Tuesday, January 27, 2026

သျှမ်းပြည် မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုးအလိုက် ကိုယ်စားလှယ်လောင်း (၄၃) ဦးတင်သွင်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည် မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုးများ အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းသူ (၄၃) ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo by Nang Kham Awn

သျှမ်းပြည်ထဲတွင် တိုင်းရင်းသား လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်လောင်း ခွင့်ပြုထားသည့် တိုင်းရင်းသား လူမျိုး ၇ မျိုုးရှိပြီး အမည်တင်သွင်းလာသူ စုစုပေါင်း (၄၃) ဦးရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သျှမ်းပြည်နယ် ထဲမှာ ခွင့်ပြုထားတဲ့ တိုင်းရင်းသား လူမျိုး ၇ မျိုးရှိပါတယ်။ သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်စိစစ်တာက တိုင်းရင်းသားလူမျိုးတပိုင်း ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် တိုင်းရင်းသားလူမျိုးအလိုက် တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်း ကိုသာ စိစစ်ရကြောင်း ဦးထင်ကျော်က ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်သည့် နေရာတွင် သတ်မှတ်ထားသည့် အသက် ၂၅ နှစ် ပြည့်ရမည်ဖြစ်ပြီး၊ မိဘ နှစ်ပါးနှင့် တိုင်းရင်းသားလူမျိုးအလိုက် ကိုယ်စားလှယ်လောင်းသည် နိုင်ငံသား ဖြစ်ရမည်ဖြစ်ကြောင်း ၊ ရွေးကောက်ပွဲ မကျင်းပမှီ မြန်မာနိုင်ငံထဲတွင် အနည်းဆုံး ၁၀ နှစ် နေထိုင်ခဲ့သူဖြစ်ရမည် ဟု သိရသည်။

ဆက်လက်ပြီး ဦးထင်ကျောက် “နက်ဖန်ကနေ စပြီး သြဂုတ် ၁၄ ရက်နေ့ထိ တင်သွင်းလာတဲ့ တိုင်းရင်းသား လူမျိုးစု ၇ မျိုးကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ အတိုင်း စိစစ်သွားမှာပါ” ဟု ပြောသည်။

သျှမ်းပြည်ထဲတွင် ခွင့်ပြုထားသည့် တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်လောင်း ၇ မျိုးမှာ ဗမာတိုင်းရင်းသား၊ ကချင် တိုင်းရင်းသား၊ လီဆူး တိုင်းရင်းသား၊ လားဟူ တိုင်းရင်းသား၊ အင်းသား တိုင်းရင်းသား၊ အာခါတိုင်းရင်းသား နှင့် ကယန်းတိုင်းရင်းသား တို့ ဖြစ်ကြောင်း သိရသည်။

“၅ နှစ်တာ ကာလမှာ တိုင်းရင်းသား ရေးရာဝန်ကြီးတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက သိပ်ပြီး ထူးထူးခြားခြား တွေ့မြင်ရတာ မရှိဘူး။ တချို့တိုင်းရင်းသားရေးရာဝန်ကြီးတွေကတော့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေနဲ့ လုပ်ကိုင်နေတာတွေ့တော့ တွေ့ရတယ်” ဟု တောင်ကြီးမြို့ တွင်နေထိုင်သည့် ဦးညီမိုး ကပြောသည်။

တိုင်းရင်းသားရေးရာ ဝန်ကြီး နှင့် ပတ်သက်ပြီး တာဝန်ခွဲဝေသည့် အပိုင်းတွင် တိကျစွာ ဖော်ပြထားခြင်းမရှိထားကြောင်း ဦးညီမိုး က ပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံမှာ တင်သွင်းလာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀၀၀) ကျော် ရှိကြောင်း သိရသည်။

“သက်ဆိုင်ရာ ခရိုင်တွေအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအလိုက် စိစစ်နေတယ်။ အခြေနေကို ကျနော်တို့ဆီ ပြန်တင်ရတယ်” ဟု သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အနေဖြင့် သျှမ်းပြည်တွင်း တိုင်းရင်းသားပါတီလူမျိုးစု ၁ နေရာ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲသည် သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ ( ၃၅) သိန်းကျော်ရှိပြီး ပြီး ၂၀၁၅ ထက် မဲပေးပိုင်ခွင့် ရှိသူ တိုးသလို တပ်မတော်သားနှင့် မိသားစုဝင်များသည်လည်း တပ်ပြင်ပသို့ မဲပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...