Tuesday, January 27, 2026

တပ်မဲရုံ အပြင်ထုတ်ခြင်းသည် ပွင့်လင်းမြင်သာမှု ရှိလာသည် ဟုဆို

လာမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မဲရုံများ အပြင်ထုတ်လာခြင်းသည် ပွင့်လင်းမြင်သာမှု ရှိလာသည်ဟု နိုင်ငံရေးပါတီများက သုံးသပ်ပြောဆိုလိုက်သည်။

Photo by Nang Kham Awn

တပ်မတော်သားများ အပြင်ထွက်ပြီး မဲလာရောက်ထည့်ခြင်းသည် တန်းတူညီမျှသည့် အနေအထား ဖော်ဆောင်သည့်အတွက် ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်မတော်သားတွေ ကိုယ်တိုင်က အပြင်ထွက်ပြီး မဲပေးပြီ ဆိုကတည်းက ဒါ မဲပေးသူ အရေ အတွက်ကိုလည်းပဲ ပိုပြီးတော့မှ တိတိကျကျ ရေတွက်လို့ရလာနိုင်တယ်။ လူထုအနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့သဘောပါ ကြိုဆိုရမှာပေါ့။ ဒီလိုပဲ ဖြစ်သင့်တယ်လို့ ကျနော်တို့က မြင်ပါတယ်” ဟု စိုင်းလိတ် က ပြောသည်။

တပ်မတော်သားများနှင့် သူ၏မိသားစုဝင်များ မဲပေးမည်ဆိုပါက တပ်တည်ရှိသည့်နေရာ၏ ရပ်ကွက်ကျေးရွာအုပ်စုရှိ မဲရုံပေါင်းပြီး မဲ ပေးရမည်ဖြစ်ပြီး၊ တပ်တည်ရှိသည့်နေရာသည် ရပ်ကွက်၊ကျေးရွာနှင့်အလှမ်းဝေးပါက သီးခြားနေရာဖြစ်သည့် တပ်ပြင်ပရှိအဆောက်အဦးတွင် မဲရုံဖွင့်ပေးမည် ဖြစ်ကြောင်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးထင်ကျော် ကပြောသည်။

“သျှမ်းပြည်နယ်မှာတော့ စစ်တပ်ထဲက မဲရုံမရှိတော့ဘူး။ တပ်ပြင်ပမှာ ရောက်သွားပြီ ” ဦးထင်ကျော် က ပြောသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် စစ်တပ်တွင်း မဲရုံ မထားသည့်အတွက် ပွင့်လင်းမြင်သာမှုဖြစ်အောင် ရှိရမည်ဖြစ်ကြောင်း တိုင်းရင်းသား ရေးရာ နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း ကပြောသည်။

“ တပ် ဌာနချုပ်တွေကတော့ အပြင်ထွက်ဖို့တော့မလွယ်ဘူး။ တပ်ရင်းတွေကတော့ ပြင်ပမှာ ထွက်လို့တော့ ရတာပေါ့။ အပြင်မှာ ထွက်ဖြစ်တယ်ဆိုတော့ ပွင့်လင်းမြင်သာမှု အပြင်သာ ထုတ်ဖြစ်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုဖြစ်အောင် ရှိရမယ်” ဟု ဦးခွန်မောင်သောင်း ကဆိုသည်။

ဆက်လက်ပြီး ဦးခွန်မောင်သောင်းက “ လွတ်လပ်တယ်။ မလွတ်လပ်ဘူး။ ပွင့်လင်းမြင်သာမှု ရှိတယ်။မရှိဘူး ဆိုတော့ ဆောင်ရွက်တဲ့အနေအထားပေါ်မှာ မူတည်တာပဲလေ ” ဟု ဦးခွန်မောင်သောင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပွင့်လင်းမြင်သာမှု ရှိစေရန် အတွက် တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအတွက် မဲရုံ ၆၃၂ ရုံထားမည်ဟု ဇူလိုင် ၃၁ရက် တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် သီးသန့် ရှိနေသည့် တပ်စခန်းများရှိ တပ်မဲရုံ တချို့ကိုအပြင်မထုတ်နိုင်ကြောင်း ဇူလိုင် ၂၅ရက် တွင် နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။

ထို့ကြောင့် တပ်မဲရုံများကို တပ်ပြင်ထုတ်သော်လည်း တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ မဲလာထည့်ခြင်း၊ မထည့်ခြင်းသည် သူတို့နှင့်သာဆိုင်ကြောင်း ဟု သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် ကပြောသည်။

သျှမ်းပြည်နယ်တွင် အစိုးရတပ်မတော် စခန်းများ အများဆုံးရှိသည့် ပြည်နယ် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနစ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလသည် တပ်မတော်သားများနှင့် မိသားစုဝင်များသည် စစ်တပ်တွင်းရှိ မဲရုံသာ မဲပေးခဲ့ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...