Tuesday, January 27, 2026

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ် ၅၀ရာခိုင်နှုန်းကျဆင်း

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စုံစမ်းသိရှိရသည်။

https://www.facebook.com/KhwarNyoTradingCompanyLimited/photos/a.1467592796817712/2617114045198909

“စီးပွားရေးတော့ အကုန်ကျသွားတယ်။ ၅၀ရာခိုင်နှုန်း လောက် ကျဆင်းသွားတယ်။ အရောင်းအဝယ်လည်း ပုံမှန်မဟုတ်ဘူး။ ကျဆင်းသွားတယ်။ ကျနော်တို့ ကုန်သည်သမားတွေတော့ ဝင်ငွေ လျော့နည်းသွားတယ်” မူဆယ် (၁၀၅) မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုဗစ်-၁၉ ကာလတွင် တရုတ်နိုင်ငံထဲသို့ သွားလာခွင့်မပြုသည့်အတွက် တရုတ်ကုန်သည် နှင့် မြန်မာ ကုန်သည်များ ပိုက်ဆံ ရှင်းသည့် အချိန်တွင် အခက်အခဲများ ကြုံတွေ့ရကြောင်း စိုင်းခင်မောင် က ထပ်လောင်းပြောသည်။

“၁၀၅ မိုင်ကနေ ကား တန်းစီရတာ ၆ မိုင်လောက် တန်းစီနေရတယ်။ ကုန်တွေ ပို့ဖို့ အတွက် ၁ ပတ်လောက်စောင့်ရတယ်။ အရမ်းခက်ခဲတယ်” စိုင်းခင်မောင် ကပြောသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်ဘက်သို့ ပို့ကုန် သွင်းကုန် ပြုလုပ်ချိန်တွင် မြန်မာနိုင်ငံက ကားသမားသည် တရုတ်နိုင်ငံ ထဲ ဝင်ခွင့်မရရှိဘဲ တရုတ်ဘက်မှ ကားသမားများသာ လာရောက် မောင်းဝင်သွားကြောင်း သိရသည်။

“ ကိုဗစ် နဲ့ ပတ်သက်ပြီး အားလုံး ကန့်သတ်လိုက်တာက လိုတာထက် ပိုတာပေါ့လေ။ မြန်မြန် ပြန်ဖွင့်ရင် အရောင်းအဝယ်တွေလည်း ပုံမှန်ပြန်ဖြစ်သွားမယ်” ဟု စိုင်းခင်မောင် ကဆိုသည်။

တဖက်မှာလည်း ကိုဗစ် -၁၉ ကာလတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် စီးပွားရေး နှင့် ထိခိုက်မှု အခြေအနေအရ မြန်မာနိုင်ငံ အနေဖြင့် အဆိုးထဲက အကောင်းရှိတာတွေ ရှိကြောင်း လည်း သျှမ်းပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွှန့်လွင် က ( သြဂုတ် ၁၇) ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဧပြီနောက်ပိုင်းမှာတော့ ကျနော်တို့ နယ်စပ် ကုန်သွယ်ရေးရဲ့ နေ့စဉ်ဝင်တဲ့ ဒေါ်လာ ၆ သန်းကျော်ကျော်ရှိပါတယ်။ သို့သော်လည်းပဲ ဒီကိုဗစ်ကာလရဲ့ ကာလတစ်လျှောက်လုံးမှာ မူဆယ်ရဲ့ နယ်စပ် ကုန်သွယ်ရေး အရ အမေရိကန် ဒေါ်လာ ၁၀ သန်းပတ်ဝန်းကျင် နေ့စဉ် ပုံမှန် စီးနေပါတယ်။ ပုံမှန် နယ်စပ်ကုန်သွယ်ရေးထက်တောင် တက်လာတယ်လို့ ပြောလို့ရတယ်” ဟု ဝန်ကြီး ဦးစိုးညွှန့်လွင် ကပြောသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်ရေးဇုန် တစ်ခုဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ဝင်၊ထွက် ဂိတ်များတွင် ကုန်ပစ္စည်းစီးဆင်းမှု သာဖွင့်လှစ်ပေးခဲ့ပြီး၊ လူဝင်၊လူထွက် များကို ဧပြီလနှောင်းပိုင်းက စတင်ပြီး ပိတ်လိုက်ကြောင်းသိရသည်။

ကမ္ဘာတဝှမ်းတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် စီးပွားရေး ကျဆင်းသလို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာရပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် (၁၀၅) မိုင် မိုင်းယု ပစ်ခတ်သံများ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ညလူနေတိတ်ချိန်၌ ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန် ၂၈ ရက်) ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် (၁၀၅) မိုင် မိုင်းယုဘက်မှ သေနတ်သံများ ထွက်ပေါ်လာ...

မူဆယ် (၁၀၅)မိုင် ကုန်ကားသမား(၉) ဦးထံ ကိုဗစ်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင် ရွှေမိုင်းယုကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားကြီးမောင်းသူထံမှ ကိုဗစ် -၁၉ ပိုး (၉) ဦးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၄) ရက်တွင် ကုန်တင်ယာဉ်မောင်း (၅) ဦး နှင့် ယာဉ်နောက်လိုက် (၄) ဦး နှင့်...

မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇ )ရက် မနက်ပိုင်း အချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။ ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး...

မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေး ညွှန်မှူး သေနတ်ပစ်ခံရ၊ ဒဏ်ရာပြင်းထန်

0
မူဆယ် (၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုံ ညွှန်မှူး ကို ယနေ့ (မေ ၁၁)ရက် ညနေ ၅နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်မှ သေနတ် (၄)ချက် ပစ်သွားကြောင်း စုံစမ်းသိရသည်။ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုံ တွင် စစ်ကောင်စီ အုပ်စု လုံခြုံရေး အပြည့်ရှိနေသည့်ကြား...

ဖရဲသီးကား လမ်းတွင် ကြန့်ကြားမှုကြောင့် တရုတ်ပြည်သို့ တင်ပို့ရန် အရည်အသွေးကျဆင်း

0
တရုတ်ပြည်တင်ပို့မည့် ဖရဲသီးသည် လမ်းတွင် ကြန့်ကြာနေသဖြင့် အရည်အသွေးညံ့နေသဖြင့် ရောင်းဝယ်ရန် ခက်ခဲနေကြောင်း မူဆယ်မြို့ ကုန်စည်ဒိုင်များ ထံ စုံစမ်းသိရသည်။ မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် ဖရဲသီးများသည် လမ်းပေါ်တွင် ကြန့်ကြာမှုရှိကာ အရည်အသွေးညံ့မှုကြောင့်...