ဖတ်ပဲဖတ်တယ်။ မရှဲတော့ဘူး။ ရှဲရင်လည်း သူတို့ လာဖမ်းမှာကြောက်ရတယ်။ နိုင်ငံရေး နဲ့ ပတ်သက်ရင်လည်း ကော်မန့်တွေ၊ ရှဲတာတွေလုပ်လို့မရဘူး။ သိတဲ့အတိုင်း သူတို့တွေက လိုက်ဖမ်းနေတာလေ” ဟု သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အလားတူ လက်ရှိမြန်မာနိုင်ငံတွင်လည်း အင်တာနက် package သည်လည်း ဈေးမြင့်တက်လာပြီး လိုင်းကောင်းမွန်စွာ မရရှိကြောင်း သိရသည်။

ယခင်က ၁,၀၀၀ ကျပ်လျှင် 1GB ရရှိသော်လည်း လက်ရှိမှာ ၁,၀၀၀ ကျပ်လျှင် 470 MB သာရရှိတော့ကြောင်း သိရသည်။

“ အင်တာနက်ကလည်း ဈေးကြီးလာတယ်။ အရင်က ၁,၀၀၀ ဆိုရင် ၂ ရက်လောက် သုံးလို့ရတယ်။ အခုဆိုရင် တစ်မနက်နဲ့တင်ကုန်သွားပြီ။ လိုင်းကလည်း မကောင်းဘူး။ ကျနော်တို့ကလည်း VPN ကျော်သုံးရတယ်ဆိုတော့ ပိုဆိုးတယ်လေ။ တစ်လကို အင်တာနက်ဖိုးပဲဆိုရင် ၃ သောင်းလောက်ကုန်တယ်” ဟု သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီက အင်တာနက်လွတ်လပ်စွာ အသုံးပြုမှုကို ပိတ်ဆို့လာပြီး အခွင့်ရေးကို ချိုးဖောက်လာသောကြောင့် ပြည်သူများအနေဖြင့်လည်း အင်တာနက်အသုံးပြုရာတွင် သတိထားပြီး VPN ကို မဖြစ်မနေ အသုံးပြုရန် လိုအပ်ကြောင်း ဒေါ်ယဉ်ရတနာသိန်းက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုမှု အခွင့်ရေးများကို ချိုးဖောက်လာပြီး လက်ရှိ Website ၁၂၀၀ ကျော်လည်း ပိတ်ခံထားရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...