ဆီဆိုင် တောင်သူ (၂၂ ) ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မှ တရားစွဲဆိုထား

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မြေယာသိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစိုးရ တပ်မတော်မှ တောင်သူ (၂၂) ဦး ကို ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။

Photo by Mg Mg /Facebook https://www.facebook.com/photo?fbid=1135001370215503&set=pcb.1135001423548831

တောင်သူ (၂၂) ဦးကို ပိုင်နက် ကျူးလွန်မှု ဖြင့် တရားစွဲဆိုထားသည်မှာ ခြေမြန်တပ်ရင်း ခမရ ၄၂၃ ၊ ၄၂၄ တပ်ရင်းမှ ဖြစ်ကြောင်း သိရသည်။

အစိုးရ တပ်မတော်သည် ဆီဆိုင်မြို့နယ် တောင်သူများပိုင်ဆိုင်သည့် မြေယာ ဧက (၃၀၀ ) ကျော်ကို သိမ်းဆည်းခဲ့ပြီး၊ ထိုသိမ်းဆည်း မြေပေါ်တွင် ဒေသခံ တောင်သူများက သီးနှံဝင်ရောက်စိုက်ပျိုး နေသည်ဟုဆိုကာ ပိုင်နက်ကျူးလွန်မှုဖြင့်တပ်က ပြန်လည် တရားစွဲဆိုထားခြင်းဖြစ်သည် ဟု တရားစွဲဆိုခံထားရသည့် တောင်သူ ဒေါ်ချိုချိုဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဘာကြောင့်စွဲလည်း ဆိုတော့ တောင်သူတွေက သူတို့ရဲ့ ခြံထဲကို ပိုင်နက်ကျုးလွန်မှု ပုဒ်မ ၄၄၇ အမှု နဲ့ တရားစွဲ ထားတယ်” ဟု တရားစွဲခံထားရသည့် တောင်သူ ဒေါ်ချိုချိုဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တောင်သူ (၂၂) ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မှ တရားစွဲဆိုရာတွင် အသက် ၇၀ကျော် အရွယ်အမျိုးသားတဦးပါဝင်

တောင်သူ (၂၂) ဦးကို တပ်က ၂ သုတ်ခွဲပြီး တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ ပထမအသုတ်တွင် တောင်သူ (၇) ဦး ကိုသြဂုတ်လဆန်းက တရားစွဲခဲ့ပြီး ယနေ့သြဂုတ် ၁၇ ရက်တွင် ဒုတိယအကြိမ် တရားရုံးချိန်းတက်ရကြောင်း၊ ဒုတိယ အသုတ် တောင်သူ (၁၅) ဦးကိုတော့ မေလက အမှုဖွင့်ခားပြီး အလားတူ သြဂုတ်လ ၁၇ ရက်မှာ ပထမအကြိမ်ရုံးချိန်း တက်ရကြောင်း ဒေသခံများ က ပြောပြသည်။

ယနေ့ ရုံးချိန်းကို တောင်သူ ၂၁ဦးသာ တက်ရောက်နိုင်ခဲ့ပြီး တဦးမှ အသက် ၈၇နှစ် အရွယ်ဖြစ်နေသဖြင့် ဆေးခွင့်စာတင်ထားရကြောင်း ဒေါ်ချိုချိုဝင်းက ပြောပြသည်။

“အန်တီတို့ကတော့ ကိုယ့်ယာ ကိုယ့်မြေပဲဆိုတော့ ကိုယ်က နှစ်တိုင်းလဲ စိုက်ပျိုးလာတယ်။ ဘာမှ လုပ်စရာ မရှိဘူး။ ကျူးကျော်တာမှ မဟုတ်တာ။ ကျူးကျော်တာမဟုတ်တော့ အန်တီတို့ကတော့ ဒီတိုင်းပဲ ဆက်စိုက်နေမှာပဲ။တရားရုံးရောက်လည်း ဆက်စိုက်နေမှာပဲ။ ကိုယ့်ဟာမို့လို့ ကိုယ် ရဲရဲစိုက်ရဲတာပေါ့နော်” ဟု ဒေါ်ချိုချိုဝင်း ကပြောသည်။

ယခု ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရသည့် မြေယာဧက (၃၀၀) သည် ကျေးရွာ ၈ရွာ မှ တောင်သူများပိုင်ဆိုင်သည့်မြေယာများဖြစ်ကြောင်းသိရသည်။

“ ဒီနေ့ရင်ဆိုင်နေရတဲ့ ကိစ္စက မြေယာ (၃၀၀) က တောင်သူပါ။ မြေယာ ၁၉၀၀ ဧက ကတော့ တရားစွဲထားပေမယ့် တရားရုံး ကိုတော့ မတင်သေးဘူး” ဟု တရားစွဲဆိုခံထားရသည့် မြေဧက ၄ဧက ပိုင်ဆိုင်သည့် ဒေါ်ချိုချိုဝင်း က ဆိုသည်။

အစိုးရ တပ်မတော်မှ သိမ်းဆည်းထားသည့် မြေယာများသည် စစ်တပ်မရောက်ခင်ကတည်းက ဒေသခံ တောင်သူများ စိုက်ပျိုးလုပ်ကိုင်လာကြပြီး သိမ်းဆည်းထားသည့် မြေယာများသည် စီမံကိန်း တစ်စုံတစ်ရာ ဖော်ဆောင်မှု မရှိခြင်း၊ ဥပဒေ နှင့် အညီ သိမ်းထားခြင်း မရှိခြင်း၊ ဥပဒေ နှင့် ဆန့်ကျင်နေတာ တွေ့ရကြောင်း ဆီဆိုင်ဒေသခံ ခွန်ကျော်နိုင် ကပြောသည်။

“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက ဘယ်လောက်ထိ တောင်သူ ဘက်က အကာအကွယ်ပေးလဲ။ ဘယ်လောက်ထိ မျှမျှတတ ဥပဒေ နဲ့အညီ ဆောင်ရွက်လဲ။ ဒါက စောင့်ကြည့်ရမှာပေါ့။ ဥပဒေ နဲ့ အညီ ဖြစ်စေချင်တယ်။ တောင်သူ ဘက်က ဝန်းရံစေချင်တယ်” ဟု ခွန်ကျော်နိုင် ကပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာ ၅ ရွာပိုင်ဆိုင်သည့် မြေယာ ကိစ္စနှင့် ပတ်သက်ပြီး တောင်သူ နှင့် တပ်သည် မေလ နှောင်းပိုင်းမှ စတင်ကာ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ကာ တောင်သူ ၇၀ ကျော် ကို တပ်မှ တရားစွဲဆိုထားကြောင်း သိရသည်။

“တရားမျှတမှု ရှိတဲ့ တရားဥပဒေ စိုးမိုးရေးတွေ နေရာအနှံ့မှာ ဖြစ်ပေါ်လာနိုင်ပါစေလို့ပဲ ပြောချင်ပါတယ်။” ဟု ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက် ဦးစံဝင်းမောင် က ပြောသည်။

ထိုမြေယာများသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် တပ်မှ (၁၉၀၀) ဧက ကျော် သိမ်းဆည်းခဲ့သည်။ တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင် လာရောက်အကြောင်းကြား အသိပေးခြင်း မရှိသကဲ့သို့ ထိုမြေပေါ်တွင် လုပ်ကိုင်စားသောက်သည့် တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းများသည်လည်း ဇူလိုင် ၃ ရက် နှင့် ဇူလိုင် ၄ ရက် ၂ ည ဆက်တိုက် ဖျက်ဆီးခံ ရကြောင်း ၊ ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်း ဧက (၃၄.၈) ဧက ရှိ ကြောင်း၊ တောင်သူ ၁၀ ဦး ကျော် စိုက်ထားသည့် ပြောင်းပင်များဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...