Wednesday, January 28, 2026

ရွေးကောက်ပွဲ စောင့်ကြည့်မည့် PACE အဖွဲ့ ကို ရွေး/ကော် ခွင့်မပြု

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် အတွက် ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အား ခွင့်မပြုကြောင်း ယနေ့( သြဂုတ် ၁၃)ရက်စွဲဖြင့် ပြည်ေ ထာင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာချက်ထုတ်လိုက်သည်။

PACE အဖွဲ့သည် ၂၀၁၅ ခုနစ်အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲများ တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်သည့် အဖွဲ့တဖွဲ့ဖြစ်သည်။

ထို PAEC အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်မပြုရန် ဆုံးဖြတ်ရသည့်အကြောင်းရင်းမှာ အသင်းအဖွဲ့များ မှတ်ပုံတင်ထားခြင်းဆိုင်ရာ ဥပဒေ အရ မှတ်ပုံတင်ထားခြင်းမရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ထောက်ပံ့ကူညီမှု ရယူထားခြင်းကြောင့် ဟူသည့် အကြောင်းပြချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ကြေညာချက်တွင် ရေးသားထားသည်။

၂၀၁၅ ခုနှစ် သင်းဖွဲ့မှတ်ပုံတင်ခြင်း စည်းမျဉ်းဥပဒေအရ အသင်းအဖွဲ့များသည် မဖြစ်မနေ မှတ်ပုံတင်ရမည် ဟု မဆိုထားကြောင်း သိရသည်။

“ အစိုးရ အဖွဲ့ကိုထိန်းကျောင်းမယ့် အဖွဲ့အစည်းတွေ က မှတ်ပုံတင်လေ့မရှိကြဘူး။ အစိုးရ ကို စောင့်ကြည့်ထိန်းကျောင်းဖို့အတွက်တမင်သက်သက် မှတ်ပုံမတင်တာတွေရှိတယ်” ဟု သျှမ်းပြည် အခြေစိုက် မြန်မာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံ မှ ကိုဝင့်ထည်ကောင်းမြတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

PACE အဖွဲ့သည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့်နေ သည့်အ ဖွဲ့ဖြစ်ပြီး၊၎င်းတို့ ရလာသည့် အချက်အလက်ကို နိုင်ငံရေးပါတီ၊ အစိုးရအဖွဲ့အစည်းများက မှီငြီးကိုးကားနေရသည့် အဖွဲ့အစည်းတခုဖြစ်သည်။

“ဒီ (PACE) အဖွဲ့တာ မရှိရင်ရွေးကောက်ပွဲမသမာမှုတွေ တိတိကျကျ ဖော်ထုတ်နိုင်ဖို့ အားနည်းသွားမယ်။ အဲ့လိုဖော်ထုတ်အားနည်းချင်းအားဖြင့် လူထုရှင်ကြားရော လူမသိ သူမသိ ဖြစ်လာနိုင်တယ်” ဟု ကိုဝင့်ထည်ကောင်းမြတ် က ဆိုသည်။

သျှမ်းပြည်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ အများအပြားရှိသည့်နေရာဖြစ်ပြီး ၊ သွားလာမှုခက်ခဲသည့် နေရာဒေသများတွင် ယခင် ရွေးကောက်ပွဲ များက ပြဿနာ များစွာရှိခဲ့ဖူးသည်။ ထိုအတွက် ရွေးကောက်ပွဲကာလ သျှမ်းပြည်တွင် စောင့်ကြည့်အဖွဲ့များလိုအပ်သည့် နယ်မြေတခုဖြစ်သည်။

“ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဖြစ်လေ့ရှိတဲ့ကိစ္စဆိုတော့ ကျနော်တို့ အမြဲစောင့်ကြည့် ရမယ်။ ရွေးကောက်ပွဲမသမာမှုတွေကို စောင့်ကြည့်အဖွဲ့ကပဲဖော်ထုတ်နိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်တောင် သိဖို့ ခက်ခဲတဲ့အရာ တွေ စောင့်ကြည့်အဖွဲ့ကပဲ ဖော်ထုတ်ခဲ့တာ” ဟု ကိုဝင့်ထည်ကောင်းမြတ်က ဆိုသည်။

လက်ရှိ ကိုဗစ်-၁၉ ထိန်းချုပ်သည့် ကာလဖြစ်သည့်အလျောက် မဲဆန္ဒရှင်များအား မဲပေးခြင်းပညာပေးမှုကို ယနေ့အချိန်ထိ မပြုလုပ်နိုင်သေးကြောင်း၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ သည် တိုင်းရင်းသားနယ်မြေများအတွက် စိန်ခေါ်မှုများစွာ ရှိလာနိုင်သလို တရားမမျှတမှုတွေလည်း များစွာကြုံရနိုင်ကြောင်း သျှမ်းမြောက် လူမှုအဖွဲ့အစည်းတွင်လုပ်ဆောင်နေသည့် အမျိုးသမီးတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု မဲဆန္ဒရှင်ကို ပညာပေးမှုမပြုလုပ်သေးသလို ရွေးကောက်ပွဲ စောင့်ကြည့် တဲ့အဖွဲ့ကို စောင့်ကြည့်ခွ င့်မပေးတာဟာ တရားမျှတမှု မရှိတဲ့ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ရွေးကောက်ပွဲက သမာသမတ်မဖြစ်လာနိုင်ဘူး” ဟု အထက်ပါ အမျိုးသမီး က သုံးသပ်ပြောဆိုလိုက်သည်။

PACE အဖွဲ့သည် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာသူဦးရေ (၂၉၀၀) ခန့်ကရွေးကောက်ပွဲဖြစ်စဉ် တခုလုံးကို တနိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်လေ့လာရန် ပြင်ဆင်ထားသည်။

ထို့ပြင်ဆင်ချက်ကို ကော်မရှင် ၏ ကန့်သတ်မှုကြောင့် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာမှု ပမာဏမှာ ပိုပြီးနည်းပါးသွားမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ် ပွင့်လင်းမြင်သာမှု နှင့် ရွေးကောက်ပွဲ ကာလတည်ငြိမ်မှု တို့ကို ကြီးမားစွာ ထိခိုက်နိုင်သည့်အတွက် စိုးရိမ်ကြောင်းလည်း PACE အဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှု အဖွဲ့(PACE) ကို စောင့်ကြည့်ခွင့် ပိတ်ပင်လိုက်သည့် အပေါ် အရပ်ဖက်လူမှုအဖွဲ့အစည်း ၄၄၃ ဖွဲ့ က ကန့်ကွက်လိုက်သည်။

ထိုသို့ပိတ်ပင်မှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ၏ တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်မှန်ကန်မှု များကို ဆုတ်ယုတ် ကျဆင်းစေနိုင်ကြောင်း လူ့မှုအဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

သင်းဖွဲ့မှတ်ပုံတင် စည်းမျဉ်းကို ကျိုးကြောင်း မဆီလျော်စွာ ကိုးကားပြီး အရပ်ဘက် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုကို တားဆီးပိတ်ပင်လာသည့်အတွက် နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် အရေးပါသော အရပ်ဘက် အဖွဲ့အစည်း များ၏ ဖြစ်တည်မှု ကို ခြိမ်းခြောက် ဖျက်ဆီးရာ ရောက်သလို အရပ်ဘက် လူမှုနယ်ပယ်ကိုလည်း ဘောင်ကျဉ်းအောင် ပြုလုပ်ရာရောက်နေကြောင်း ထုတ်ပြန်ချက်တွင်ရေးထားသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်း အာမခံနိုင်ရန် အတွက် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မှုများကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် အရပ်ဘက် လူမှုအဖွဲ့အစည်း ၄၄၃ က လေးနက်စွာ တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...