တောင်ကြီးခရိုင်အတွင်း မဲဆန္ဒရှင် စာရင်း လာကြည့်သူ နည်းပါး

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ တောင်ကြီးခရိုင်တွင်းရှိ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကြေညာရာတွင် လာရောက်ကြည့်ရှုသူ ၃သိန်း သာရှိကြောင်း သတင်းရရှိသည်။

တောင်ကြီးခရိုင်အတွင်းရှိ မဲဆန္ဒရှင် စာရင်း ကြေညာထားသည်မှာ (၇) သိန်းကျော် ရှိသော်လည်း လာရောက် ကြည့်ရှုသူ (၃) သိန်းကျော်သာ ရှိကြောင်း တောင်ကြီးခရိုင် ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးသန်းဇော်ဦး ကပြောသည်။

လက်ရှိ မဲဆန္ဒရှင် စာရင်းလာရောက်ကြည့်သူများစာရင်းသည် တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ် (၅)မြို့နယ် ဖြစ်သည့် တောင်ကြီး၊ ညောင်ရွှေ ၊ ကလော၊ ရပ်စောက် နှင့် ဖယ်ခုံ မြို့နယ်တို့ဖြစ်ကြောင်းသိရသည်။

“လာမယ့် အောက်တိုဘာ လမှာလည်း ဒုတိယအကြိမ် ထပ်မံ ကပ်ထား ကြေညာပါမယ်” ဟု ဦးသန်းဇော်ဦး က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်ထိ (၁၄) ရက် ကပ်ထားကြောညာခဲ့သည်။

“ကျမ အနေနဲ့ မဲစာရင်း ကပ်ထား ကြေညာထားတယ်ဆိုတာ မသိလိုက်ဘူး။ ကပ်ထားတဲ့ နေရာမှာလည်း ကျမ နာမည်ပါ၊ မပါ မသိဘူး” တောင်ကြီးမြို့ တွင်နေထိုင်သည့် ဒေါ်နန်းဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မဲဆန္ဒရှင် စာရင်းကြေညာမှု မသိရှိကြောင်း၊ မည်သည့်နေရာတွင် သွားရောက်ကြည့်ရမည်ကို မသိရှိသဖြင့် သွားမကြည့်လိုက်ရကြောင်းလည်း ဒေါ်နန်းဆိုင် က ဆိုသည်။

“ အသက် ၁၈နှစ်ပြည့်သူတိုင်း မဲစာရင်းသွားစစ်သင့်ပါတယ်။ ကိုယ့်နာမည်ပါ၊မပါ။ မှားနေလားဆိုတာ စစ်ဖို့လိုအပ်ပါတယ်။ ရက်နီးမှ နာမည်တွေမှားရင် ပြင်းလို့မရတော့ဘူး” ဟု တောင်ကြီးမြို့နယ် အတွင်းနေထိုင်သည့် အမျိုးသား တဦး ကပြောသည်။

ရွေးကောက်ပွဲကော်မရှင် ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်က မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာရာတွင် တချို့မဲဆန္ဒနယ်များမှာ လူဦးရေစာရင်းကျန်ခဲ့ခြင်း၊ အချက်အလက်တချို့ မှားယွင်းနေခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ မှတ်ပုံတင်နံပါတ်များထပ်နေခြင်း၊ လွဲမှားနေမှုများကွက်လပ်ဖြစ်နေခြင်း ကို တွေ့ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောဆိုခဲ့သည်။

တောင်ကြီးခရိုင်အတွင်းတွင်းရှိ မြို့နယ် (၁၀) မြို့မှာ မဲရုံပေါင်း (၁၁၆၆) ထားရှိမည်ဖြစ်ပြီး လုံခြုံရေး ရဲတပ်ဖွဲ့များလည်း အထူးရဲ (၁၁၆၆) ဦး ထားရှိမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဇော်ဌေးဦး ကပြောသည်။

“မဲရုံ တစ်ရုံမှာ အထူးရဲ တစ်ယောက် နှုန်းနဲ့ တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။ အထူးရဲ ၁၁၆၆ ယောက်ကိုလည်း စုဆောင်းပြီးဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့မှူး ဦးဇော်ဌေးဦး ကပြောသည်။

တောင်ကြီးခရိုင်တွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ပုံစံ (၃) ဖြင့် တောင်းဆိုလာသည်မှာ (၂၄၀၀၀) ကျော် ရှိပြီး ပုံစံ (၄) ဖြင့် တင်ပြလာသူ (၈၀၀၀) ကျော် နှင့် ပုံစံ(၄) (ဂ) ဖြင့် တင်ပြလာသူ (၂၀၀၀၀) ကျော် ရှိကြောင်း သိရသည်။

ပုံစံ (၃) သည် အမည်စာရင်းလုံးဝ မပါရှိသည့် မဲဆန္ဒရှင် ဖြစ်ပြီး၊ ပုံစံ (၄) သည် မပါသင့်သည့် သူ ပါရှိလာပြီး ကန့်ကွက်သည့် ပုံစံ နှင့် ပုံစံ (၄) (ဂ) အမည်စာရင်းလွဲမှားခြင်းကို ပြန်လည် ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်တွင်းရှိ မဲရုံပေါင်း (၃၅၀၀) ကျော် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ မှာ ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲသည် သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့် ရှိသူ (၃၅) သန်းကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...