Tuesday, January 27, 2026

မဲဆန္ဒရှင်များ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် အေးချမ်းစွာ မဲပးနိုင်ရေးဆောင်ရွက်မည်ဟု သျှမ်းပြည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌပြော

သျှမ်းပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် မဲဆန္ဒရှင်များ တည်ငြိမ်အေးချမ်းစွာမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော်ကပြောသည် ။

“၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ EAO နယ်မြေတွေနဲ့ ဆက်စပ်တဲ့နေရာတွေမှာ မဲပေးခဲ့တာတွေရှိပါတယ်။ အားလုံးက အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ်ပဲ မဲပေးနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလဲ အလားတူပါပဲ။ EAO နယ်မြေမှာ မဲပေးနိုင်ရေးအတွက် စီစဉ်သွားဖို့ရှိပါတယ်” ဟု ဦးထင်ကျော်ကပြောသည် ။

သျှမ်းပြည် အစိုးရရုံးအစည်းဝေးခန်းမတွင် သြဂုတ် ၁၇ ရက်ကပြုလုပ်သည့် သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုထ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များရှင်းလင်းပွဲပြီးနောက် မီဒီယာများမှ ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် ကိစ္စများမေးမြန်းရာတွင် ပြည်နယ်ကော်မရှင်ဥက္ကဌက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တအန်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSA) တို့ရှိပြီး ၎င်းတို့ လှုပ်ရှားရာဒေသများတွင် နိုင်ငံ‌ရေးပါတီများကို လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်နှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...