Tuesday, January 27, 2026

မိုင်းရှူးမြို့နယ် SNLD ပါတီ မြို့နယ်ဥက္ကဌကွယ်လွန်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ စိုင်းစွမ်လိတ် အသက် ၄၈ နှစ်သည်အသည်းကင်ဆာရောဂါဖြင့် ဧပြီ ၂၂ ရက်နေ့တွင် ကွယ်လွန်သွားပြီး ဧပြီလ ၂၅ ရက်နေ့ မိုင်းရှူးမြို့ တွင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။


“ဧပြီလ ၂၅ ရက်နေ့မှာသဂြိုဟ်မှာဖြစ်ပါတယ်။ ကျမတို့ မိုင်းရှူးမြို့နယ်က SNLD ပါတီအတွက် ဆုံးရှုံးမှုကြီး တခုဖြစ်ပါတယ်။ ကျမတို့ဥက္ကဌက အဘက်ဘက်မှာ တက်ကြွစွာပါ၀င်ကူညီတယ်။ လှုပ်ရှားတယ်။ ပါတီဝင်တွေ အပေါ် ဂရုစိုက်တယ်။ သူက လူချစ်လူခင်များတယ်။ အကြွေစောတဲ့အတွက် ကျမကိုယ်တိုင်ရော ပါတီဝင်တွေအားလုံးကပါ ၀မ်းနည်းကြေကွဲရပါတယ်။ နှမြောမိပါတယ်။” – ဟု မိုင်းရှူးမြို့နယ် SNLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နန်းကောင်ခမ်းကပြောသည်။

မိုင်းရှူးမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ စိုင်းစွမ်လိတ် အသက် ၄၈

စိုင်းစွမ်လိတ်သည် မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ အလုပ်အမှုဆောင်ဖွဲ့စည်းတည်ထောင်စဉ်ကတည်းက မြို့နယ်ဥက္ကဌအဖြစ်ပါ၀င်ဆောင်ရွက်လာခဲ့သည်။

ထိုမတိုင်ခင်ကလည်း မြို့နယ်စာပေယဉ်ကျေးမှုအဖွဲ့အတွင်းပါ၀င်လှုပ်ရှားသကဲ့သို့ ရပ်ရေးရွာရေး လူမှုအသင်းအဖွဲ့များတွင်လည်း အစဉ်ပါ၀င်လှုပ်ရှားလာခဲ့သည်။

စိုင်းစွမ်လိတ်သည် မိုင်းရှူးမြို့ ရပ်ကွက် ၂ ရှိ (လုံးဆိုင်မိန်း ) နှင့်ပါနန်းယုံ တို့၏သားဖြစ်သည်။ မိုင်းရှူးမြို့ရပ်ကွက် ၂ ရပ်မိရဖ စဝ်လုံးခွန်မန် ၏ သားမက်ဖြစ်ပါသည်။ လက်ရှိတွင် ဇနီး နန်းခေးဇမ် နှင့် အသက် ၁၆ နှစ်အရွယ် သားစိုင်းနော်ခေးလီ တို့ကျန်ရစ်ပါသည်။

မိုင်းရှူးမြို့ SNLD ပါတီ မြို့နယ်ဥက္ကဌ သစ်ပြန်လည်ရွေးချယ်ရန်အချိန်ပေးရမည်ဖြစ်ကြောင်းလည်း နန်းကောင်ခမ်းကပြောသည်။


စိုင်းစွမ်လိတ်ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲကြောင်းလည်း SNLD ပါတီဗဟိုရုံးချုပ်မှ ဥက္ကဌကြီးခွန်ထွန်းဦးကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဟိုင်းပါရေတံခွန်အနီး စေတီ တည်ဆောက်မှုပြောဆိုမှုနေသည့်အပေါ် ဒေသခံများဘာပြောဆိုလဲ

0
အရှေ့တောင် အာရှမှာ အလှဆုံးရေတံခွန် အဖြစ် တင်စားထားသည့် သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာရှိ ဟိုင်းပါရေတံခွန်အနီးတွင် စေတီ တစ်ဆူ တည်ဆောက်နေသည့် သတင်းသည် လူမှုကွန်ရက်စာမျက်နှာမှာ အငြင်းပွားမှုတွေ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စေတီတည်ဖို့ရန်အတွက် မြေနေရာကို ဟိုင်းပါဒေသခံများက မိုင်းရှူးမြို့ သံဃာတော်များ ထံသို့ မြေဧက...

သျှမ်းလူထုရင်ထဲမှာအမြဲရှင်သန်နေတဲ့ “ စဝ်ဆုစန္ဒီ” နတ်ရွာစံ

0
သျှမ်းပြည် သီပေါ စော်ဘွား စဝ်ကြာဆိုင် ရဲ့ မဟာဒေဝီ စဝ်ဆုစန္ဒီ (ခေါ်) အင်ဂါဆာဂျင့် (Inge Sargent) ဟာ ဒီကနေ့ ( ဖေဖော်ဝါရီ ၆) ရက် မနက်ပိုင်းမှာ အမေရိကန်နိုင်ငံရှိ နေအိမ်မှာ နတ်ရွာစံကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၉၁ နှစ်အရွယ်ရှိ မဟာဒေဝီ...

ပြည်သူကို ငဲ့ညှာသည့်အနေဖြင့် SSPP မှ စစ်ကောင်စီကို ဆွေးနွေးရန် နေပြည်တော်ရောက်ရှိ

0
အာဏာသိမ်း စစ်ကောင်စီ နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲရှောင်သည့်အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး တိုက်ပွဲကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဥ်ကို ရှောင်ရှားပြီး...

စစ်ကောင်စီတိုင်းမှူးများ မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး စစ်ရေးတင်းမာမှုဖြေလျှော့

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရူးမြို့နယ်အတွင်း စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီတိုင်းမှူးများသည် လက်ရှိတွင် မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုကို ဖြေလျှော့နေကြောင်း သတင်းသိရသည်။ အဆိုပါ စစ်ကောင်စီ တိုင်းမှူးများသည် ဇူလိုင် ၂၅ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်...