တောင်ကြီးတွင် မိုးသည်းထန်ရွာသွန်း ရေကြီး၊ မြေပြို အမျိုးသားတဦးသေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုဖြစ်ပွါးကာ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီး မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်https://www.facebook.com/lin.tgi/posts/1002385080173956

ယမန်နေ့ သြဂုတ်လ ၃ ရက်က မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ ကံသာရပ်ကွက်၌ မြေပြို၊ ကျောက်တောင်ပြိုကျမှုဖြစ်ပွါးရာ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း ကံသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မနေ့ က နေ့ခင်းပိုင်းမှာ မိုးတွေ တအားရွာလို့ ကျောက်တောင်ပိပြီး သေဆုံးသွားတဲ့ အမျိုးသားကို ဘယ်လိုမှ ထုတ်လို့ မရဘူး။ မနေ့ည ၈ နာရီခွဲလောက်မှ အလောင်း ကို ထုတ်လို့ ရတယ်” ဟု ဦးဝင်းမောင် ကပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းရှိ အငှားအိမ်တလုံးပေါ် ကို မြေပြို၊ ကျောက်တောင်ပြိုကျသဖြင့် အိမ်အတွင်းရှိ အမျိုးသားတဉီး ကျောက်တုံးပိမိကာ အဆိုပါအမျိုးသား သေဆုံးသွားရခြင်းဖြစ်ကြောင်း ဦးဝင်းမောင်က ပြောသည်။

အဆိုပါကျောက်ပြိုကျမှုကြောင့် သေဆုံးသွားသည့် အမျိုးသားတွင် ဇနီးဖြစ်သူနှင့် လသားအရွယ် ကလေး တဦး ကျန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ က တောင်ကြီးမြို့ နှင့် အေးသာယာမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေညောင်မြို့ တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်းလည်း ရွှေညောင်ဒေသခံများ ပြောပြချက် အရသိရသည်။

တောင်ကြီး မိုးသည်းထန်ရွာသွန်းမှုကြောင့်ရေကြီးရေလျှံဖြစ်

“ကျနော်တို့က တောင်ကြီး နဲ့ အေးသာယာမှာ ရွာမှာကို စိုးရိမ်တာ။ တောင်ပေါ်မှာ ရွာရင် ကျနော်တို့ ရွှေညောင်က ရေကြီးပြီ။ကျနော်တို့ အိမ်လည်း ရေဝင်တယ်။ မနေ့ည ဆိုရင် မအိပ်ရဘူး ၁ နာရီ ၂ နာရီလောက်ကို ရေ အတက်အကျ ကြည့်နေရတယ်။ ရေဘယ်ချိန်ကြီးမလဲဆိုတာ တရပ်ကွက်လုံး လိုလိုပဲ ငုတ်တုတ်ထိုင်စောင့်နေရတယ်” ဟု ရွှေညောင် ဒေသခံ တဦးဖြစ်သည့် ကိုမိုး ကပြောသည်။

လက်ရှိ အချိန်ထိ ရွှေညောင်မြို့ ရပ်ကွက်တချို့တို့တွင် ရေကြီးရေလျှံမှု ဆက်လက်ရှိနေသေးသဖြင့် နေအိမ်အပြင်သို့ မထွက်နိုင်သေးကြောင်းလည်း ဒေသခံများ ပြောပြချက် အရ သိရသည်။

တောင်ကြီးမြို့ အနီးပတ်ဝန်းကျင်တွင် သဘာဝ ပျက်စီးမှုများ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းများပိတ်ကာ မိုးရွာတိုင်း ရေကြီးရေလျှံမှု ဖြစ်နေရကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သဘာဝတွေ ပျက်စီးလို့ လူနေအိမ်များလာတယ်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေ ရေမြောင်းထဲ အမှိုက်စွန့်ပစ်တာတွေ လည်းပါတယ်။ မြောင်းတွေ ပိတ်တာတွေလည်းပါတယ် ” ဟု ဒေါ်ချယ်ရီကျော် က သျှမ်းသံတော်ဆင့် ကပြောသည်။

ရေစုပ်ယူနိုင်စွမ်းရှိသည့် မြေသား နည်းပါးလာပြီး တည်ဆောက်မှုများကြောင့် အင်္ဂတေ များလာသဖြင့် ရေကြီးရေလျှံမှုဖြစ်ရကြောင်း၊ အထူးသဖြင့် အမှိုက်များ စနစ်တကျ မစွန့်ပစ်ပါက ချောင်းမြောင်းပိတ်ဆို့မှုဖြစ်ပွါးကာ ရေကြီးမှုကို နှစ်စဉ်ကြုံရမည် ဖြစ်ကြောင်း ဒေါ်ချယ်ရီကျော်က ဆိုသည်။

တောင်ကြီးမြို့ တွင် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုသည် တနှစ်ထက် တနှစ် ပိုမိုဆိုးရွားလာသည်ဖြစ်ရာ သက်ဆိုင်ရာ အာဏာပိုင်များ အမြန်ဆုံးဖြေရှင်းပေးရန်လည်း တောင်ကြီး ဒေသခံများက တောင်းဆိုကြသည်။

“ ကျနော်တို့ ဖြစ်ချင်တာကတော့ အရင် က ဒီလိုရေကြီးမှုတွေ မဖြစ်ခဲ့ဘူး။ ဒီ ၂နှစ် အတွင်း ဒီလို ရေကြီးမှုတွေဆက်တိုက်ဖြစ်လာတယ်။ နောက်လည်းဖြစ်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့လိုအပ်နေပြီ။ မဟုတ်ရင် မိုးရွာတိုင်းရေကြီးလာနိုင်တယ်” ဟု တောင်ကြီးဒေသခံတဦး ကပြောသည်။

တောင်ကြီး မိုးသည်းထန်ရွာသွန်းမှုကြောင့်ရေကြီးရေလျှံဖြစ်

ယမန်နှစ် စက်တင်ဘာလကလည်း တောင်ကြီးမြို့တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေမြောင်းတခုအတွင်း အသက် ၁၇ နှစ် အရွယ် အမျိုးသားတဦး ကျွံကျပြီး ရေစီးဖြင့် မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့သည် သန့်ရှင်းသာယာပြီး နိုင်ငံခြား ခရီးသွားဧည့်သည်၊ ပြည်တွင်းခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်မြို့တခုဖြစ်သည်။ ၂၀၁၉ ခုနှစ်ကလည်း အာဆီယံနိုင်ငံတွင် အသန့်ရှင်းဆုံး မြို့တော်ဆု ရရှိထားသည့် မြို့တမြို့ဖြစ်သည်။

အာဆီယံ အသန့်ရှင်းဆုံးမြို့တော်ဆု ရသော်လည်း လက်ရှိမှာ မိုးရွာသွန်းပါက ရေကြီး၊ ရေလျှံမှု ပြဿနာများကို ပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရသဖြင့် ဒေသခံများ စိတ်ကျေနပ်မှု မရှိကြပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...